Tuesday, September 17, 2013

ကြိုးဝိုင်းများအတွင်း နှစ်ကာလကြာ တရားမဝင်နေထိုင်သူများအတွက် သစ်တောကြိုးဝိုင်းများမှ ဧကပေါင်း ၄၄၀၀၀၀ ခန့် ပယ်ဖျက်ပေး

Tuesday, September 17, 2013
သစ် တောကြိုးဝိုင်းများမှ ဧကပေါင်း ၄၃၇၅၄၉ ဒသမ ၇၄ ဧကကို သစ်တောကြိုးဝိုင်းများတွင် နှစ် ကာလ အတန်ကြာတရားမဝင်နေထိုင်လာသူများအတွက်ပယ်ဖျက်ပေးလိုက်ကြောင်းပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တော ရေးရာဝန်ကြီးဌာနမှ သိရသည်။ ယင်းသို့ ပယ်ဖျက်ပေးလိုက် ခြင်းမှာ မြို့ပြကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးစီမံကိန်းများ ဆောင်ရွက်ရာတွင် ပြည်သူလူထု ၏ စားဝတ်နေရေး၊ လူမှုစီးပွား ရေး ဖွံ့ဖြိုးတိုးတက်ရန်အတွက် ထိထိရောက်ရောက် ဆောင်ရွက် ပေးနိုင်ရန်အတွက် နိုင်ငံတော် သမ္မတ၏ လမ်းညွှန်ချက်များနှင့် အညီ ပယ်ဖျက်ပေးခြင်းဖြစ်ကြောင်း သိရသည်။
သစ်တောဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ''ပထမဆုံး ပြည်ထဲရေးအမည်ပေါက် အိမ်ခြေ ၅၀ အထက်တွေ ကို သစ်တောမြေက နေ ပယ်ဖျက်ပေးခဲ့ပါတယ်။အခုအမည်မပေါက်ကျေးရွာတွေကိုသစ်တောနယ်မြေကနေပယ်ဖျက်ပေးခဲ့ပါတယ်။အခုလို ပယ်ဖျက်ပေးခဲ့ရ တဲ့အတွက် သစ်တောကာ ကွယ်ဖို့နဲ့ သစ်တောကြိုးဝိုင်းကာ ကွယ်ဖို့ လိုအပ်တဲ့နေရာတွေ ကို ပြန်လည် တိုးချဲ့သွားမှာပါ''ဟု ပြော သည်။
သစ်တောဦးစီးဌာနအနေ ဖြင့် ပြည်ထဲရေးအမည်ပေါက် ကျေးရွာ ၁၂၁၃ ကျေးရွာနှင့် အ မည်မပေါက်ကျေး ရွာ ၃၉၁ ရွာ စု စုပေါင်း ကျေးရွာပေါင်း ၁၆၀၄ ရွာ အတွက် သစ်တောဧက ၄၃၇၅၄၉ ဒသမ ၇၄ ကို ပယ်ဖျက်ပေးလိုက် ရကြောင်း သစ်တောဌာန၏ စာ ရင်းများအရ သိရသည်။
ယင်းနှင့်ပတ်သက်ပြီး သစ် တောပညာရှင်တစ်ဦးက ''သစ် တောကြိုးဝိုင်းအတွင်းမှာဖြစ်ပေ မယ့် အားလုံးက လယ်မြေ၊ ရွာ တွေ ဖြစ်နေပါပြီ။ ပယ်ဖျက်ပေး လိုက်တဲ့အတွက် တရားဝင်ပိုင် ဆိုင်ခွင့်ရှိသွားတာပေါ့။ ဘာမှတော့ သိပ်ထူးခြားမှုမရှိပါဘူး။ အရေး ကြီးတာက ကျန်နေတဲ့သစ်တော ဧရိယာကို ထပ်ပြီး မကျူးကျော် ဖို့လိုတယ်''ဟု ပြောသည်။
၂၀၃၀-၂၀၃၁ ခုနှစ်တွင် နိုင်ငံတော်ဧရိယာ၏ ရာခိုင်နှုန်း ၃၀ ကို ကြိုးပြင်ကာကွယ်တော အဖြစ်ဖွဲ့စည်းရန် ရည်ရွယ်ထား သော်လည်း လက်ရှိအချိန်တွင် ၂၅ ရာခိုင်နှုန်းရှိနေပြီး တစ်ရာ ခိုင်နှုန်းနီးပါးကို ပယ်ဖျက်လိုက် ရခြင်းကြောင့် ၂၄ ရာခိုင်နှုန်းကျော် ကျော်သာကျန်ရှိတော့ကြောင်း သိရသည်။
Yangon Media Group

No comments:

Post a Comment

My Blog List