Friday, September 20, 2013

မိတ္ထီလာ အကြမ်းဖက်မှု ခြောက်လကြာချိန်အထိ ကယ်ဆယ်ရေး စခန်းများမှ ဒုက္ခသည်များအား ရွှေ့ပြောင်းနိုင်ခြင်း မရှိသေး၍ လူမှုရေးနှင့် ကျန်းမာရေး အခက်အခဲများ ဖြစ်ပေါ်

Friday, September 20, 2013
မတ် ၂၀ ရက်က မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများကြောင့် ကယ်ဆယ်ရေး စခန်းများသို့ ရွှေ့ပြောင်းနေထိုင် ရသည်မှာ ခြောက်လကြာပြီ ဖြစ်သော်လည်း ပြန်လည်နေရာ ချထားပေးနိုင်ခြင်း မရှိသေးဘဲ ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာဝင် ဒုက္ခသည် အများအပြားမှာ လူမူရေးနှင့် ကျန်းမာရေး အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။

Photo: မိတ္ထီလာ အကြမ်းဖက်မှု ခြောက်လကြာချိန်အထိ ကယ်ဆယ်ရေး စခန်းများမှ ဒုက္ခသည်များအား ရွှေ့ပြောင်းနိုင်ခြင်း မရှိသေး၍ လူမှုရေးနှင့် ကျန်းမာရေး အခက်အခဲများ ဖြစ်ပေါ်
Friday, September 20, 2013

မတ် ၂၀ ရက်က မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများကြောင့် ကယ်ဆယ်ရေး စခန်းများသို့ ရွှေ့ပြောင်းနေထိုင် ရသည်မှာ ခြောက်လကြာပြီ ဖြစ်သော်လည်း ပြန်လည်နေရာ ချထားပေးနိုင်ခြင်း မရှိသေးဘဲ ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာဝင် ဒုက္ခသည် အများအပြားမှာ လူမူရေးနှင့် ကျန်းမာရေး အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။

''ခရိုင်အားကစားကွင်း ကယ်ဆယ်ရေး စခန်းမှာ နေရာက အရမ်းကျဉ်းပြီး လူကများနေတော့ လူမှုရေးပြဿနာ အမြဲကြုံနေ ကြရတယ်။ ခန်းမကျယ်ထဲမှာ အိမ်ထောင်သည်၊ အပျိုလူပျို ရေရှည်တွဲနေ ရတာဆိုတော့ ဘယ်လိုမှ မသင့်တော်တော့ဘူး။ လူတွေကလည်း စိတ်ညစ်နေကြတယ်။ နေ့တိုင်း ပြဿနာ တစ်ခုမဟုတ်တစ်ခု ရှိနေတယ်။ ကယ်ဆယ်ရေး စခန်းထဲကို အရက်ဆီ ခိုးသွင်းလို့ ပြဿနာ ဖြစ်တာလည်း ရှိတယ်။ အိမ်ထောင်သည်အချင်းချင်း လူမှုရေး အရှုပ်အရှင်း ဖြစ်တာလည်းရှိတယ်။ တစ်လောက တစ်ညလုံး လျှပ်စစ်မီးပျက်တော့ အခြေအနေက ပိုဆိုးလာတယ်။ အပြင်ထွက်ခွင့် လျှော့လိုက်လို့ စခန်းမှာ စောင့်ပေးနေတဲ့ ရဲတပ်ဖွဲ့နဲ့ အချေအတင် ဖြစ်တာလည်းရှိတယ်။ တစ်ယောက်နဲ့ တစ်ယောက်လည်း သည်းမခံနိုင်ကြတော့ ထစ်ဆို ရန်ဖြစ်ကြတယ်။ စားရေးသောက်ရေးက အဆင်အပြေကြီး မဟုတ်ပေမယ့် နေလို့ ဖြစ်ပါသေးတယ်။ အများစုက အိမ်ပြန်ချင်နေကြပြီ။ စက်တင်ဘာလထဲမှာ ရန်မျိုးအောင် ရပ်ကွက်ထဲက လူ ၄၀ ကျော်ကို ပြန်လည် နေရာချထား ပေးတာကလွဲလို့ ဘာမှမထူးသေးဘူး။ ခြောက်လကြာနေပေမယ့် ခုချိန်အထိ ဘယ်တော့ ပြန်ရမလဲဆိုတာ ဘယ်သူမှ သေချာမသိရသေးဘူး'' ဟု မိတ္ထီလာ ခရိုင်အားကစားကွင်း ကယ်ဆယ်ရေး စခန်းမှ ဒုက္ခသည် တစ်ဦးက ပြောကြားသည်။

''နေရတာက မိုးကုန်တော့မယ်။ ဘယ်တော့ ပြန်ရမလဲ မသိသေးဘူး။ တဲတန်းတွေနဲ့ နေရတာဆိုတော့ ဘယ်အဆင်ပြေမလဲ။ အကုန်လုံးလည်း စိတ်ပျက်နေကြတယ်။ ဘယ်တော့ဆိုတာ အချိန်သတ်မှတ်ချက် မရှိသေးဘူး။ ညမိုးရွာ နေ့နေပူဆိုတော့ နေရထိုင်ရတာ အရမ်းဆင်းရဲတယ်။ ဒီကြားထဲ အများနဲ့ ပေါင်းနေရတာ ဆိုတော့ ညလည်း ကောင်းကောင်းမအိပ်ရဘူး။ အသက်ကြီးတဲ့သူ၊ မကျန်းမာတဲ့ သူတွေလည်း ဒီအတိုင်း နေရတာပဲ။ အဆင်ပြေတဲ့ လူတွေတော့ အပြင်ထွက် အိမ်ငှားပြီး နေကြတယ်။ အကုန်လုံးက ပြန်ချင်နေကြပြီ။ ပြန်လည်နေရာ ချထားဖို့ကလည်း ခုချိန်အထိ ဘာမှန်းမသိသေးဘူး'' ဟု သာသနာ့ရက္ခိတ ကယ်ဆယ်ရေး စခန်းမှ ဒုက္ခသည်တစ်ဦးက ဆိုသည်။

မိတ္ထီလာမြို့တွင် မတ်လအကြမ်းဖက်မှု များကြောင့် ကယ်ဆယ်ရေးစခန်း ငါးခုဖွင့်လှစ်ထားရပြီး စက်တင်ဘာ ၁၉ ရက်အထိ ခရိုင်အားကစားကွင်း ကယ်ဆယ်ရေး စခန်းတွင် အစ္စလာမ်ဘာသာဝင် အိမ်ထောင်စု ၂၆၉ စု၊ လူဦးရေ ၈၉၅ ဦး၊ ဗဟိုပို့ဆောင် ဆက်သွယ်ရေး သင်တန်းကျောင်း ကယ်ဆယ်ရေးစခန်းတွင် အစ္စလာမ် ဘာသာဝင် အိမ်ထောင်စု ၃၀၀ စု၊ လူဦးရေ ၁၅၄၆ ဦး၊ ရေအရင်းအမြစ် ကယ်ကယ်ဆယ်ရေး စခန်းတွင် အစ္စလာမ်ဘာသာဝင် အိမ်ထောင်စု ၁၈၅ စု၊ လူဦးရေ ၈၆၈ ဦး၊ သာသနာ့ရက္ခိတ ကယ်ဆယ်ရေး စခန်းတွင် ဗုဒ္ဓဘာသာဝင် အိမ်ထောင်စု ၁၆၉ စု၊ လူဦးရေ ၆၅၆ ဦး၊ အုတ်ဖိုကယ်ဆယ်ရေး စခန်းတွင် ဗုဒ္ဓဘာသာဝင် အိမ်ထောင်စု ၈၁ စု၊ လူဦးရေ ၁၉၁ ဦး စုစုပေါင်း လူဦးရေ ၄၁၅၆ ဦး ခိုလှုံနေရဆဲ ဖြစ်ကြောင်း သိရသည်။

မိတ္ထီလာမြို့ ခရိုင်အားကစား ကွင်းအတွင်း ဖွင့်လှစ်ထားသော ကယ်ဆယ်ရေး စခန်းတစ်ခုအား စက်တင်ဘာ လဆန်းက တွေ့ရစဉ်

Eleven Media Group

No comments:

Post a Comment

My Blog List