Friday, February 28, 2014

ကော်မရှင် အမေးဖြေဆိုဖို့ ရင်လတ် ကိုယ်စားလှယ် စေလွှတ်



ထိုင်းနိုင်ငံ ​၀န်ကြီးချုပ် ​ရင်လတ် ​ရှင်နာဝပ်က ​သူမကို ​လာဒ်စားမှုနဲ့ ​တရားစွဲဆိုထားတဲ့ ​ကိစ္စတွေ ​ဖြေကြား ပေးဖို့အတွက် ​သူမရဲ့ရှေ့နေကို ​လာဒ်ပေးလာဒ်ယူမှုတိုက်ဖျက်ရေးကော်မရှင်ဆီ ​ပို့ဆောင်လိုက်ပြီလို့ ​သိရပါတယ်။

ဝန်ကြီးချုပ် ​ရင်လတ် ​ရှင်နာဝပ်ကိုထောက်ခံတဲ့လူပေါင်း ​သုံးရာလောက်ဟာ ​လာဒ်ပေးလာဒ်ယူမှု ​တိုက်ဖျက်ရေး ​ကော်မရှင်ရုံးကို ​၀ိုင်းရံပြီး ​ပိတ်ဆို့ထားတယ်လို့ ​သိရပါတယ်။

အခုလိုမျိုး ​လာဒ်ပေးလာဒ်ယူမှု ​တိုက်ဖျက်ရေးကော်မရှင်က ​သူမကို ​ရာထူးကနေ ​ဖယ်ရှားဖြစ်ဖို့အတွက် ​ကြိုးစားနေတဲ့အချိန်မှာပဲ ​၀န်ကြီးချုပ် ​ရင်လတ်ရှင်နာဝပ်ကတော့ ​သူမကို ​နိုင်ငံရေးအရ ​ထောက်ခံမှု အများဆုံးပေးတဲ့ ​ထိုင်းနိုင်ငံ ​မြောက်ပိုင်းကို ​ခရီးထွက်ခွာသွားပြီ ​ဖြစ်ပါတယ်။

ရင်လတ်ရှင်နာဝပ်ဟာ ​သူမကိုယ်တိုင် ​သွားရောက်ထွက်ချက်ပေးရမယ့်အစား ​အခုလို ​သူမကိုယ်စား ​ရှေ့နေကိုပဲ ​လွတ်လိုက်တဲ့အပေါ်မှာ ​ဝေဖန်မှုတွေ ​အတော်လေးခံနေရပါတယ်။

ဒါပေမယ့် ​ကော်မရှင်ကနေ ​သူမကိုယ် ​အပြစ်ရှိတယ်လို့ ​တွေ့ရှိခဲ့ရင်တော့ ​သူမအနေနဲ့ ​ရာထူးကနေ ​ဖယ်ရှားခံရမှာဖြစ်သလို ​နိုင်ငံရေးလုပ်ကိုင်ခွင့် ​၅ ​နှစ်အထိ ​ပိတ်ပင်ခံရမှာဖြစ်ပါတယ်။

အခုအစိုးရအဖွဲ့ကို ​ထောက်ခံတဲ့ ​ရှပ်နီအဖွဲ့တွေကလည်း ​၀န်ကြီးချုပ် ​ရင်လတ် ​ရှင်နာဝပ် ​ရာထူးကနေ ​ဖယ်ရှားမခံရအောင် ​စုရုံးမှုတွေ ​စတင်လုပ်ဆောင်လာပြီး ​မြို့တော် ​ဘန်ကောက်မြို့ရဲ့ ​လုံခြုံရေးကိုလည်း ​စိုးရိမ်ဖွယ်အခြေအနေဖြစ်အောင် ​ဖော်ဆောင်နေကြပါတယ်။

လက်ရှိ ​ထိုင်းနိုင်ငံရဲ့ ​နိုင်ငံရေး ​ပြဿနာကို ​ကူညီဖြေရှင်းပေးဖို့အတွက် ​ထိုင်းအစိုးရက ​ကုလသမဂ္ဂကို ​တောင်းဆိုထားတယ်လို့လည်း ​သိရပါတယ်။

ABC

No comments:

Post a Comment

My Blog List