Tuesday, September 17, 2013

တရုတ်နိုင်ငံ၏ မည်သည့်နေရာကိုမဆို ပစ်ခတ်နိုင်သည့် တာဝေးပစ်ဒုံးကျည် အိန်္ဒိယ ပစ်လွှတ်စမ်းသပ်

Tuesday, September 17, 2013
အိန်္ဒိယနိုင်ငံသည် နျူကလီးယားထိပ်ဖူးတစ်ခုကို သယ်ဆောင်နိုင်စွမ်းရှိသည့် တာဝေးပစ်ဒုံးကျည်တစ်စင်း အား ဒုတိယအကြိမ်အဖြစ် အောင်မြင်စွာ ပစ်လွှတ်စမ်းသပ်နိုင်ခဲ့ရာ အိန်္ဒိယ၏ စစ်ရေးစွမ်းရည်နှင့်ပတ်သက် သည့် တိုးတက်မှုတစ်ရပ်ပင်ဖြစ်ကြောင်း စက်တင်ဘာ ၁၆ ရက်က အေအက်ဖ်ပီသတင်းဌာနမှဖော်ပြ ထားသည်။ Agni V ဟု အမည်ပေးထားသည့် ထိုဒုံးကျည်အား ဒေသစံတော်ချိန် နံနက် ၈နာရီ ၅၀ မိနစ်တွင် အိန်္ဒိယနိုင်ငံအရှေ့ပိုင်း Orissa ပြည်နယ်အနီး ကျွန်းတစ်ကျွန်းပေါ်ရှိ ဒုံးကျည်ပစ်စင်တစ်ခုပေါ်မှ ပစ်လွှတ်ခဲ့ခြင်း ဖြစ်သည်။ “ဒီဒုံးကျည်ဟာ ရည်မှန်းထားတဲ့ဟာ အားလုံးကို ပြည့်မီခဲ့ပြီး၊ ဒုံးကျည်ကို လုံးဝ တိတိကျကျ ပစ်လွှတ်နိုင်ခဲ့ပါတယ်” ဟု Chandipur မှ စမ်းသပ်ပစ်လွှတ်ရေး ညွှန်ကြားရေးမှူး M.V.K.V.Prasad က ပြောကြားခဲ့သည်။Agin V ဒုံးကျည်သည် တရုတ်နိုင်ငံအရှေ့မြောက်အစွန်းပိုင်းမှ စစ်စခန်းများအပါအ ၀င် တရုတ်ပြည်မကြီးပေါ်ရှိမည်သည့် ပစ်မှတ်မျိုးကိုမဆို ပစ်ခတ်နိုင်သည့် တာဝေးပစ်ဒုံးကျည်ဖြစ်သည် ဟု လေ့လာသူများက ဆိုကြသည်။
ထိုဒုံးကျည်အား အိန်္ဒိယကာကွယ်ရေး သုတေသနဖွံ့ဖြို့ရေးအဖွဲ့မှ စမ်းသပ်ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး၊ ဒုံး ကျည်မှာ မည်သည့်နိုင်ငံကိုမျှ ရည်ရွယ်ခြိမ်းခြောက်ခြင်းမဟုတ်ဟု ထိုအဖွဲ့ကဆိုခဲ့သည်။ တနင်္ဂနွေနေ့က ပစ်လွှတ်စမ်းသပ်မှုမှာ အဓိကမှတ်ကျောက်တစ်ခု ဖြစ်ကြောင်းလည်း ဆိုခဲ့သည်။
“Agin V ဒုံးကျည်အား ဒုတိယအကြိမ်အောင်မြင်စွာ ပစ်လွှတ်စမ်းသပ်နိုင်ခဲ့ခြင်းသည် ဒုံးကျည်စနစ် ရင့် ကျက်လာမှု၊ ထပ်မံစွမ်းဆောင်နိုင်မှုနှင့် ခိုင်မြဲမှုတို့ကို ဖော်ညွှန်းနေသည်” ဟု ထိုအဖွဲ့က ကြေညာချက်ထဲ တွင်ဆိုခဲ့သည်။ယခုအခါ အိန်္ဒိယအနေဖြင့် ထိုဒုံးကျည်မျိုးထုတ်လုပ်သည့် လုပ်ငန်းစဉ်နှင့် နောက်ဆက်တွဲ တီထွင်ကြံဆမှုများကိုစတင်ရန်အဆင်သင့်ဖြစ်နေကြောင်းကိုလည်း ကြေညာချက်ထဲတွင် ရေးသားဖော်ပြထား သည်။ထိုဒုံးကျည်သည် မိုင် ၃,၁၀၀ အကွာ အဝေးအထိ ပစ်လွှတ်နိုင်ပြီး၊ ဒေသတွင်းတွင် ပိုမိုအင်အား ကြီးမားသည့် နိုင်ငံဖြစ်လာစေရေးအတွက် အဓိက စွမ်းဆောင်နိုင်မှုတစ်ခုဟု အိန်္ဒိယက ရှုမြင်ထားသည်။
ဒုံးကျည်စနစ်နှင့်ပတ်သက်၍ တရုတ်နှင့် အိန်္ဒိယအကြား အင်အားကွာဟာချက် ကြီးကြီးမားမားရှိခဲ့ရာ၊ အိန်္ဒိယ၏ ယခုဒုံးကျည်ကြောင့် ကွာဟချက် အနည်းငယ်ပင်ဖြစ်စေ ပိုမိုကျဉ်းမြောင်းသွားတော့မည်ဖြစ်သည်။Agin V မှာ သက္ကတ ဘာသာစကားဖြင့် “မီး” ဟု အဓိပ္ပာယ်ရပြီး၊ ၁၉၈၃ ခုနှစ်တွင် စတင်ခဲ့သည့် အိန်္ဒိယ ပဲ့ထိန်းဒုံးကျည် စီမံကိန်း၏ အစိတ်အပိုင်းအဖြစ်ဖြင့် အိန်္ဒိယက ထုတ်လုပ်ခဲ့သည့် ဒုံးကျည်များအား ထို နာမည်ပေးလေ့ရှိသည်။Agin V ဒုံးကျည်ကို ပြီးခဲ့သည့်နှစ် ဧပြီလက ပထမဆုံးအကြိမ် စမ်းသပ်ခဲ့သည်။
အကွာအဝေး သိပ်မရောက်သည့် Agni I နှင့် Agni II ဒုံးကျည်များကိုမူ အိန်္ဒိယ၏ အစဉ်အလာ ပြိုင်ဖက် ပါကစ္စတန်ကို အဓိကရည်ရွယ်ကာ ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းထုတ်လုပ်သည့် တာဝေးပစ် ဒုံးကျည်များမှာမူ တရုတ်နိုင်ငံကို ယှဉ်ပြိုင်ရန် ရည်ရွယ်၍ ထုတ်လုပ်ခြင်းဖြစ်ကြောင်း လေ့လာသူများက သုံးသပ်ကြသည်။

မဇ္ဈိမ

No comments:

Post a Comment

My Blog List