Friday, September 20, 2013

ငြိမ်းချမ်းရေးနေ့ ထားဝယ်တွင် ပထမဆုံးအကြိမ် ကျင်းပမည်

Friday, September 20, 2013
စက်တင်ဘာ ၂၁ ရက်နေ့တွင် ကျရောက်သော နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့ ပွဲတော်ကို ထားဝယ်ဒေသ တွင် ပထမဆုံးအကြိမ် ကျင်းပမည် ဖြစ်ကြောင်း သက်ဆိုင်ရာ အဖွဲ့များထံမှ သိရသည်။ ထားဝယ်လူငယ် များက ထားဝယ်မြို့အနီးရှိ စပါးတောင်တွင် လည်းကောင်း၊ ထားဝယ် အမျိုးသမီး သမဂ္ဂက ထားဝယ်မြို့ ဆိပ်ကမ်းသာခန်းမတွင်လည်းကောင်း အသီးသီးကျင်းပမည် ဖြစ်ကြောင်း သက်ဆိုင်ရာအဖွဲ့များထံမှ သိရ သည်။ ထားဝယ်အမျိုးသမီးသမဂ္ဂအနေနှင့် နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့ အခမ်းအနားတွင် ဖွံ့ဖြိုး တိုးတက်ရေးက ငြိမ်းချမ်းရေးကို အဟန့်အတား ဖြစ်။ မဖြစ်၊ အမျိုးသမီးများ ပြင်ပဗဟုသုတ နည်းပါးသဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ပါဝင်သင့်။ မသင့်စသည့်ခေါင်းစဉ်များဖြင့် စကားစစ်ထိုးပွဲ (ဒီဘိတ်) ပြု လုပ်မည်ဖြစ်ပြီး ကဗျာပြိုင်ပွဲ၊ကလေးငယ်များ၏ ကလေးစစ်သားဆိုင်ရာ ဇာတ်လမ်းတိုများလည်း တင်ဆက် မည် ဖြစ်ကြောင်း အထက်ပါ သမဂ္ဂ၏ ထားဝယ်စင်တာ တာဝန်ခံ ဒေါ်နှင်းအိက ပြောကြားသည်။ ထားဝယ် လူငယ်များကလည်း ထားဝယ်မြို့အနီးရှိ သာသနာ့ နယ်မြေဖြစ်သော စပါးတောင်တွင် မိုးပျံ ပူဖောင်းများ လွှတ်တင်ခြင်း၊ ငြိမ်းချမ်းရေး သီချင်းများ သီဆိုခြင်းတို့ဖြင့် နိုင်ငံတကာ ငြိမ်းချမ်းရေးကို ကြိုဆို မည် ဖြစ်ကြောင်း အဆိုပါ အခမ်းအနား ဖိတ်ကြားလွှာတွင် ဖော်ပြထားသည်။
ကရင်နှင့် မွန်တိုင်းရင်းသားလက်နက်ကိုင်များအဓိကအခြေစိုက်ရာ ထားဝယ်ဒေသတွင် တိုက်ပွဲများ ဖြစ်ပွာြး ခင်း မရှိသော်လည်း စီမံကိန်းကြောင့် လယ်မြေများ အသိမ်းခံရခြင်း၊ မူရင်းနေထိုင်သူ များ ပြောင်းရွှေ့ ခံရခြင်းစသည့်မငြိမ်းချမ်းသည့်ကိစ္စများ ခံစားနေရကြောင်း ဒေါ်နှင်းအိက ဆိုသည်။ ထားဝယ်-ဘန်ကောက် လမ်းမကြီး ဖောက်လုပ်လျက်ရှိပြီး ထားဝယ်အထူးစီးပွားရေး ဇုန်နှင့် ရေနက်ဆိပ်ကမ်း အကောင်အထည်ေ ဖ်ာနေ သည့် ထားဝယ်ဒေသတွင် လယ်သမားများနှင့် သက်ဆိုင်ရာ ကုမ္ပဏီများ မြေယာဆိုင်ရာ အငြင်း ပွားမှုများ မကြာခဏ ဖြစ်ပွားလျက် ရှိသည်။

The Voice Weekly

No comments:

Post a Comment

My Blog List