တရုတ်နိုင်ငံပိုင် ပင်လယ်သမုဒ္ဒရာ စီမံခန့်ခွဲမှု ဌာနသည်၊ ပင်လယ်ရေအောက် လေ့လာရေး ရေငုပ်သင်္ဘော တစ်စင်းတွင် တာဝန် ထမ်းဆောင် ရန်အတွက် ပညာတတ်ဘွဲ့ရ အမျိုးသမီး ရေယာဉ်မှူး နှစ်ဦးကို ရွေးချယ် ခန့်အပ်သွားရန် စီစဉ်လျက် ရှိကြောင်း သိရသည်။
အဆိုပါ ရာထူးအတွက် လာရောက် လျှောက်ထားသူ အရေအတွက်မှာ ၁၀၀ နီးပါးခန့် ရှိပြီး ၎င်းတို့အနက် အများစုတွင် မဟာဘွဲ့ သို့မဟုတ် ပါရဂူဘွဲ့ရများ ပါဝင်ကြောင်း ပင်လယ် သမုဒ္ဒရာ စီမံခန့်ခွဲမှု ဌာနမှ တာဝန်ရှိသူ တစ်ဦးက ဆင်ဟွာ သတင်းဌာနသို့ ပြောကြားခဲ့သည်။

ယင်းကဲ့သို့ လာရောက် လျှောက်ထားသူများ အနက်မှ မျက်စိ အမြင်အာရုံ ကောင်းမွန်ပြီး အရပ်အမြင့် ၁ ဒသမ ၆၅ မှ ၁ ဒသမ ၇၆ မီတာ အမြင့်ရှိသည့် အသက် ၂၂ နှစ်နှင့် ၃၀ ကြား အရွယ်ရှိ ၎င်းရာထူးနှင့် ကိုက်ညီသော ဘွဲ့ရ အမျိုးသမီးများကို ရွေးချယ်သွားမည် ဖြစ်သည် ဟု သိရသည်။
ထို့ပြင် အရပ် အမြင့် ၁ ဒသမ ၆၅ မှ ၁ ဒသမ ၇၆ မီတာ အမြင့်ရှိ အသက် ၂၂ နှစ်နှင့် ၃၅ နှစ် ကြား အရွယ်ရှိ အမျိုးသား ရေယာဉ်မှူး လေးဦးကိုလည်း ရွေးချယ်ခဲ့ပြီး ဖြစ်သည်ဟု သိရ သည်။
လျှောက်ထား သူများအား ဆေးစစ်မှုများ၊ ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုများနှင့် စိတ်ပညာ ဆိုင်ရာ မေးမြန်းမှုများ အပါအ၀င်၊ စမ်းသပ် မှုများကိုလည်း လုပ်ဆောင် သွားမည် ဖြစ်ကြောင်း သိရသည်။
မြ၀တီ
No comments:
Post a Comment