Thursday, February 27, 2014

ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ် မြန်မာပြည်ကို လာရောက်မယ်




ဘင်္ဂလားဒေ့ရှ်နိုင်ငံ ​ဝန်ကြီးချုပ် ​Sheikh ​Hasina ​ဟာ ​မတ်လ ​၃ ​ရက်ကျရင် ​မြန်မာနိုင်ငံကို ​လာရောက်ဖို့ရှိပါတယ်။ ​မြန်မာနိုင်ငံမှာ ​ကျင်းပမယ့် ​ဘင်္ဂလားပင်လယ်အော် ​ဒေသဆိုင်ရာ ​Bimstec ​ညီလာခံကို ​တက်ရောက်ဖို့အတွက် ​လာရောက်မှာ ​ဖြစ်ပါတယ်။

အဲဒီညီလာခံဟာ ​နိုင်ငံ ​၇ ​နိုင်ငံနဲ့ ​သက်ဆိုင်တဲ့ ​စီးပွားရေးညီလာခံဖြစ်ပြီး ​အဲဒီဆွေးနွေးပွဲကို ​တက်ရောက် မယ့် ​နိုင်ငံတွေကတော့ ​မြန်မာ၊ ​ဘင်္ဂလားဒေ့ရှ်၊ ​အိန္ဒိယ၊ ​ဘူတန်၊ ​နီပေါ၊ ​သီရိလင်္ကာနဲ့ ​ထိုင်းနိုင်ငံတို့ ​ဖြစ်ပါတယ်။

အဲဒီညီလာခံကို ​မတ်လ ​၁ ​ရက်ကနေ ​လေးရက်အထိ ​ကျင်းပမယ်လို့ ​သိရပါတယ်။

မြန်မာနိုင်ငံမှာ ​ကျင်းပတဲ့ ​ညီလာခံဟာ ​တတိယအကြိမ်မြောက် ​ကျင်းပတဲ့ ​ညီလာခံဖြစ်ပြီး ​၂၀၀၄ ​ခုနှစ်တုန်းက ​ထိုင်းနိုင်ငံမှာ ​ပထမအကြိမ်၊ ​၂၀၀၈ ​ခုနှစ်တုန်းက ​နယူးဒေလီမြို့မှာ ​ဒုတိယအကြိမ်အဖြစ် ​ကျင်းပခဲ့ပါတယ်။

ဒီတစ်ကြိမ်မှာ ​ဆွေးနွေးကြမယ့် ​အကြောင်းအရာတွေကတော့ ​ကုန်သွယ်ရေး၊ ​ရင်းနှီးမြုပ်နှံရေး၊ ​ကူးသန်းသွားလာရေး၊ ​ဆက်သွယ်ရေး၊ ​စွမ်းအင်ဆိုင်ရာ ​အကြောင်းတွေအပြင် ​ဆင်းရဲမွဲတေမှု ​လျှော့ချရေးနဲ့ ​စက်မှုပိုင်းဆိုင်ရာတွေမှာလည်း ​ဆွေးနွေးကြမယ်လို့ ​ဘင်္ဂလားဒေ့ရှ်နိုင်ငံထုတ် ​The ​Daily ​Star ​သတင်းမှာ ​ဖော်ပြထားပါတယ်။

အဲဒါ့အပြင် ​နားလည်မှုစာချွန်လွှာတွေလည်း ​သဘောတူလက်မှတ်ရေးထိုးကြဖို့ ​ရှိတယ်လို့ ​ဖော်ပြထား ပါတယ်။

ABC

No comments:

Post a Comment

My Blog List