Monday, September 16, 2013
အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ အခမ်းအနားကို နေပြည်တော်တွင် စက်တင်ဘာ ၁၅ ရက်က ကျင်းပခဲ့ရာ ထိုအခမ်းအနား၌ တိုင်းရင်းသားများ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့်ပတ် သက်၍ တိုင်းရင်းသား ပါတီများက အများဆုံး အဆိုပြုတင်သွင်းခဲ့ကြသည်။
နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် သဘင်ဆောင်တွင်ကျင်းပသော အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ တွင်တိုင်းရင်းသားပါတီအများအပြားကစာတမ်းများဖတ်ကြားခဲ့ပြီး၎င်းတို့၏စာတန်းတို့တွင်ကိုယ်ပိုင် ပြဌာန်းခွင့် သည်သာ စစ်မှန်သော ဒီမိုကရေစီဖြစ်သည်ဟု ထည့်သွင်း ဖတ်ကြားခဲ့ကြခြင်းဖြစ်သည်။ အင်းအမျိုးသား ပါတီဥက္ကဋ္ဌ အင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးဝင်းမြင့်က “ကျွန်တော်တို့ရဲ့ စီးပွားရေး၊ လူမှုရေး၊ အုပ်ချုပ်ရေးကိစ္စတွေဆုံးဖြတ်ရာမှာ ကျွန်တော်တို့ပါဝင်ခြင်းမရှိဘဲ အခြားသောသူများက ဆုံးဖြတ် တဲ့ အခြေအနေကနေ ကျွန်တော်တို့လွတ်မြောက်ချင်ပြါ ပီ” ဟု ၎င်း၏ စာတမ်းတွင် ထည့်သွင်းဖတ်ကြားခဲ့ သည်။
၎င်းအပြင် “၀” ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသအခြေစိုက် “၀” ဒီမိုကရက်တစ်ပါတီ
အထွေထွေ အတွင်းရေးမှူး ဦးဆိုင်းပေါင်းနပ်ကလည်း “ဒီမိုကရေစီစနစ်မှာ
ကိုယ်ပိုင်အုပ်ချုပ်ခွင့် ကိုယ်ပိုင်ပြဌာန်းခွင့်
တန်းတူခွင့်တွေရှိတာကြောင့် ကျွန်တော်တို့ ဒီမိုကရေစီစနစ်ကို
ကြိုးပမ်းတာဖြစ်ပါတယ်” ဟု ၎င်း၏ စာတမ်းတွင် ထည့်သွင်း ဖတ်ကြားကာ
ထုတ်ဖော်ပြောကြားခဲ့သည်။
အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ အခမ်းအနားကို နေပြည်တော်တွင် စက်တင်ဘာ ၁၅ ရက်က ကျင်းပခဲ့ရာ ထိုအခမ်းအနား၌ တိုင်းရင်းသားများ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့်ပတ်
နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် သဘင်ဆောင်တွင်ကျင်းပသော အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ တွင်တိုင်းရင်းသားပါတီအများအပြားကစာတမ်းများဖတ်ကြားခဲ့ပြီး၎င်းတို့၏စာတန်းတို့တွင်ကိုယ်ပိုင် ပြဌာန်းခွင့် သည်သာ စစ်မှန်သော ဒီမိုကရေစီဖြစ်သည်ဟု ထည့်သွင်း ဖတ်ကြားခဲ့ကြခြင်းဖြစ်သည်။ အင်းအမျိုးသား ပါတီဥက္ကဋ္ဌ အင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးဝင်းမြင့်က “ကျွန်တော်တို့ရဲ့ စီးပွားရေး၊ လူမှုရေး၊ အုပ်ချုပ်ရေးကိစ္စတွေဆုံးဖြတ်ရာမှာ ကျွန်တော်တို့ပါဝင်ခြင်းမရှိဘဲ အခြားသောသူများက ဆုံးဖြတ် တဲ့ အခြေအနေကနေ ကျွန်တော်တို့လွတ်မြောက်ချင်ပြါ
သမ္မတဦးသိန်းစိန်အစိုးရ၏ သက်တမ်းအတွင်း
သယံဇာတ၊ အုပ်ချုပ်ရေး၊ တာဝန်ခွဲဝေရေး၊ ဘတ်ဂျက် ခွဲဝေရေး ကိစ္စများကို
တိုင်းရင်းသားများ တောင်းဆိုလာကြသည်။ သမ္မတ၏အကြံပေးများ၊ ပညာရှင်များဖြင့်
ဖွဲ့စည်းထားသည့် မြန်မာ့ဖွံ့ဖြိုးတိုးတက်ရေး အရင်းအမြစ်အဖွဲ့အစည်း (MDRI)
ကဆိုလျှင် ဦးသိန်းစိန် အစိုးရ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွင်
ဗဟိုချုပ်ကိုင်မှု လျှော့ချရေးသည် အရေးပါသော်လည်း ထိုကိစ္စကို
အကောင်အထည်ဖော်ရန် အလှမ်းဝေးနေဆဲဟု စက်တင်ဘာ ၁၁ ရက်တွင် ထုတ်ပြန်ခဲ့ သည်။ဒီမိုကရေစီနေ့အခမ်းအနားတွင် ဖလုံစဝေါ်ဒီမိုကရက်တစ်ပါတီမှတင်သွင်းသည့်စာတမ်းကို အောက် လွှတ်တော် အမတ် ဒေါ်နန်းစေးအွာက ဖတ်ကြားရာ ထိုစာတမ်းတွင်
အချုပ်အခြာအာဏာများကို ခွဲဝေ သုံးစွဲခွင့်ပြုမှသာ တန်းတူညီမျှသော
အခွင့်အရေး၊ လွတ်လပ်မှုအခွင့်အရေး၊ တရားမျှတမှု အခွင့်အရေး ကို
ပြည်သူပြည်သားတိုင်း ခံစားခွင့်ရမည်ဖြစ်ကြောင်း ပါဝင်ခဲ့သည်။လက်ရှိတွင် တိုင်းရင်းသား လက်နက် ကိုင် ၁၁ ဖွဲ့ဖြင့် စုစည်းထားသည့်
ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ (UNFC) နှင့် ၁၉၉၀
ခုနှစ်ရွေးကောက်ပွဲဝင် တိုင်းရင်းသားပါတီများ စုစည်းထားသည့် ညီညွတ်သော
တိုင်းရင်းသားများ မဟာမိတ်အဖွဲ့ (UNA) တို့ကပူးတွဲကာ အခြေခံဥပဒေသစ်ကို
ရေးဆွဲနေ ကြသည်။ထိုအခြေခံဥပဒေတွင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊
ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း ဟုဆိုသော တိုင်းရင်းသား လူမျိုး ရှစ်ခုကို
အခြေခံသောရှစ်ပြည်နယ် ပြန်လည်သတ်မှတ်ရန်မူကို အခြေခံထားသည်ဟုတိုင်းရင်းသားခေါင်းဆောင်များ က ပြောကြသည်။ထိုကိစ္စနှင့်ပတ်သက်၍ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး က“ရှစ်ပြည်နယ်၊၁၄ ပြည်နယ်ခွဲထွက်ရေးထက်
နိုင်ငံကောင်းအောင် ကြိုးပမ်းကြရမှာပေါ့။ ပြည်နယ်တွေ ဆိုတာ အုပ်ချုပ်ရေးအရ
လူဦးရေအရ နယ်မြေအရ ဖွဲ့ထားတာလောက်ပဲ” ဟုမဇ္ဈိမကိုပြောသည်။
အပြည်ပြည်ဆိုင်ရာ ဒီမိုကရေဒီနေ့အခမ်းအနားသို့ သမ္မတဦးသိန်းစိန်၊ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာဘန်ဂီမွန်းနှင့် အပြည်ပြည်ဆိုင်ရာပါလီမန်များ သမဂ္ဂ (IPU) ဥက္ကဋ္ဌတို့ကလည်း သ၀ဏ်လွှာများ ပေးပို့ခဲ့သည်။ အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ အခမ်းအနားတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်ပါတီအပါအ၀င်ပါတီ ၁၇ ခုက စာတမ်း ဖတ်ကြားခဲ့ပြီး၊ ကျောင်းသားလူငယ်များ၊ လူထုကိုယ်စားပြု ကိုယ်စားလှယ် တစ်ဦး၏ စာတမ်းကိုလည်း ဖတ်ကြားခဲ့သည်။ယခုကျင်းပသည့် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အခမ်းအနားသည် မြန်မာနိုင်ငံတွင် သုံးကြိမ်မြောက် ကျင်းပခြင်း ဖြစ်သည်။
Mizzima - News in Burmese
အပြည်ပြည်ဆိုင်ရာ ဒီမိုကရေဒီနေ့အခမ်းအနားသို့ သမ္မတဦးသိန်းစိန်၊ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာဘန်ဂီမွန်းနှင့် အပြည်ပြည်ဆိုင်ရာပါလီမန်များ သမဂ္ဂ (IPU) ဥက္ကဋ္ဌတို့ကလည်း သ၀ဏ်လွှာများ ပေးပို့ခဲ့သည်။ အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ အခမ်းအနားတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်ပါတီအပါအ၀င်ပါတီ ၁၇ ခုက စာတမ်း ဖတ်ကြားခဲ့ပြီး၊ ကျောင်းသားလူငယ်များ၊ လူထုကိုယ်စားပြု ကိုယ်စားလှယ် တစ်ဦး၏ စာတမ်းကိုလည်း ဖတ်ကြားခဲ့သည်။ယခုကျင်းပသည့် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အခမ်းအနားသည် မြန်မာနိုင်ငံတွင် သုံးကြိမ်မြောက် ကျင်းပခြင်း ဖြစ်သည်။
Mizzima - News in Burmese
No comments:
Post a Comment