Tuesday, September 17, 2013

စိတ်ကြွဆေးပြားများနှင့် လက်နက် ခဲယမ်းများ ဖမ်းဆီးရမိ

Tuesday, September 17, 2013
ကရင်ပြည်နယ်ရဲတပ်ဖွဲ့ အိန္ဒုနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် မူးယစ် ဆေးဝါးသတင်းအရ သက်သေများနှင့်အတူ စက်တင်ဘာ ၁၄ ရက်က ဘားအံ မြို့နယ် အိန္ဒုကျေးရွာနေ မနန်းဖော်ထွန့် (၃၀)နှစ်၏ နေအိမ်အား ဝင်ရောက် ရှာဖွေရာ မနန်းဖော်ထွန့်နှင့်အတူ ၎င်းအိမ်သို့ မူးယစ်ဆေး ဝါးရောင်းဝယ်ရန်ရောက်ရှိနေသူ ကော့ဝုန်းကျေးရွာနေ စောရင်အေး(ခ)အခလိန်း(၂၀)နှစ်ပါ နှစ်ဦးတို့အား တွေ့ရှိရပြီး နေအိမ်အတွင်းမှ ပန်းရောင်စိတ်ကြွဆေးပြား ၂၆၆ ပြား (အလေးချိန် ၂၆ ဒသမ ၆ဂရမ်) တန်ဖိုးငွေကျပ် ၉၃၁၀၀၀ နှင့် ဘုရားခန်း အတွင်း ချိတ်ဆွဲထားသည့် အနက်ရောင် လွယ်အိတ်အတွင်းမှ မူးယစ်ဆေးဝါး ရောင်းချရငွေကျပ် ၂၁၀၀၀၀ တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ သဖြင့် မနန်းဖော် ထွန့်ပါ သုံးဦးတို့အား အိန္ဒုနယ်မြေရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။မနန်းဖော်ထွန့်၏ နေအိမ်အတွင်း ထပ်မံရှာဖွေနေစဉ် ယင်းကျေးရွာနေ ဦးမုနိန်(၄၂)နှစ်သည် ၇ယ/---- နံပါတ် ပါ ဝေ့ဖ်ဆိုင်ကယ်ဖြင့် မူးယစ်ဆေးဝါး ဝယ်ယူရန် ရောက်ရှိလာသဖြင့် ၎င်းလွယ် ထား သည့် အပြာရောင်လွတ်အိတ်အတွင်း ရှာဖွေခဲ့ရာ ၉ မမကျည် ခြောက်တောင့်ထည့်ထားသည့် တရုတ်နိုင်ငံလုပ် ပစ္စတိုတစ်လက်နှင့် အနက်ရောင်အိတ်ငယ်အတွင်းမှ ပွိုင့် ၂၂ ကျည် လေးတောင့် တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ဦးမုနိန်အား လက်နက်ဥပဒေဖြင့် အမှုဖွင့်အရေးယူထား သည်။

အလားတူ ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မူးယစ်ဆေးဝါးသတင်းအရ သက်သေများနှင့်အတူ ကျုံဒိုးမြို့ အမှတ်(၂)ရပ်ကွက်နေ လေးလူ(ခ) ဉာဏ်ထွန်း(၄၀)နှစ်၏ နေအိမ်အား စက်တင်ဘာ ၁၄ ရက်က ဝင်ရောက်ရှာဖွေခဲ့ရာ စိတ်ကြွေ ဆးပြား ၁၇၇ ပြား (အလေးချိန် ၁၇ ဒသမ ၇ဂရမ်) စုစုပေါင်းတန်ဖိုးငွေကျပ် ၇၀၈၀၀၀၊ ငွေကျပ် ၅၃၀၀၀၊ ၀၉/-- နံပါတ်ပါ နိုကီရာဖုန်းတစ်လုံး၊ ချီကာဂိုတံဆိပ်ပါလက်ထိတ်တစ်စုံ၊ Icon တံဆိပ် စကားပြောစက်တစ်လုံး၊ အားသွင်းခုံတစ်ခု၊ Made in Czecholovakia တံဆိပ်ပါ အိတ်ဆောင် ပစ္စတိုတစ်လက်၊ ယင်း ကျည်ဘောက်တစ်ခု၊ ၂ ဒသမ ၅ Auto ကျည်ငါးတောင့်၊ Mabangkok စာတန်းပါ အနက်ရောင် ချိုင်းစလွယ်သေနတ် အိတ်တစ်ခုနှင့် ကတ်ကြေးတစ်လက် တို့အား တွေ့ရှိသိမ်းဆည်း ရမိခဲ့ သဖြင့် လေးလူ(ခ) ဉာဏ်ထွန်းအား ကျုံဒိုးနယ်မြေရဲစခန်းက အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း

No comments:

Post a Comment

My Blog List