နယူး ဒေလီ၏ အထင်ရှားဆုံးအထိမ်း အမှတ်အဆောက်အအုံများထဲ မှ တပ်ဂ်ျမဟာကဲ့သို့ ဆွဲဆောင်မှု ရှိသော ခမ်းနားကြီးကျယ်သော သင်္ချိုင်းဂူဗိမာန်အား ငါးနှစ်မျှပြန် လည်ပြုပြင်ပြီးနောက် ဗုဒ္ဓဟူးနေ့ ကဖွင့်လှစ်ခဲ့သည်။ ၎င်းဂူဗိမာန် မှာ မူလပုံစံမပျက်ပြုပြင်ထားသည် ဟု ဆိုသည်။
ဟူမာယန်၏ဂူဗိမာန်အား ၁၅၇ဝပြည့်နှစ်က အစ္စလာမ္မစ် မဂိုမင်းဆက်လက်ထက်၌ တည် ဆောက်ခဲ့သည်။ မဂိုဘုရင်တို့သည် အိန္ဒိယနိုင်ငံမြောက်ပိုင်းအား နှစ် ၃၀ဝကျော် စိုးစံခဲ့သည်။ ကမ္ဘာ့ ကုလသမဂ္ဂယူနက်စကို၏ ကမ္ဘာ့ ရှေးဟောင်းအမွေအနှစ်အဖြစ် သတ်မှတ်ထားသောနေရာဖြစ် ပြီး နိုင်ငံခြားသားခရီးသွားများကို ဆွဲဆောင်သည့်နေရာတစ်ခုလည်း ဖြစ်သည်။
၂၀၀၈ခုနှစ်မှစ၍ လက်မှု ပညာရှင် ၁၅၀ဝခန့်က လုပ်ဆောင် ခဲ့ကြသည်။ ပုံသဏ္ဌာန်မှာ ကြက် သွန်ဥလုံးပုံစံဖြစ်ပြီး ၎င်း၏ ၁၆ ရာစု ဂုဏ်ကျက်သရေများပါဝင် အောင်ပြင်ဆင်ထားသည်။ ဤ ကြီးမားသောပြင်ဆင်မှုအတွက် အဂ္ဂါခန်ဂေါပကအဖွဲ့က ငွေကြေး ထောက်ပံ့ခဲ့သည်။

ပရောဂျက်ဒါရိုက်တာတစ်ရှ် နန္ဒာက ပြောကြားရာတွင် ဤလုပ် ငန်းမှာ အိန္ဒိယ၏ချမ်းသာမှုကို ဖော်ပြခဲ့ကြောင်း၊ သို့ရာတွင် လက် မှုပညာလုပ်ငန်းကို တန်ဖိုးမထား ကြကြောင်း၊ အချိန်အခါနှင့်လျော် ညီစွာ ကျွမ်းကျင်မှုလိုအပ်ကြောင်း၊ ရိုးရာပလာစတာနှင့် ကျောက်ပြား လုပ်ငန်းကျွမ်းကျင်မှုများဖြစ် ကြောင်း ပြောကြားခဲ့သည်။
ပြန်လည်ပြင်ဆင်နေစဉ် ကာလအတွင်း ဂူဗိမာန်၏ဥယျာဉ် အား လေ့လာသူများကို ဝင်ခွင့်ပြု ထားခဲ့သည်။ အဆောက်အအုံဖွင့် ပွဲကို ဗုဒ္ဓဟူးနေ့ညနေပိုင်းတွင်ပြု လုပ်ခဲ့ရာ ဝန်ကြီးချုပ်မန်မိုဟန် ဆင်းနှင့် ဆွစ်နိုင်ငံမှပရဟိတလုပ် ကိုင်သူ မူဆလင်ဘာသာရေးခေါင်း ဆောင်အဂ္ဂါခန်တို့ တက်ရောက် ခဲ့ကြသည်။
Yangon Media Group
No comments:
Post a Comment