မြောက်ကိုးရီးယားဟာ နိုင်ငံအရှေ့ဘက် ကမ်းခြေမှာရှိတဲ့ ဂျပန်ပင်လယ်ပြင်ထဲကို တာတိုဒုံးကျည် ၄ လုံး မနေ့က ပစ်လွှတ်စမ်းသပ်ခဲ့ပါတယ်။
ဒီပစ်လွှတ်မှုဟာ ကိုးရီးယားနယ်စပ်မြောက်ပိုင်းမှာရှိတဲ့ စစ်ရေးကန့်သတ်ချက်နယ်မြေ အတွင်းက ပစ်လွှတ်တာ ဖြစ်တယ်လို့ တောင်ကိုးရီးယား စစ်ဖက်က ဆိုပါတယ်။
ဘယ်လို ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ခဲ့သလဲဆိုတာတွေကိုတော့ တရားဝင် ထုတ်ပြန်ချက် မရှိသေးပါဘူး။
ဒါပေမယ့် နှစ်စဉ် ပူးပေါင်းလုပ်ဆောင်တဲ့ အမေရိကန်နဲ့ တောင်ကိုးရီးယား ၂ နိုင်ငံ စစ်ရေးလေ့ကျင့်မှု မစတင်မှီ အချိန်မှာ အခုလို စမ်းသပ်မှုတွေ လုပ်ဆောင်ခဲ့တာဖြစ်ပြီး မြောက်ကိုးရီးယားနိုင်ငံက သူတို့ကို ကျူးကျော်ဖို့ အခုလို စစ်ရေးလေ့ကျင့်နေတာဖြစ်ကြောင်း အမြဲတစေ စွပ်စွဲနေတာလည်း ဖြစ်ပါတယ်။
ABC
No comments:
Post a Comment