မြန်မာအလုပ်သမားတဦး ၅ ထပ်တိုက်ပေါ်မှ ပြုတ်ကျ သေဆုံး
Wednesday, September 18, 2013
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့က ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုမှာ စက်တင်ဘာ ၁၆ ရက်နေ့ညက မြန်မာအလုပ်သမားတဦး ငြမ်းစင်ပေါ်က ပြုတ်ကျသေဆုံးခဲ့ပါတယ်။
သေဆုံးသူဟာ ဧရာဝတီတိုင်း ၀ါးခယ်မမြို့နယ်က အသက် ၂၃ အရွယ် ကိုရဲထွန်းနိုင် ဆိုသူဖြစ်ပြီး ချင်းမိုင်စူပါဟိုက်ဝေးလမ်းမကြီးပေါ်က ဆန်ဒိတ်လမ်းဆုံ ၆ လွှာ ကုန်တိုက် တည်ဆောက်ရေး လုပ်ငန်းခွင်တခုမှာ
ညဆိုင်းအလုပ်ဆင်းရင်း ၉ နာရီလောက်မှာ ၅ ထပ်လွှာ ငြမ်းစင်ပေါ်က ပြုတ်ကျပြီး
နေရာမှာတင် သေဆုံးခဲ့တာလို့ လုပ်ဖော်ကိုင်ဘက် အလုပ်သမားတွေက ပြောပါတယ်။ ကိုရဲထွန်းနိုင်ဟာ လုပ်ငန်းခွင်အန္တရာယ်ကာကွယ်ရေးပစ္စည်းဖြစ်တဲ့
ခါးပတ်နဲ့ ဦးထုပ်ကို ဆောင်မထားလို့ ခုလိုဖြစ်ရကြောင်း အလုပ်သမားတဦးက
ပြောဆိုပြီး လုပ်ငန်းခွင်မှာ ထိခိုက် သေဆုံးမှုအတွက်
ထိုက်သင့်တဲ့လျော်ကြေးရရှိဖို့ မက်ပ်ဖောင်ဒေးရှင်းက ကူညီဆောင်ရွက်
ပေးနေတယ်လို့ သိရပါတယ်။
DVB TV News
No comments:
Post a Comment