Monday, September 16, 2013
တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယား နယ်စပ်က Kaesong စက်မှုဇုန် ကို ပြန်လည်ဖွင့်လှစ်ရန် သဘော တူညီလိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။၅ လကြာ စက်ရုံလည်ပတ်မှု ရပ်ဆဲထားရာကနေ ပြန်လည် စတင် ရန် နှစ် ဦး နှစ်ဘက် ပြန်လည် သဘောတူညီ လိုက်ခြင်း ဖြစ်ပါတယ်။ ယင်း စက်မှုဇုန်မှာ တောင်ကိုရီးယား ကုမ္မဏီပေါင်း ၁၃၂ ခုတောင် ရင်းနှီးမြှုပ်နှံပြီး လည်ပတ် နေပါတယ်။ နှစ်နိုင်ငံချစ်ကြည်ရေးအတွက်ကော၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက်ပါ ရည်ရွယ်လို့ ဖွင့်လှစ်ခဲ့ကြတဲ့ စက်ရုံဖြစ်ပေမယ့် ဆက်ဆံရေးတင်းမာတဲ့ အခါတိုင်းပိတ်နေကြတာ ဖြစ်ပါတယ်။ ဒီတစ်ခါ ဖွင့်လှစ်မှုကလည်း အချိန်ဘယ်လောက် ကြာမြင့်မယ်ဆိုတာ မသိရသေးပါဘူး။တောင်ကိုရီးယားကမန်နေဂျာအဆင့်နဲ့ ရိုးရိုးအဆင့်လုပ်သားပေါင်း ၈၂၀ သွားရောက်လုပ် ကိုင်နေပြီ ဖြစ်ပါတယ်။ သူုတို့အတွက်လုံခြုံရေးကိုမြောက်ကိုရီးယားမှလည်းအာမခံပေးထားပါတယ်။ စည်းကမ်းလည်းတင်းကြပ်ပါတယ်။ အင်တာနက်အသုံးပြုခွင့်မရှိ၊ ဆက်သွယ်ရေးပစ္စည်း အသုံးပြုခွင့်မရှိပါ ဘူး။ သယ်ဆောင်လို့လည်း မရ ပါဘူး။ ဒီအတွက် လည်း ပြန်လည်ပြင်ဆင်ရန် တိုင်ပင်ဆွေးနွေးနေပြီ ဖြစ်ပါ တယ်။၅ လကြာ တင်းမာခဲ့တဲ့ တောင်နဲ့ မြောက်ကိုရီယားဆက်ဆံရေးဟာ အနည်းငယ်ပြန်လည် ပြေလည် လာတဲ့ အနေအထား တစ်ခုသို့ ရောက်ရှိ လာကြောင်း သိရပါတယ်။ .
(ရိုးရာလေး)

No comments:
Post a Comment