Monday, September 16, 2013

ချုံတောအတွင်း၌ မူးယစ်ဆေးသုံးသူများအား ဖမ်းဆီး

Monday, September 16, 2013
စက်တင်ဘာ ၁၃ ရက် နံနက် ၁၁ နာရီခွဲခန့်က ဗန်းမော်ခရိုင်(မှုခင်း) အထူးနှိမ်နင်းရေးအဖွဲ့မှ ဒုရဲအုပ်အောင်အောင်နှင့်အဖွဲ့ဗန်းမော်မြို့မရဲစခန်းမှနယ်ထိန်းတပ်ကြပ်ကြီးမြင့်နိုင်တို့သည်သက်သေများနှင့် အတူ ဗန်းမော်မြို့နယ် မံရွတ်ကျေးရွာတောင်ဘက် လေးဖာလုံခန့်အကွာ ချုံတောအတွင်းတွင် တွေ့ရသူ လှညွန့်(ခ)ကိုပို (၃ဝ နှစ်)၊ တူးမိုင် (ခ) သင်းဆွေ (၁၈နှစ်)၊ နေလင်းထွတ်(ခ)သားငယ် (၂ဝနှစ်)၊ အဒူးဘိုင် (ခ)အဒူးကလင်း (၃၆ နှစ်)၊ မျိုးမင်း(ခ)သားငယ် (၂၄ နှစ်)တို့အားစစ်ဆေးရှာဖွေရာ လှညွန့် (ခ) ကိုပု (၃ဝနှစ်) ဝတ်ဆင်ထားသည့် အတွင်းခံဘောင်းဘီအတွင်း၌ ဘိန်းဖြူဟုယူဆရသော ဖြူဝါကျားမှုန့် ဝ ဒသမ ၃ ဂရမ်နှင့် ဝဒသမ ၄ ဂရမ်ပါ ပင်နီဆီလင်ပုလင်းနှစ်ပုလင်းနှင့် မူးယစ်ဆေးဝါးရောင်းချရငွေဟုယူဆရသော ငွေစက္ကူရောရာ ၄၈ဝဝဝ ကျပ်ကိုလည်းကောင်း ၊ တူးမိုင်(ခ)သင်းဆွေ(၁၈နှစ်) ဝတ်ဆင်ထားသည့် ဂျင်းဘောင်းဘီ ဘယ်ဘက်အိတ်ကပ်အတွင်း၌ ပင်နီဆီလင်အလွတ်သုံးပုလင်းနှင့် ငွေစက္ကူရောရာ ၁၃၅ ဝဝဝ တွေ့ရှိသိမ်းဆည်းခဲ့သည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ ဗန်းမော်ရဲစခန်းက မူးယစ်ဆေးဝါးနှင့်စိတ် ကို ပြောင်းလဲစေသောဥပဒေပုဒ်မဖြင့် ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း

No comments:

Post a Comment

My Blog List