Friday, February 28, 2014

သတင်းစာတွေ အရှုံးပေါ်နေချိန် Sky Net နဲ့ ရန်ကုန်တိုင်းမ်ပေါင်းပြီး ၁ဝဝ တန် သတင်းစာ ထုတ်

မြန်မာနိုင်ငံမှာ ပုဂ္ဂလိကသတင်းစာတွေခွင့်ပြုခဲ့တာ ၁၁လပြည့်ခဲ့ပေမယ့် အားလုံးနီးပါး အရှုံးခံ ထုတ်ဝေနေရချိန်မှာ နောက်ထပ်သတင်းစာတစ်စောင် ဘာ့ကြောင့် ထွက်ပေါ်လာ တာလဲ။ Democracy Today လို့နာမည်ပေးထားတဲ့ သတင်းစာသစ်တစ်စောင်က တစ်စောင် ၁ဝဝနဲ့ ဈေးလျှော့ပေး ရပ်တည် မယ်လို့ ကြွေးကြော်လိုက်ပါပြီ။

Sky Net ရုပ်သံထုတ်လုပ်ရေးလုပ်ကိုင်တဲ့ ရွှေသံလွင်မီဒီယာက ရန်ကုန်တိုင်းမ်သတင်းစာ နဲ့ပူးပေါင်းပြီး ထူထောင်လိုက်တဲ့ Myanmar News Network – MNN ကနေ မတ်လ ၁ရက်နေ့မှာ စတင် ထုတ်ဝေ မှာဖြစ်ပြီး မိတ်ဆက်အခမ်းအနားကို ဖေဖော်ဝါရီ ၂၇ရက်နေ့က မြရိပ်ညိုဟိုတယ်မှာ ကျင်းပခဲ့ ပါတယ်။

ပုဂ္ဂလိကပုံနှိပ်သတင်းစာတွေ ရောင်းအားထိုးကျရတာဟာ အွန်လိုင်းမီဒီယာတွေကြောင့်ဖြစ်သလို ဖြန့်ချိရေး ကွန်ရက် အားနည်းမှုကြောင့်ဖြစ်တယ်လို့ အမှုဆောင်အရာရှိ ဦးကိုကို(စက်မှုတက္ကသိုလ်)က ဆိုပါတယ်။ ဒါပေမယ့် သူ့သတင်းစာသစ်ဟာ ၂ဝ၁၅ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်တာဆိုတာကိုတော့ ငြင်းခဲ့ပါတယ်။

သတင်းစာသစ် မိတ်ဆက်တဲ့အခမ်းအနားကို NLD ပါတီနာယက သူရဦးတင်ဦး၊ သမ္မတအကြံပေး ဒေါက်တာဦးမြင့်တို့အပြင် အာဏာရှင်ဟောင်း ဦးနေဝင်းရဲ့မြေးတွေလည်း တက်ရောက်ခဲ့ပါတယ်။

စာမျက်နှာ ၃၂မျက်နှာရှိမယ့် Democracy Today သတင်းစာကို ဖြန့်ချိရေး ဈေးနှုန်းက ကျပ် ၅ဝဖြစ်ပြီး ရောင်းဈေးကိုတော့ ကျပ် ၁ဝဝသတ်မှတ်ရောင်းချသွားမယ်လို့ ဆိုပါတယ်။

Kamayut Media 

No comments:

Post a Comment

My Blog List