Monday, September 16, 2013

သံတိုသံစ အဟောင်းများ အောက်တွင် လျှို့ဝှက်သယ်ဆောင် လာသော တရားမ၀င် ကျွန်းသစ်များ ဖမ်းဆီးရမိ

Monday, September 16, 2013

ရှမ်းပြည်နယ် (တောင်ပိုင်း) ပင်လောင်းမြို့ ၊ ရင်းမှီး စစ်ဆေးရေးဂိတ် တွင် စက်တင်ဘာ ၁၂ ရက် နံနက် ၇နာရီခွဲက တရားမဝင် ကျွန်းသစ်များ ဖမ်းဆီးရမိ ခဲ့ကြောင်း သိရသည်။ဖြစ်စဉ်မှာ ပင်လောင်း မြို့မရဲစခန်းမှ ဒုရဲအုပ် ရန်နိုင်ဆွေ ဦးစီး တပ်ဖွဲ့ဝင်များ နှင့် တောအုပ်ကြီး ဦးကျော်သန်း ပါဝင်သော ပူးပေါင်း အဖွဲ့သည် သတင်းအရ သက်သေများ နှင့်အတူ ပင်လောင်းမြို့ ၊ ရင်းမှီး စစ်ဆေးရေး ဂိတ်တွင်လွိုင်ကော်မှ အောင်ပန်း သို့ ယာဉ်မောင်း ဝင်းကျော် ၄၅ နှစ် (ဘ) ဦးတင်ဝင်း ဓမ္မာရုံ ရပ်ကွက် လွိုင်ကော်မြို့ နေသူ မောင်းနှင်ပြီး ယာဉ်နောက်လိုက် ကျော်နိုင်ဝင်း ၃၂ နှစ် (ဘ) ဦးဘဝင်း လွိုင်ကော်မြို့ နေသူတို့ မောင်းနှင် လာသော နစ်ဆန်း ဒီဇယ် ၁၂ ဘီးယာဉ်အား ရပ်တန့် ရှာဖွေ စစ်ဆေးရာ ယာဉ်ပေါ်တွင် သံတိုသံစ အဟောင်း များ အောက်တွင် လျှို့ဝှက် သယ်ဆောင် လာသော ကျွန်းခွဲသား အရွယ်စုံ ၁၁ ဒသမ ၉၄၂၄ တန် ၊ စုစုပေါင်း တန်ဖိုး ငွေကျပ် ၁၁၉၄၂၄ဝဝိ ကို လည်းကောင်း ၊ လွိုင်ကော်မှ အောင်ပန်းသို့ ယာဉ်မောင်း မျိုးဝင်း ၅၂ နှစ် (ဘ) ဦးကျော်ဝင်း ရှမ်းပိုင်း ရပ်ကွက် ၊ လွိုင်ကော်မြို့ နေသူ မောင်းနှင်ပြီး ယာဉ်နောက်လိုက် မောင်ဖြူ ၅၁ နှစ် (ဘ) ဦးလှဆောင် ဒေါနိုးကူ ရပ်ကွက် ၊ လွိုင်ကော်မြို့ နေသူတို့ မောင်းနှင် လာသော နစ်ဆန်း ဒီဇယ် ၁၂ ဘီးယာဉ်အား ရပ်တန့် ရှာဖွေ စစ်ဆေးရာ ယာဉ်ပေါ်တွင် သံတိုသံစ အဟောင်းများ အောက်၌ လျှို့ဝှက် သယ်ဆောင် လာသော ကျွန်းခွဲသား အရွယ်စုံ ၁၂ ဒသမ ၄၂၉၄ တန် ၊ စုစုပေါင်း တန်ဖိုး ငွေကျပ် ၁၂၄၂၉၄ဝဝိ တို့အား လည်းကောင်း ရှာဖွေ သိမ်းဆည်း ရမိခဲ့သည်။အဆိုပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ ပင်လောင်း မြို့မရဲစခန်းမှ တရားမဝင် ကျွန်းသစ်များ သယ်ဆောင် လာသူ ယာဉ်မောင်း ဝင်းကျော် နှင့် ယာဉ်နောက်လိုက် ကျော်နိုင်ဝင်း တို့နှစ်ဦးအား (ပ) ၆၄/ ၂ဝ၁၃ ၊ သစ်တောအက် ၄၃(က) အရ လည်းကောင်း ၊ ယာဉ်မောင်း မျိုးဝင်း နှင့် ယာဉ်နောက်လိုက် မောင်ဖြူ တို့ နှစ်ဦးအား (ပ) ၆၅/ ၂ဝ၁၃၊ သစ်တောအက် ၄၃(က) အရ အမှုဖွင့် အရေးယူ ဆောင်ရွက် ထားရှိကြောင်း သိရှိရသည်။

The Myawady Daily

No comments:

Post a Comment

My Blog List