Friday, September 20, 2013

ရန်ကုန်တိုင်း ဥပဒေအရာရှိဟောင်းကို မကွေးတိုင်း ဥပဒေချုပ်ခန့်

Friday, September 20, 2013
နိုင်ငံတော်သမ္မတကပေးအပ်သည့်တာဝန်များကို ကျေပွန်စွာမထမ်းဆောင်နိုင်သောကြောင့် ထုတ်ပယ်ခဲ့ သည့် မကွေးတိုင်းဒေသကြီး၊ဥပဒေချုပ်ဦးမောင်မောင်ဖြူတင့်နေရာတွင် ရန်ကုန်တိုင်း ဥပဒေအရာရှိဟောင်း ဦးဇေယျကို အစားထိုးခန့်အပ်လိုက်ကြောင်း နိုင်ငံတော်သမ္မတရုံးက ယနေ့ ထုတ်ပြန်သည်။ အသစ်ခန့် အပ်ခံရသည့် မကွေးတိုင်းဒေသကြီး ဥပဒေချုပ် ဦးဇေယျသည် ယခင် တရားရုံးချုပ် ညွှန်ကြားရေးမှူး၊ ရန်ကုန်တိုင်း ဥပဒေအရာရှိအဖြစ် အဆင့်ဆင့် တာဝန်ထမ်းဆောင်ခဲ့ပြီး အစိုးရသစ် တာဝန်ယူချိန်တွင် အငြိမ်းစား ယူခဲ့ကြောင်း အစိုးရအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
သမ္မတဦးသိန်းစိန်၏အစိုးရသစ်တာဝန်ယူပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ စတင်ဖွဲ့စည်းစဉ် က မကွေးတိုင်းဒေသကြီး ဥပဒေချုပ်အဖြစ် ခန့်အပ်တာဝန်ပေးခဲ့သည့် ဦးမောင်မောင် ဖြူတင့်ကို တာဝန် ဝတ္တရားများကျေပွန်စွာမထမ်းဆောင်နိုင်သည့်အတွက် သြဂုတ်လ အတွင်းက တာဝန်မှ အနားပေးလိုက်ေ ကြာင်း ထုတ်ပြန်ကြေညာခဲ့သည်။
The Voice Weekly

No comments:

Post a Comment

My Blog List