Monday, September 16, 2013

တရုတ်စစ်သင်္ဘောများ ဂျပန်ရေပိုင်နက် အတွင်းသို့ ကျူးကျော်ဝင်ရောက်

တရုတ်ကင်းလှည့်သင်္ဘော ၄ စီးသည် အရှေ့ တရုတ် ပင်လယ်ပြင်ရှိ ဂျပန်ရေပိုင်နက်အတွင်းသို့ စက်တင် ဘာ ၁၄ ရက်က ၄ နာရီကျော်ကြာအောင် ကျူးကျော်ဝင်ရောက်ခဲ့သည်ဟု ဂျပန်ကမ်းခြေစောင့် တပ်ဖွဲ့ က ပြောဆိုခဲ့ကြောင်း NHK သတင်း တစ်ရပ်အရ သိရသည်။
ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့၏ အဆိုအရ တရုတ်ကင်းလှည့်သင်္ဘောများသည် ဆန်ကာကူကျွန်း များထဲမှ တစ်ကျွန်းဖြစ်သော ကူဘကျွန်းအနီး ရေပြင်အတွင်းသို့ စက်တင်ဘာ ၁၄ ရက် ဒေသစံတော်ချိန် နံနက် ၁ဝ နာရီခန့်တွင် အရှေ့မြောက် ဘက်မှ ဝင်ရောက် လာခဲ့ပြီး ¤င်းရေပြင် တစ်ဝိုက်တွင် ရပ်နား ထားခဲ့ကြောင်း ၊ ထို့နောက် ညနေ ၃ နာရီ ခန့်တွင် ဂျပန် ရေပိုင်နက် ၏ပြင်ပ ၂၅ ကီလိုမီတာ ( ရေမိုင် ၁၅ ဒသမ ၅ မိုင် ) ခန့်ကွာဝေးသော နေရာသို့ ဆက်လက် ခုတ်မောင်း သွားခဲ့ကြောင်း သိရသည်။ ၄င်းဖြစ်စဉ်တွင် ကမ်းခြေစောင့်တပ်ဖွဲ့သင်္ဘောများမှ တရုတ်စစ်သင်္ဘောများကိုဂျပန်ရေပိုင်နက်၏ အဝေးသို့ ထွက်သွားရန်အချက်ပြသတိပေးမှုများ ပြုလုပ်ခဲ့ ကြောင်းနှင့် ၎င်းကျူးကျော်မှုသည် ယခုနှစ်အတွင်း တရုတ် စစ်သင်္ဘောများ၏ ဂျပန် ရေပိုင်နက် အတွင်းသို့ (၄၄) ကြိမ်မြောက် ကျူးကျော်မှု ဖြစ်ကြောင်း သိရသည်။ ဂျပန်အစိုးရအနေဖြင့်၎င်းတို့ထိန်းချုပ်ထားသောဆန်ကာကူကျွန်းများကို ယခင် ကတည်းက ပိုင်ဆိုင်ခဲ့သည့် ကျွန်းများ ဖြစ်သည်ဟု သမိုင်း အထောက်အထားများနှင့် နိုင်ငံတကာဥပဒေများ အရ ပြောဆို ခဲ့ သော်လည်းထိုင်ဝမ် နှင့်တရုတ်နိုင်ငံတို့မှ ငြင်းဆိုလျက်ရှိ ကြောင်း သိရှိရသည်။

No comments:

Post a Comment

My Blog List