Monday, September 16, 2013

လူမှုရေး ဖောက်ပြန်မှုဖြင့် စွပ်စွဲခံရပြီးနောက် တောင်ကိုရီးယား ရှေ့နေချုပ် ရာထူးမှ နုတ်ထွက်

တောင်ကိုရီးယားနိုင်ငံ၏ အစိုးရ ရှေ့နေချုပ်ဖြစ်သူ ချေဒုန်ဝုခ်သည် ခင်ပွန်းရှိသော အမျိုးသမီးတစ်ဦးနှင့် လူမှုရေး ဖောက်ပြန်ခဲ့ပြီး ယင်းအမျိုးသမီးနှင့်Photo: လူမှုရေး ဖောက်ပြန်မှုဖြင့် စွပ်စွဲခံရပြီးနောက် တောင်ကိုရီးယား ရှေ့နေချုပ် ရာထူးမှ နုတ်ထွက်

တောင်ကိုရီးယားနိုင်ငံ၏ အစိုးရ ရှေ့နေချုပ်ဖြစ်သူ ချေဒုန်ဝုခ်သည် ခင်ပွန်းရှိသော အမျိုးသမီးတစ်ဦးနှင့် လူမှုရေး ဖောက်ပြန်ခဲ့ပြီး ယင်းအမျိုးသမီးနှင့်

ကလေးတစ်ဦး ရရှိခဲ့သည်ဟူသော စွပ်စွဲချက်များ ထွက်ပေါ်ပြီးနောက်တွင် ၎င်းတာဝန် ထမ်းဆောင်နေသည့် အစိုးရရှေ့နေချုပ် ရာထူးမှ စက်တင်ဘာ ၁၂ ရက်က နုတ်ထွက်သွားခဲ့သည်ဟု အင်တာနက် သတင်းတစ်ရပ်အရ သိရသည်။

ချေဒုန်ဝုခ်သည် တောင်ကိုရီးယားနိုင်ငံ၏ အစိုးရရှေ့နေချုပ် တာဝန်ကို ထမ်းဆောင်ခဲ့သည်မှာ ငါးလခန့်သာ ရှိသေးသည်ဟု သိရသည်။ မိမိအနေဖြင့် ရှေ့နေ ချုပ်တစ်ဦး၏ ကြီးလေးသော တာဝန်ကြောင့်သာ ယခုကဲ့သို့ ရာထူးမှ နုတ်ထွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ရာထူးမှ နုတ်ထွက်ပြီးနောက်တွင် မိမိအနေဖြင့် များစွာ စိတ်သက်သာရာရကြောင်း၊ သို့ရာတွင် ယခင်သီတင်းပတ် အတွင်းက ထွက်ပေါ်လာသည့် စွပ်စွဲချက်များသည် မဟုတ်မှန်ကြောင်း၊ မိမိ အနေဖြင့် ယခုကဲ့သို့ မိမိကို အသရေဖျက်သည့် သတင်းစာကို တရားစွဲဆိုသွားမည် ဖြစ်ကြောင်း အစီရင်ခံစာ တစ်စောင်တွင် ၎င်းက ပြောကြားထား သည်။ ချေဒုန်ဝုခ်၏ ရာထူးမှ နုတ်ထွက်ခြင်းသည် ၎င်းနှင့်ပတ်သက်၍ ထွက်ပေါ်လာသည့် စွပ်စွဲချက်များကို စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် တရားရေးဝန်ကြီး ဟွမ်ကျိုအက တရားဝင် အမိန့် ထုတ်ပြန်ခဲ့ပြီး နောက်ပိုင်းတွင် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

မြ၀တီ ကလေးတစ်ဦး ရရှိခဲ့သည်ဟူသော စွပ်စွဲချက်များ ထွက်ပေါ်ပြီးနောက်တွင် ၎င်းတာဝန် ထမ်းဆောင်နေသည့် အစိုးရရှေ့နေချုပ် ရာထူးမှ စက်တင်ဘာ ၁၂ ရက်က နုတ်ထွက်သွားခဲ့သည်ဟု အင်တာနက် သတင်းတစ်ရပ်အရ သိရသည်။ ချေဒုန်ဝုခ်သည် တောင်ကိုရီးယားနိုင်ငံ၏ အစိုးရရှေ့နေချုပ် တာဝန်ကို ထမ်းဆောင်ခဲ့သည်မှာ ငါးလခန့်သာ ရှိသေးသည်ဟု သိရသည်။ မိမိအနေဖြင့် ရှေ့နေ ချုပ်တစ်ဦး၏ ကြီးလေးသော တာဝန်ကြောင့်သာ ယခုကဲ့သို့ ရာထူးမှ နုတ်ထွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ရာထူးမှ နုတ်ထွက်ပြီးနောက်တွင် မိမိအနေဖြင့် များစွာ စိတ်သက်သာရာရကြောင်း၊ သို့ရာတွင် ယခင်သီတင်းပတ် အတွင်းက ထွက်ပေါ်လာသည့် စွပ်စွဲချက်များသည် မဟုတ်မှန်ကြောင်း၊ မိမိ အနေဖြင့် ယခုကဲ့သို့ မိမိကို အသရေဖျက်သည့် သတင်းစာကို တရားစွဲဆိုသွားမည် ဖြစ်ကြောင်း အစီရင်ခံစာ တစ်စောင်တွင် ၎င်းက ပြောကြားထား သည်။ ချေဒုန်ဝုခ်၏ ရာထူးမှ နုတ်ထွက်ခြင်းသည် ၎င်းနှင့်ပတ်သက်၍ ထွက်ပေါ်လာသည့် စွပ်စွဲချက်များကို စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် တရားရေးဝန်ကြီး ဟွမ်ကျိုအက တရားဝင် အမိန့် ထုတ်ပြန်ခဲ့ပြီး နောက်ပိုင်းတွင် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။


မြ၀တီ

No comments:

Post a Comment

My Blog List