Wednesday, February 26, 2014

"ကမ္ဘာ့အမျိုးသမီးကင်းထောက်တွဲဖက်အဖွဲ့ဝင် နိုင်ငံအဖြစ်မြန်မာအား လက်ခံရေးဆုံးဖြတ်တော့မည် "



မြန်မာကင်းထောက်အဖွဲ့ကို ကမ္ဘာ့အမျိုးသမီးကင်းထောက်အဖွဲ့က တွဲဖက်အဖွဲ့ဝင်နိုင်ငံအဖြစ် လက်ခံမခံအား လာမည့်ထိပ်သီးညီလာခံတွင် အဖွဲ့ဝင်နိုင်ငံကြီးများက ဝိုင်းဝန်းဆုံး ဖြတ်ကြမည်ဟု သိရသည်။ ယခုနှစ် ဇူလိုင်လတွင် ဟောင်ကောင်၌ ကျင်းပမည့် ကမ္ဘာ့အဆင့်ရှိကင်းထောက် ညီလာခံ၌ ထိုသို့ ဆုံး ဖြတ်မည့်အကြောင်းအား အဆိုပြုလွှာတင် ထားသော မြန်မာကင်းထောက် အဖွဲ့ထံသို့ ယခုလအတွင်း အသိပေးလာသည်ဟု ကင်းထောက်ဟောင်းကြီးတစ်ဦးက ဆိုသည်။

''ကိုယ်တွေကလည်း သူတို့နဲ့ အဆက်ပြတ်ခဲ့တာ နှစ် ၅ဝ ရှိပြီဆိုတော့ ဒီလိုပဲတစ်ဆင့်ချင်းသွားကြ ရမှာပေါ့''ဟု ၎င်းက ဆိုသည်။ ၁၉၆၄ မတ်လပိုင်းကစ၍ ကမ္ဘာ့ ကင်းထောက်အဖွဲ့၊ ကမ္ဘာ့အမျိုးသမီး ကင်းထောက်အဖွဲ့ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ အမျိုးသမီးကင်းထောက်အဖွဲ့များနှင့် အဆက်ပြတ် တောက်ခဲ့ပြီး ၂ဝ၁၂-၂ဝ၁၃ပညာသင်နှစ်တွင် ၆တန်း အဆင့်ကျောင်းသား၊ ကျောင်းသူ၂ဝဝဝ နှင့် ကင်းထောက်အဖွဲ့ စဖွဲ့ကာ ချိတ်ဆက်ပြီး နောက်ပြန် လည်အသိအမှတ် ပြုမပြု ဆွေးနွေးခြင်းလည်း ဖြစ်သည်ဟု ၎င်းထံမှ သိရသည်။

''အဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်သွားတော့ ပိုကောင်းတာပေါ့ဗျာ။ ဒီထဲမှာပဲ နေနေလို့မှမရတာ''ဟု ကင်းထောက် ဟောင်းကြီး ဦးတင်ညိုက ဖြည့်စွက်ဆိုသည်။ လက်ရှိတွင် ကင်းထောက်လူငယ် ၇ဝဝဝ နီးပါးရှိပြီး ထိုထဲတွင် အမျိုးသမီး ငယ်တို့က ၄ဝဝဝ ရှိနေကြောင်း သိရသည်။တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ အခြေခံ ပညာ ၇၈ကျောင်းတို့တွင် ယင်းကင်းထောက်များက ရှိနေကြသည်ဟု ပညာရေးဝန်ကြီးဌာနမှ ထပ်မံ သိရသည်။

Popular Myanmar News Journal

No comments:

Post a Comment

My Blog List