Wednesday, February 26, 2014

မော်ဒယ် တင်မိုးလွင်ကို ကိုရီးယားသမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက ဂုဏ်ပြုလွှာ ချီးမြှင့်ခဲ့



နိုင်ငံကျော် မော်ဒယ် တင်မိုးလွင်ကို ကိုရီးယားသမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက နှစ်နိုင်ငံခြားသံတမန်ဆက်ဆံရေးဆိုင်ရာ လှုပ်ရှားမှုများ၌ အားကြိုးမာန်တက် ပါဝင်ကူညီပေးခဲ့မှုအတွက်အမှတ်တရ ဂုဏ်ပြုလွှာ ပေးအပ်ချီးမြှင့်ပွဲကို ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့ကမြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံသံရုံးတွင် ပြုလုပ်ခဲ့သည်။
Talents & Models အေဂျင်စီတည်ထောင်သူဖြစ်သည့် မော်ဒယ်တင်မိုးလွင်သည် ၂၀၁၃ ခုနှစ်၊အောက်တိုဘာလ၌လည်း ကိုရီးယားသမ္မတနိုင်ငံ ခရီးသွားဌာနက ပေးအပ်သည့် ဂုဏ်ထူးဆောင်ခရီးသွားသံတမန်ဘွဲ့ကို ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် သွားရောက်လက်ခံယူခဲ့သည်။

“ဆုရပါစေတော့ဆိုပြီးတော့ ရည်ရွယ်ခဲ့တာ မဟုတ်ဘဲ ကိုယ့်အလုပ်ထဲမှာ ပါနေတဲ့အလုပ်တစ်ခုကိုစေတနာပါပါနဲ့ လုပ်ပေးခဲ့တာပါ။ ဒါမှမဟုတ်ပါဘူး၊ ထိုင်းကုန်ပစ္စည်းပြပွဲတွေမှာလည်း အစ်မအနေနဲ့ပါဝင်ခဲ့တာပါပဲ။ ဒီလိုမျိုး ဆုပေးတယ်ဆိုတာကလည်း ကိုရီးယားနိုင်ငံအနေက သူတို့နဲ့ပတ်သက်တဲ့ခရီးသွားလာရေးတွေ၊ ယဉ်ကျေးမှုဆိုင်ရာ ဖျော်ဖြေရေးတွေနဲ့ ကမ္ဘာကို အမြဲတမ်းထိုးဖောက်နေတာဖြစ်တော့ သူတို့ရဲ့ သံရုံးရှိတဲ့နိုင်ငံတိုင်းမှာ သူတို့ရဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်လုပ်ဆောင်ပေးတဲ့သူတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ ချီးမြင့်တဲ့သဘောပါပဲ”ဟု မော်ဒယ် တင်မိုးလွင်က ဆိုသည်။

Myanmar Times 

No comments:

Post a Comment

My Blog List