Tuesday, September 17, 2013

မြန်မာအသင်း သုံးပွဲဆက်အနိုင်ဖြင့် အကြို ဗိုလ်လုပွဲတက်

Tuesday, September 17, 2013

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပနေသည့် အာဆီယံ အမျိုးသမီး ချန်ပီယံရှစ် ဘောလုံး ပြိုင်ပွဲ အုပ်စု (ခ) ပွဲစဉ်များကို ယနေ့ ညနေပိုင်းတွင် သုဝဏ္ဏကွင်း၌ ဆက်လက် ကျင်းပခဲ့သည်။ပထမ ပွဲစဉ်တွင် မြန်မာ အသင်းနှင့် အင်ဒိုနီးရှား အသင်းတို့ ယှဉ်ပြိုင် ကစားကြရာ မြန်မာ အသင်းက ၄ဂိုး- ဂိုးမရှိဖြင့် အနိုင်ရ ခဲ့သည်။

အိမ်ရှင် မြန်မာအသင်းမှာ သုံးပွဲဆက် အနိုင်ရလဒ် နှင့်အတူ အကြိုဗိုလ်လုပွဲသို့ တက်ရောက် သွားပြီဖြစ်သည်။ မြန်မာ အသင်းမှာ အင်ဒိုနီးရှား အသင်းကို ခြေအသာဖြင့် တောက်လျှောက် ဖိကစား နိုင်ခဲ့သော်လည်း အင်ဒိုနီးရှား အသင်းက ခံစစ်တွင် စုပြုံပိတ် ကစားခဲ့၍ ရဂိုး နည်းသွားခြင်း ဖြစ်သည်။ ၁၄မိနစ်တွင် ခင်သန်းဝေက မြန်မာအသင်း အတွက် ဂိုးစတင် သွင်းယူခဲ့ပြီး ၁၉ မိနစ်တွင် စန်းစန်းမော်၊ ၂၂မိနစ်တွင် မာဂရက်မေရီ တို့က အနိုင်ဂိုးများ ထပ်မံ သွင်းယူ ပေးခဲ့သည်။ ဒုတိယ ပိုင်းတွင်လည်း မြန်မာအသင်း ကပင် ဖိကစားသွားပြီး စတုတ္ထဂိုးကို ၇၇ မိနစ်တွင် ရီရီဦးက သွင်းယူ ပေးခဲ့သည်။

ဒုတိယ ပွဲစဉ်တွင် ဂျပန်- ၂၃ အသင်းနှင့် လာအို အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ဂျပန် အသင်းက ၄ဂိုး- ၁ဂိုးဖြင့် အနိုင်ရသွားသည်။

ယနေ့ပွဲ အပြီးတွင် အုပ်စု(ခ)၌ အိမ်ရှင် မြန်မာနှင့် ဂျပန်အသင်းတို့မှာ သုံးပွဲစလုံး နိုင်ပြီး ရမှတ် ကိုးမှတ်ဖြင့် အကြို ဗိုလ်လုပွဲသို့ တက်ရောက် သွားပြီဖြစ်သည်။ စက်တင်ဘာ ၁၇ ရက် (ယနေ့) ညနေ ၄နာရီတွင် ဗီယက်နမ် အသင်းနှင့် သြစတြေးလျ အသင်းတို့ ပွဲစဉ် ကို အောင်ဆန်း ကွင်းတွင် လည်းကောင်း၊ ထိုင်းအသင်းနှင့် မလေးရှား အသင်းတို့ ပွဲစဉ်ကို သုဝဏ္ဏ ကွင်းတွင် လည်းကောင်း ကျင်းပ သွားမည်ဖြစ်သည်။

မြ၀တီ

No comments:

Post a Comment

My Blog List