Thursday, February 27, 2014

မြန်မာနိုင်ငံရှိ အမျိုးသမီးထု၏ ၄ ပုံ ၁ ပုံသာ မျိုးဆက်ပွားနိုင်သည့် အသက်အရွယ်တွင်ရှိ




မြန်မာ နိုင်ငံ ရှိ စုစုပေါင်း လူဦးရေ ၏ (၅၀) ရာခိုင်နှုန်း ၀န်းကျင် သည် အမျိုး သမီး များ ဖြစ်ပြီး၊ လေးပုံ တစ် ပုံ သည် မျိုးဆက်ပွား နိုင်သော အသက် အရွယ် တွင်ရှိ နေ ကြောင်း နိုင်ငံတော် သမ္မတ ရုံး ၀န်ကြီး ဌာန (၂) မှ ပြည် ထောင်စု ၀န်ကြီး ဦးစိုးမောင် က ပြော သည်။
လူမှုဝန်ထမ်းဦးစီးဌာန အနေနဲ့ လူမှု ရေးအရ ကာကွယ် စောင့်ရှောက်ဖို့ လိုအပ်တဲ့ အမျိုးသမီး၊ ကလေး၊ သူငယ်၊ မသန်စွမ်း သူများနဲ့ သက်ကြီး ရွယ်အို များတွက် တိုင်း ဒေသကြီး/ ပြည်နယ် တွေမှာ လူမှု ၀န်ထမ်း ရုံးတွေ ဖွင့် လှစ်ပြီးတော့ ကာကွယ်စောင့် ရှောက်ပေးလျက် ရှိပြီးတော့ ညွှန်ကြားရေး မှူး တွေ ဦးဆောင်တဲ့ အမျိုးသမီး များ ဖွံ့ ဖြိုး တိုးတက်ရေးနှင့် ကျား/မ တန်းတူ ညီမျှရေး ဌာနခွဲ တစ်ခု သီးခြားတိုးချဲ့ ဖွင့်လှစ်သွားဖို့ တင်ပြ ဆောင်ရွက်လျက်ရှိပါတယ်”” ဟု ၎င်း က ဆက်ပြောသည်။

အစိုးရဌာန အဖွဲ့ အစည်း တစ်ရပ်လုံး တွင် အမျိုးသမီးများ ပါဝင်မှု အချိုးအစား အနေဖြင့် ၂၀၀၈-၂၀၀၉ ဘဏ္ဍာရေး နှစ်တွင် အမျိုးသမီး များ၏ ပါဝင်မှု နှုန်း သည် (၅၁ ဒသမ ၄၂) ရာခိုင်နှုန်း၊ ၂၀၀၉-၂၀၁၀ ဘဏ္ဍာ ရေး နှစ် တွင် (၅၁ ဒသမ ၆၅) ရာခိုင်နှုန်း၊ ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေး နှစ် တွင် (၅၂ ဒသမ ၃၉) ရာခိုင်နှုန်းထိ မြင့် တတ် လာခဲ့ကြောင်း သမ္မတ ရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စု ၀န်ကြီး ဦစိုးမောင်က ပြောကြားခဲ့သည်။

ထို့ပြင် နိုင်ငံတော်၏ ကြီးလေးသော တာဝန်များတွင် မြန်မာ အမျိုး သမီး များ၏ ပါဝင်မှု အချိုးအစား မှာ လည်း ပြည်ထောင်စု အစိုးရ အဖွဲ့တွင် ပြည်ထောင်စု ၀န်ကြီး နှစ်ဦး နှင့် ဒုတိယ ၀န်ကြီးအဆင့် ခုနစ်ဦး ပါဝင် ထမ်း ဆောင်လျက် ရှိကြောင်း၊ ပြည်သူ့ လွှတ်တော်၊ အမျိုးသား လွှတ်တော်၊ တိုင်းဒေသကြီး လွှတ် တော်များတွင် အမျိုးသမီး (၅၃) ယောက် ရွေးချယ်ခံခဲ့ရကြောင်း၊ အဆိုပါ (၅၃) ယောက် မှာ ပြည်သူ့ လွှတ်တော် တွင် (၂၅)ဦး၊ အမျိုး သား လွှတ်တော်တွင် (၄)ဦး၊ တိုင်းဒေသကြီး လွှတ်တော် များတွင် (၂၄) ဦး၊ ပါဝင်တက် ရောက်လျက်ရှိ ကြောင်း သိရသည်။

မြန်မာ နိုင်ငံ သည် အမျိုးသမီးများ နည်း မျိုးစုံဖြင့် ခွဲခြား ဆက်ဆံမှု ပပျောက်ရေး ဆိုင် ရာ ကုလသမဂ္ဂ သ ဘော တူစာချုပ်ကို ၁၉၉၇ခုနှစ်၊ ဇူလိုင်လ (၂၂)ရက်နေ့တွင် သဘောတူလက် မှတ်ရေးထိုးခဲ့ပြီး၊ သဘောတူ စာချုပ် ပါ အမျိုး သမီးများ အခွင့် အရေးကို နိုင်ငံတော် အနေဖြင့် ၂၀၁၃-၂၀၂၂ ဆယ် နှစ် တာ ကာလအတွက် အမျိုးသမီးများ ဖွံ့ ဖြိုး တိုးတက်ရေး ဆိုင်ရာ အမျိုးသား အဆင့် မဟာဗျူဟာ စီမံကိန်းကို ရေးဆွဲပြီး ခဲ့ကြောင်း သိရ သည်။

No comments:

Post a Comment

My Blog List