Monday, September 16, 2013

ကော့သောင်းထောင်တွင် အကျဉ်းသားများ ဆန္ဒပြ

Monday, September 16, 2013
အချုပ်သားတစ်ဦးသေဆုံးကာ လူငါးဦး ထိခိုက်ဒဏ်ရာရခဲ့သည့် ကော့သောင်းအကျဉ်းထောင် ပစ်ခတ်မှုနှင့် ပတ်သက်၍ နိုင်ငံပိုင်သတင်းဌာနများက မှားယွင်းထုတ်လွှင့်သည်ဟုဆိုကာ အကျဉ်းသားများက မကျေနပ်သောကြောင့် စက်တင်ဘာ ၁၅ ရက်က ဆန္ဒပြခဲ့ကြသည်။ အခင်းဖြစ်သည့်နေ့က နိုင်ငံပိုင်အသံလွှင့်ဌာနမှ ယင်းကိစ္စကို သတင်းထုတ်လွှင့်ရာတွင် “အကျဉ်းသားများ ထောင်ဖောက် ထွက်ပြေးရန် ကြိုးပမ်းမှုကို ဟန့်တာထိန်းသိမ်းသည်” ဟု ပါရှိခဲ့သဖြင့် အကျဉ်းသားများက ဆန္ဒပြခြင်းဖြစ်သည် ဟု ထိုအကျဉ်းသားများ အရေးလိုက်လံဆောင်ရွက်ပေးနေသည့် ဒီမိုကရက်တစ်ပါတီ (မြန်မာ)မှ တနင်္သာရီတိုင်း စည်းရုံးရေးမှူး ကိုသန်းထွန်းက ဆိုသည်။ “သတင်းမှန်ဖော်ထုတ်ပေးရေး၊ သတင်း မှန်ပေါ်ထွက်အောင် သတင်းမီဒီယာများအား ထောင်တွင်းသို့ ၀င်ခွင့်ပြုရေး၊ထောင်ပိုင်အား အရေးယူပေးရေး” ဟူသည့် အချက်သုံးချက်ကိုတောင်းဆိုပြီး အကျဉ်းသား ၅၀၀ ကျော်တို့သည် စက်တင်ဘာ ၁၅ ရက် နံနက် ၉ နာရီမှစတင်၍ တစ်နာရီကျော်ကြာ ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။
“သူတို့က ထောင်ဖောက်ပြေးတာ မဟုတ်ဘူး။ သူတို့ကို မတရားညှင်းပန်းနှိပ်စက် ပစ်ခတ်တယ်လို့ အဲဒါ သတင်းအမှန် ထုတ်လွှင့်ပေးဖို့ အဲဒါတွေကို ဆန္ဒပြတာ” ဟု ကိုသန်းထွန်းက ပြောသည်။
စက်တင်ဘာလ ၁၅ ရက်ထုတ် မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာတို့တွင်လည်း “ကော့သောင်းမြို့အကျဉ်းထောင်၌ ယမန်နေ့ညပိုင်းက ထောင်ဖောက်ထွက်ပြေးရန် ကြိုးပမ်းမှုတစ်ခုဖြစ်ပွားရာ တစ်ဦးသေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရရှိ ခဲ့ကြောင်း၊ ထောင်ဖောက်ထွက် ပြေးရန်ကြိုးပမ်းမှုအား အချိန်မီဟန့်တား ထိန်းသိမ်းနိုင်ခဲ့သဖြင့် ထွက်ပြေးလွတ်မြောက် သူမရှိကြောင်း” ဟု ရေးသားဖော်ပြကြသည်။
သတင်းစာများက အကျဉ်းသားချင်း ရုန်းရင်းဆန်ခတ်ဖြစ်ပွားသည်ကို အခွင့်ကောင်းယူ၍ အကျဉ်းသားအချို့ အမိုးဖောက်ထွက်ခြင်း၊ အိပ်ဆောင်တံခါးများအား ဖျက်ဆီးခြင်း၊ လျှပ်စစ်မီးဆလိုက်များအားခဲဖြင့် ပစ်ခွဲခြင်း၊ ထောင်ဖောက် ရန်ကြိုးစားခြင်းတို့အပြင် ထောင်မှထွက်ပြေးသူများသည် အတွင်းဘက် အုတ်ရိုး အနီးအထိ ရောက်ရှိနေကြသဖြင့် အကျဉ်းထောင်လုံခြုံရေးအဖွဲ့က ပွိုင့် ၃၀၃ ရိုင်ဖယ်နှင့် ဘီအေ ၅၂ စတင်း တို့ဖြင့် သတိပေးပစ်ခတ် ထိန်းသိမ်းခဲ့ ရကြောင်းရေးသားခဲ့သည်။

သို့သော် အခြားတစ်ဖက်တွင်မူ ကိုသန်းထွန်းက နိုင်ငံပိုင်သတင်းဌာနများ၏ ဖော်ပြထုတ်လွှင့်မှုတွင်ပါရှိသည့် အချက်အလက်အချို့ကို ငြင်းဆိုပြီး အကျဉ်းသားအချင်းချင်း ခိုက်ရန်ဖြစ်ပွားသည်ကို ထောင်မှူးက အချုပ်ခန်း အပြင်သို့ ခေါ်ထုတ်ကာ လူမြင်ကွင်းတွင် ရိုက်နှက်ခြင်းကြောင့် အကျဉ်းသားများက ၀ိုင်းဝန်း အော်ဟစ်တားမြစ်ကြရာ မှစပြီး အပြန်အလှန်အော်ဟစ်ဆဲဆိုကြပြီးနောက် ထောင်အာဏာပိုင်များက မီး အမှောင်ချကာ အချုပ်ခန်းအတွင်းသို့ ပစ်ခတ်ခြင်းကြောင့် သေဆုံးဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်ဟုပြော သည်။

အကျဉ်းသားများ၏ တောင်းဆိုချက်ကို ကော့သောင်းခရိုင် အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့က ၀င်ရောက် ညှိနှိုင်းပေးလျက်ရှိပြီး ပြေလည်မှုမရသေးကြောင်းလည်း ကိုသန်းထွန်းကဆက်ပြောသည်။

“သတင်းမှားယွင်းထုတ်လွှင့်မိတဲ့အကြောင်း ပြန်လည်ထုတ်လွှင့်ပေးဖို့၊ အဲဒါကို ပြုလုပ်ပေးဖို့ သူတို့ (အကျဉ်းသားများ) က တောင်းဆိုတယ်။ ဒါပေမဲ့ထုတ်ပေးမယ်လို့ (အာဏာပိုင်ဘက်က) သေသေချာချာ ပြောသွားတာမရှိသေးဘူး” ဟု သူကဆိုသည်။

ကော့သောင်းထောင်တွင် အကျဉ်းသား ၆၀၀ ကျော်ရှိပြီး ပစ်ခတ်မှုကြောင့် ဒဏ်ရာပြင်းထန်သူ သုံးဦးကို ဆေးရုံသို့ တင်ပို့မည်ဖြစ်ပြီး အဓိကရုဏ်းဖြစ်စဉ်တွင် သေဆုံးသွားခဲ့သူမှာ ကိုဌေးငယ်ဆိုသူဖြစ်သည်။

Mizzima News

No comments:

Post a Comment

My Blog List