Thursday, September 19, 2013

မကွေးမြို့နယ်အတွင်း လယ်မြေသိမ်းမှုများ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေးကော်မရှင် စစ်ဆေးနေ

Thursday, September 19, 2013
မကွေးမြို့နယ်အတွင်း မြေယာသိမ်းယူမှု ကိုးမှုကို ပြည်ထောင်စုလွှတ်တော်မှ ဖွဲ့စည်းထားသော လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေးကော်မရှင် မကွေးတိုင်းအဖွဲ့(၅) အမျိုးသားလွှတ်တော်ကိုယ်စား လှယ် ဦးလှဆွေခေါင်းဆောင်သောအဖွဲ့သည် စက်တင်ဘာ၁၇ရက်က သွားရောက် စစ်ဆေးခဲ့သည်။ ကြားနာစစ်ဆေးမှုကို မကွေးမြို့နယ် အုပ်ချုပ်ရေးမှူး အစည်းအဝေးခန်းမှု တွင် ပြုလုပ်ခြင်းဖြစ်သည်။ အမှုကိုးမှုအတွင်း မြို့နယ် စိုက်ပျိုးရေးဌာနမှ ဂိုဒေါင်မြေနေရာကို သိမ်းယူ မှု၊ တောင်နွား ကူးကျေးရွာ တောင်သူများ ပိုင်သော မြေဧက (၁၀၃) ဧကခန့်ကို မကွေးပညာရေးကော လိပ်မှ သိမ်းဆည်းမှု၊ မယ်လှတောင်ကျေးရွာ အုပ်စုမြင်းကင်းကျေးရွာ ဦးအောင်မြတ်ထွေး၏ မြေအား ဆက်သွယ်ရေးဌာနမှ တာဝါ တိုင်ဆောက်ခြင်း၊ လျှပ်စစ်ဌာနမှ ဓါတ်အားခွဲရုံဆောက်ရာ လျော်ကြေးမရမှု၊ ကန်ပြားကျေးရွာ ဦးပေါပိုင် မြေအား ရယကနှင့်ပေါင်းပြီး သိမ်း၍ဘော်ဒါဆောင် ဆောက်လုပ်မှုစသည့် တိုင်ကြားမှုများကို စစ်ဆေးခဲ့ ခြင်းဖြစ်သည်။စစ်ဆေးမှုတွင် မြေယာသိမ်းဆည်းခြင်းနှင့် သက်ဆိုင်သော ဌာနဆိုင်ရာမှ အကြီးအကဲများ၊ မြေယာရရှိရန် တိုင်ကြားထားသော တောင်သူ လယ်သမားများနှင့် နှစ်ဦးနှစ်ဖက် အပြန်အလှန် စစ်ဆေးခဲ့ကြသည်။
မကွေးတိုင်း အဖွဲ့(၅) အဖွဲ့၏ စစ်ဆေးတွေ့ရှိချက်များကို လွှတ်တော်အဆင့်ဆင့်ထံ တင်ပြပေးသွားမည် ဟုခေါင်းဆောင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေနှင့် အဖွဲ့ဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်သိန်းတို့က တင်ပြပေးသွားမည်ဟု ပြောဆိုသွားသည်။
ယင်းအပြင် စက်တင်ဘာ(၁၇)ရက် နေ့လယ်ပိုင်းတွင် မင်းဘူးခရိုင် မင်းဘူးမြို့နယ် အုပ်ချုပ်ရေးမှူးရုံး၌ မြေယာ သိမ်းဆည်းခြင်းအမှုများကို ထပ်မံ စစ်ဆေးခဲ့သည်။ စက်တင်ဘာ ၁၈ ရက်နေ့တွင် ငဖဲမြို့နယ် အုပ်ချုပ်ရေးမှူး ရုံး၌ မြေယာသိမ်းဆည်းခြင်းအမှုများကို ဆက်လက် စစ်ဆေးခဲ့သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List