Thursday, September 19, 2013
အစိုးရက လစဉ် ရောင်းချပေးနေသည့် တန်ဖိုးနည်းဖုန်းကတ်များကို ခွဲတမ်းရရှိသလောက် အပြည့်အ၀ မဲဖောက် ရောင်းချမပေးသည့် မည်သည့် အုပ်ချုပ်ရေးမှူးကိုမဆို ပြည်သူလူထုက တိုင်ကြားလာပါက စစ်ဆေး အရေးယူ မည်ဟု ရန်ကုန်တိုင်း လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ခင်က စက်တင်ဘာ ၁၈ က ပြုလုပ်သည့် ရန်ကုန်တိုင်း လွှတ်တော်တွင် ပြောဆိုလိုက်သည်။ လစဉ်မဲဖောက်ရောင်းချပေးသည့် ဖုန်းကတ်များကို အုပ်ချုပ်ရေးမှူး အချို့က ခွဲတမ်းရရှိထား သလောက် ရောင်းချ မပေးဘဲ ထိန်ချန်ကာ ပြင်ပ သို့ ရောင်းချနေကြောင်း တိုင်ကြားစာများ ရရှိထားသည်ဟု လမ်းမတော်မြို့နယ်မှ တိုင်းအမတ် ဦးစိုးဝင်း ၏ မေးခွန်းကို ၀န်ကြီးက ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။ရပ်ကွက်၊ ကျေးရွာအချို့ရှိအုပ်ချုပ်ရေးမှူးများက ဖုန်းကတ်မဲပေါက်ပြီးသော အိမ်ထောင်စုကို ဖယ်ထုတ်ခြင်း မရှိဘဲကျန်မိသားစုများကိုဆက်လက်မဲနှိုက်စေခြင်းနှင့် ဖုန်းကတ်များ ထိန်ချန်၍ ပြင်ပသို့ ပြန် လည် ရောင်း ချခြင်းကြောင့်ပြည်သူအကြားတွင်မကျေနပ်မှုများဖြစ်နေသည်ဟုဦးစိုးဝင်းကလွှတ်တော်တွင် ပြောဆိုသွားသည်။
ထိုအပြုအမူများမှာ “ပြည်သူလူထုက အစိုးရအဖွဲ့အား အကြည်ညို ပျက်စေတယ်လို့ ယူဆမိပါတယ်” ဟု လည်း သူက ဝေဖန်လိုက်သည်။သို့သော် မည်သည့် ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်မှ အုပ်ချုပ်ရေးမှူးဖြစ်သည် ဟု အတိအကျ ပြောဆိုသွားခြင်း မရှိပေ။၁၅၀၀ ကျပ်တန် GSM/CDMA ဖုန်းများကို ရပ်ကွက်အသီးသီးတွင် မဲစနစ်ဖြင့်ချထားပေးနေပြီးလက်ရှိတွင်ထိုဖုန်းများ၏ပြင်ပပေါက်ဈေးမှာကျပ်ခြောက်သောင်းမှတစ်သိန်းကျော် အထိ ဈေးရှိနေသည်။
ကျပ် ၁၅၀၀တန် မိုဘိုင်းဖုန်းများကို ပြည်တွင်းတွင် ဧပြီလက စတင်ချထားပေးခဲ့ပြီး ရန်ကုန်တိုင်းအတွင်း သြဂုတ်လအထိ ဆင်းမ်ကတ်ပေါင်း ငါးသိန်းကျော် ချထားပေးခဲ့ပြီးဖြစ်သည်ဟု ၀န်ကြီးက အမတ်များကို ရှင်းပြခဲ့သည်။
Mizzima - News in Burmese

No comments:
Post a Comment