Thursday, September 19, 2013

သန်းသုံးထောင်နီးပါး ကုန်ကျမည့် တရားရုံးနှစ်ခု အသစ်ဆောက်မှု ၀န်ကြီးကန့်ကွက်သော်လည်း လွှတ်တော်အတည်ပြု

Thursday, September 19, 2013
သန်းပေါင်း နှစ်ထောင့်ကိုးရာ ကုန်ကျမည့် ရန်ကုန်အရှေ့ပိုင်းနှင့်အနောက်ပိုင်းခရိုင်တရားရုံးနှစ်ခုေ ဆာက်လုပ်ရန်ကိစ္စကို ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က စက်တင်ဘာ ၁၈ က ပြုလုပ်သည့် တိုင်းလွှတ်တော်တွင် ကန့်ကွက်ခဲ့သော်လည်း ဆောက်လုပ်ရန် လွှတ်တော်က အတည်ပြု လိုက်ပြီဖြစ်သည်။ထိုတရားရုံးနှစ်ခု ဆောက်လုပ်ရန်အတွက် ယခုဘဏ္ဍာနှစ်တွင် သန်းကိုးရာ ရရှိထားပြီး မလောက်သည့်အတွက် တိုင်းအစိုးရက နောက်ထပ် သန်းနှစ်ထောင် တောင်းခံခြင်းကို လွှတ်တော်က အတည်ပြု လိုက်ခြင်းဖြစ်သည်။“တိုင်းပြည်ဖွံ့ဖြိုးဖို့အတွက် ပညာရေးကဏ္ဍမှာ စာသင်ကျောင်းတွေ ပြိုနေတယ်။ ဆေးရုံတွေ ဆောက်ဖို့ အများကြီးလိုနေတယ်။တရားရုံးကြီးကိုဟိုတယ်ကြီးလိုဆောက်ပြီးတော့လုပ်စရာလိုမလိုကိုလည်း ဆွေးနွေးစေ လိုပါတယ်” ဟု ဦးဇော်အေးမောင်က ကန့်ကွက်ခဲ့သည်။
ယခုဘဏ္ဍာရေးနှစ်တွင် တရားရုံးတစ်ခုအတွက် သန်း ၄၅၀ (သိန်းပေါင်း ၄၅၀၀) ရရှိထားသော်လည်း “ပြီးခဲ့တဲ့လကပန္နက်ရိုက်တာတွေ့ပါတယ်။အခုထိတော့ဘာမှလုပ်တာမတွေ့သေးပါဘူး”ဟုဦးဇော်အေးမောင် က ပြောဆိုလိုက်ပြီး “အဲဒီတော့ အဲ့ဒီသိန်း ၄၅၀၀ မသုံးသေးဘဲနဲ့ (သန်း၂၀၀၀)သိန်း၂၀,၀၀၀ က ဘာ လို့ တောင်းသလဲ” ဟု လည်း ၎င်းက ထောက်ပြသည်။
သို့သော် အလျား ၂၀၀ x အနံ ၁၄၀ ပေကျယ်ကာ အမြင့် ငါးထပ်ပါဝင်မည့် ထိုတရားရုံးနှစ်ခုကို ပုံစံတူ ဆောက်လုပ်မည်ဖြစ်ကာ အချုပ်ခန်း၊ သက်သေနားနေခန်းများ ပါဝင်မည်ဖြစ်ပြီး ရုံးမြေပြုပြင်ခြင်း၊ ခြံစည်းရိုးကာခြင်းနှင့် လျှပ်စစ် လုပ်ငန်းများ လုပ်ဆောင်မည့်အတွက် ထပ်မံ တောင်းခံခြင်း ဖြစ်သည်ဟု တိုင်းဘဏ္ဍာရေးဝန်ကြီး ဒေါ်စန်းစန်းနွယ် က ပြန်လည် ရှင်းပြသည်။
ထိုတရားရုံးနှစ်ခု ဆောက်မည့်အပေါ် ဒေါက်တာညိုညိုသင်းက “လက်ခံနိုင်တဲ့ စံနှုန်းကနေ အရမ်း ကို ကျော်လွန်နေတဲ့အတွက်ကြောင့်သဘာဝမကျဘူး”ဟု လွှတ်တော်အစည်းအဝေးအပြီးတွင် မဇ္ဈိမ ၏ မေးမြန်းမှုကို ဖြေကြားခဲ့သည်။“အစိုးရအဖွဲ့က တင်ပြလာတိုင်းကျွန်မတို့ကိုယ်စားလှယ်တွေက အတည်ြ ပုပေးမှာလားဆိုတာမေးခွန်းထုတ်ရမှာပါ” ဟုလည်း ဒေါ်ညိုညိုသင်းက လွှတ်တော်တွင် ဆွေးနွေးစဉ် ပြော ဆိုခဲ့သေးသည်။
တရားရုံးနှစ်ခုဆောက်လုပ်မည့် ကုန်ကျစရိတ်ပါအ၀င် ယခုဘဏ္ဍာနှစ်အတွက် ငွေမလောက်သဖြင့် တိုင်းအစိုးရက တောင်းခံထားသည့် သန်းပေါင်း ၅၉၇၂၆ ဒသမ ၂၆ (သန်းပေါင်း ၆ သောင်းနီးပါး) ကိုလည်း လွှတ်တော်က အတည်ပြု ပေးခဲ့သည်။
ထိုငွေပမာဏကို ချပေးရန် အတည် ပြု၊ မပြု လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ခဲ့ရာ ၀န်ကြီး ဦးဇော်အေးမော င်နှင့် ဒေါက်တာဒေါ်ညိုညိုသင်းအပါအ၀င် ခုနစ်ဦးကသာ သဘောမတူသည့်အတွက် လွှတ်တော်ဥက္ကဋ္ဌက အတည်ပြု ပေးလိုက်ခြင်းဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List