Tuesday, September 17, 2013

Nissan Motor မြန်မာနိုင်ငံတွင် မော်တော်ယာဉ်ငယ်များနှင့် ကုန်တင်ယာဉ်ငယ်များ တပ်ဆင်ထုတ်လုပ်ရန် စီစဉ်

Tuesday, September 17, 2013
ဂျပန်နိုင်ငံ အခြေစိုက် Nissan Motor သည် ၎င်း၏ အရှေ့တောင်အာရှ ဒေသဆိုင်ရာ မိတ်ဖက်နှင့် အတူ မြန်မာနိုင်ငံတွင် မော်တော်ယာဉ်ငယ်များ (Small Passenger Cars) နှင့် ကုန်တင်ယာဉ်ငယ်များ (Pickup Trucks) ထုတ်လုပ်သွားမည် ဖြစ်ကြောင်း Nikkei Business Daily ၏ သတင်းဖော်ပြချက်အရ သိရသည်။ Nissan အနေဖြင့် ၎င်း၏မိတ်ဖက် Tan Chong Motor Holdings Bhd နှင့် ပူးပေါင်း ပြီး မော်တော်ယာဉ် တပ်ဆင်ရေး စက်ရုံတည်ထောင်ရန် စီစဉ်ခြင်းဖြစ်သည်။ Nissan မော်တော်ယာဉ် အစိတ်အပိုင်းများကို ရေကြောင်းဖြင့်သယ်ဆောင်လာပြီး ပြန်လည်တပ်ဆင်ကာ ထုတ်လုပ်ရောင်းချ မည် ဖြစ်ကြောင်း သိရသည်။မြန်မာနိုင်ငံမှရရှိသောသတင်းများအရNissanသည်လာမည့်စက်တင်ဘာ၂၀ရက်တွင် နေပြည်တော်မြို့တွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရန် စီစဉ်နေပြီး သတင်းမီဒီယာများကို ဖိတ်ကြားထားပြီး ဖြစ်သည်။ Nikkei ၏ သတင်းများအရ အဆိုပါ သတင်းစာ ရှင်းလင်းပွဲတွင် လုပ်ငန်းတိုးချဲ့မည့် ကိစ္စများကို တရားဝင် ထည့်သွင်း ပြောကြားဖွယ် ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံရှိ လူဦးရေ ၆၃ သန်းအနက် မော်တော်ယာဉ်စီးရေ ၂ ဒသမ ၃၆ သန်းသာ ရှိခြင်းေ ကြာင့် ဈေးကွက် အလားအလာမှာ လျင်မြန်စွာ ကြီးထွားလာမည် ဖြစ်ကြောင်း Nikkei က ခန့်မှန်းထားသည်။ဂျပန်အခြေစိုက် Nissan ကားကုမ္ပဏီ၏ အရောင်းပြခန်း၊ ၀န်ဆောင်မှု စင်တာနှင့် ယာဉ်အပိုပစ္စည်းများ ပါဝင်သော S3 စင်တာကို ဇူ လိုင် ၃၁ ရက်တွင် အမှတ်-၄၃၃၊ ပြည်လမ်း၊ ကမာရွတ်မြို့နယ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ဖြစ်သည်။လက်ရှိ Nissan ၏ S3 စင်တာတွင် အရောင်း၊ ၀န်ဆောင်မှု၊ ယာဉ်အပို ပစ္စည်းများ ရောင်းချခြင်းများကို ဆောင်ရွက်လျက်ရှိပြီး ကျွမ်းကျင်ပညာရှင်များနှင့် ၀န်ဆောင်မှု ပေးလျက်ရှိကြောင်း သိရသည်။မလေးရှား အခြေစိုက် Tan Chong Motor Group သည် အရှေ့တောင်အာရှတွင် ဂျပန်မှ Nissan အုပ်စုနှင့် အဓိကချိတ်ဆက် လုပ်ကိုင်သော ကုမ္ပဏီတစ်ခုဖြစ်ပြီး မလေးရှား၊ ထိုင်း၊ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံ ကားဝန်ဆောင်မှုစင်တာ၊ ရောင်းချရေး စင်တာနှင့် မော်တော်ယာဉ် တပ်ဆင်ထုတ်လုပ်ရေး စက်ရုံများ တည်ထောင် လုပ်ကိုင်နေသည့် ကုမ္ပဏီအုပ်စု တစ်ခုဖြစ်သည်။Nissan ကားကုမ္ပဏီသည် ၁၉၃၃ ခုနှစ် ဒီဇင်ဘာလတွင် စတင်တည်ထောင်ခဲ့ပြီး လက်ရှိအချိန်တွင် ဂျပန်နိုင်ငံ၏ ဒုတိယ အကြီးဆုံး ကားကုမ္ပဏီ ဖြစ်သည်။ မြန်မာနိုင်ငံတွင်လည်း လူကြိုက်များသည့် ကားအမှတ်တံဆိပ် တစ်ခုဖြစ်ပြီး လူသုံးများသည့် Nissan ကုမ္ပဏီထုတ် ကားများမှာ Sunny၊ GTR၊ Fairlady Z၊ Skyline၊ Serena၊ Cedric၊ A D၊ Cefiro၊ Laurel၊ President၊ Bluebird၊ Atlas၊ Primera၊ Avenir၊ Tiida၊ Caravan၊ Civilian၊ Gloria၊ Vanette တို့ဖြစ်သည်။Nissan Motor မှ မော်တော်ယာဉ် တပ်ဆင်ရေး စက်ရုံတည်ထောင် ဖြစ်ပါ က မြန်မာနိုင်ငံတွင် ဒုတိယမြောက် ကားစက်ရုံ လာရောက်ရင်းနှီး မြှုပ်နှံ သည့် နိုင်ငံတကာ ကားကုမ္ပဏီ တစ်ခု ဖြစ်လာမည် ဖြစ်သည်။မြန်မာနိုင်ငံတွင် အခြားဂျပန် အခြေစိုက် ကားကုမ္ပဏီ တစ်ခုဖြစ်သော Suzuki ကားကုမ္ပဏီ၏ မော်တော်ယာဉ် တပ်ဆင်ရေးစက်ရုံ တစ်ရုံဖွင့်လှစ်ပြီးဖြစ်ပြီး Suzuki က ပိုမိုကြီးမားသည့် စက်ရုံတစ်ရုံကို သီလ၀ါဒေသတွင် တည်ထောင်နိုင်ရန် စီစဉ်နေကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment

My Blog List