Friday, February 28, 2014

MSF အဖွဲ့ ရခိုင်ကနေ ထွက်ခွာဖို့ ပြည်ထဲရေးညွှန်ကြား




ရခိုင်ပြည်နယ်မှာ ​အခြေစိုက်တဲ့ ​နယ်စည်းမခြားဆရာဝန်များ ​MSF ​အဖွဲ့ကို ​ရခိုင်ပြည်နယ်မှာ ​လူမှုရေး ​လုပ်ငန်းတွေ ​လုပ်ကိုင်ခွင့် ​မပေးတော့ဖို့ ​ပြည်ထဲရေးဝန်ကြီးဌာနက ​ညွှန်ကြားလာတယ်လို့ ​သိရပါတယ်။

နယ်စည်းမခြားဆရာဝန်များအဖွဲ့ ​MSF ​- ​MEDECINA ​SANS ​FOONTERES ​HOLLAND ​ကို ​ဆက်လက်အလုပ်လုပ်ခွင့်မပေးဖို့ ​ကိစ္စနဲ့ ​ပတ်သက်ပြီး ​ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကနေတဆင့် ​သက်ဆိုင်ရာ ​အဆင့်ဆင့်ကို ​အကြောင်းကြားသွားဖို့ ​ရှိတယ်လို့ ​ရခိုင်ပြည်နယ် ​ဥပဒေချုပ် ​ဦးလှသိန်းက ​ဖေဖော်ဝါရီ ​၂၅ရက်နေ့မှာ ​ပြောခဲ့ပါတယ်။

မောင်တောမြို့နယ် ​ဒုချီးရားတန်းကျေးရွာ ​ပဋိပက္ခနဲ့ပတ်သက်ပြီး ​MSF ​အဖွဲ့က ​ရခိုင်ပြည်နယ် ​ကျန်းမာရေးဦးစီးဌာနဆီကို ​ပေးပို့ခဲ့တဲ့စာထဲမှာ ​ပဋိပက္ခတွေ ​ဖြစ်အောင် ​လှုံ့ဆော်ဖန်တီးနိုင်တဲ့ ​အချက်အလက်တွေ ​ပါဝင်သလို ​ပဋိပက္ခနဲ့ ​ပတ်သက်ပြီး ​ပြည်ပသတင်းဌာနကို ​သတင်းမှားတွေ ​ပေးတဲ့အတွက် ​MSF ​အဖွဲ့ကို ​INGO ​အဖြစ် ​မှတ်ပုံတင်ခွင့်ပြုထားတာကို ​ပယ်ဖျက်လိုက်ကြောင်း ​ပြည်ထဲရေးဝန်ကြီးဋ္ဌာနရဲ့ ​ညွှန်ကြားချက်ထဲမှာ ​ပါရှိတယ်လို့ ​ဦးလှသိန်းကပြောပါတယ်။

ဒါပေမယ့် ​MSF ​အဖွဲ့ကတော့ ​သတင်းမှားတွေ ​မပေးခဲ့ရဘူးလို့ ​ပြန်လည် ​တုန့်ပြန်ထားပါတယ်။

MSF ​အဖွဲ့ဟာ ​ကျန်းမာရေးဦးစီးဌာနနဲ့ ​နားလည်မှုစာချွန်လွှာ ​MOU ​ချုပ်ဆိုထားခဲ့တာဖြစ်ပြီး ​စာချုပ်သက်တမ်းအရ ​၂၀၁၆ ​ခုနှစ် ​စက်တင်ဘာလ ​၁၅ရက်နေ့အထိ ​ကျန်းမာရေးစောင့်ရှောက်ခွင့် ​ရရှိထားတာဖြစ်ပါတယ်။

ဒေသခံတွေက ​MSF ​ကို ​ရခိုင်ပြည်နယ်ထဲကနေ ​ထွက်ခွာသွားဖို့ ​ဆန္ဒပြ ​တောင်းဆိုနေကြတဲ့ ​အချိန်မှာပဲ ​အခုလို ​ပြည်ထဲရေးဝန်ကြီးဌာနက ​ညွှန်ကြားချက် ​ပေးလာတာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ ​သက်ဆိုင်ရာဌာနတွေနဲ့ ​နားလည်မှု ​စာချွန်လွှာ ​MOU ​လက်မှတ်ရေး ​ထိုးထားပြီး ​ဆောင်ရွက်နေတဲ့ ​NGOနဲ့ ​INGO ​အဖွဲ့အစည်း ​၃၀လောက် ​ရှိတဲ့အကြောင်း ​မြစ်မခ ​သတင်းရ ​သိရပါတယ်။

ABC

No comments:

Post a Comment

My Blog List