Friday, February 28, 2014

လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့က ယူကရိန်း နယ်စပ်ဒေသတချို့ကို သိမ်းပိုက်ထား




ယူကရိန်းနိုင်ငံ ​Crimea ​ဒေသမှာ ​လက်နက်ကိုင်အဖွဲ့တစ်ခု ​ဝင်ရောက်သိမ်းပိုက်မှုတွေ ​လုပ်ထားပြီး ​အဲဒီဒေသအတွင်းမှာရှိတဲ့ ​အစိုးရအဆောက်အဦးတွေမှာ ​ရုရှားအလံတွေကို ​လွှင့်တင်ထားလိုက်ပါတယ်။

Crimea ​ဒေသခံတွေ ​အများစုဟာ ​ရုရှားစကားကို ​ပြောဆိုကြပြီး ​ရုရှားနိုင်ငံကို ​ထောက်ခံသူများတဲ့ ​ဒေသ ဖြစ်ပါတယ်။

ယူကရိန်းနိုင်ငံ ​ယာယီအစိုးရကလည်း ​ရုရှားအနေနဲ့ ​Crimea ​ဒေသမှာ ​စစ်ရေးအရ ​ဝင်ရောက် စွက်ဖက်တာတွေ ​မလုပ်ဖို့ ​သတိပေးချက်တွေ ​လုပ်ဆောင်ခဲ့ပါတယ်။

Cremea ​ပါလီမန်ကလည်း ​ဒေသတွင်း ​ပိုမိုအုပ်ချုပ်ပိုင်ခွင့် ​ရရှိအောင် ​လုပ်ဆောင်သင့်မသင့် ​ဆန္ဒခံယူပွဲ ​ကျင်းပဖို့ ​စီစဉ်ထားပေမယ့် ​တချို့ကလည်း ​ရုရှားစစ်တပ်တွေ ​ဝင်ရောက်စွက်ဖက်တာကို ​ပိုမို ​လိုလားနေကြ
ပါတယ်။

ဗြိတိန်နိုင်ငံ ​ဝန်ကြီးချုပ် ​ဒေးဗစ် ​ကင်မရွန်ကတော့ ​ရုရှားအနေနဲ့ ​ယူကရိန်းနိုင်ငံ ​အုပ်ချုပ်ရေးကို ​ယူကရိန်းပြည်သူတွေကိုပဲ ​ပေးဖို့ ​ယူကရိန်းအရေးမှာ ​ရုရှားက ​ဝင်ရောက်စွက်ဖက်မှု ​မလုပ်ဘူးလို့ ​ကတိပေးထားတဲ့အတိုင်း ​ကတိတည်ဖို့လိုကြောင်း ​ပြောလိုက်ပါတယ်။

ယူကရိန်းနိုင်ငံမှာ ​ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ​သမ္မတဟောင်း ​Viktor ​Yanukovych ​ကတော့ ​ရုရှားနိုင်ငံမှာ ​ခိုလှုံနေပြီး ​ဒီကနေ့ ​သတင်းစာရှင်းလင်းပွဲလုပ်မှာ ​ဖြစ်သလို ​သူ့ကိုယ်သူလည်း ​ယူကရိန်းနိုင်ငံရဲ့ ​တရားဝင်ခေါင်းဆောင်အဖြစ် ​သတ်မှတ်ထားပြီး ​အခုတက်လာတဲ့ ​ယူကရိန်းယာယီ ​အစိုးရဟာ ​တရားမဝင်ဘူးလို့ ​ရုရှားရုပ်မြင်သံကြားတစ်ခုမှာ ​ပြောလိုက်ပါတယ်။

ယူကရိန်းနိုင်ငံ ​ယာယီအစိုးရကတော့ ​သမ္မတဟောင်းအပါအဝင် ​အရင်အစိုးရလက်ထက်က ​ကျန်ရှိတဲ့ ​အစိုးရအရာရှိဟောင်းတွေကို ​ဖယ်ရှားရမယ့်အကြောင်း ​အဲဒီပုဂ္ဂိုလ်တွေကြောင့် ​ယူကရိန်းနိုင်ငံက ​ပြည်သူပိုင်ငွေ ​ဒေါ်လာ ​ဘီလီယံပေါင်း ​၇၈ ​ဘီလီယံ ​အခိုးခံရသလို ​ဖြစ်နေပြီး ​ပြည်ပကို ​ရောက်ရှိကုန်ပြီလို့ ​ပြောပါတယ်။

ABC

No comments:

Post a Comment

My Blog List