Saturday, August 03, 2013

ကရင်ပြည်နယ်ရှိ ရေဘေးသင့် နေရာများသို့ ဒုတိယသမ္မတ ဦးဥာဏ်ထွန်း သွားရောက်

ကရင်ပြည်နယ် ဘားအံမြို့တွင် ဖြစ်ပွားနေသော ရေဘေးသင့် ဒေသများသို့ ဒုတိယသမ္မတ ဦးဥာဏ်ထွန်း ဦးဆောင်သော အမျိုးသား သဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီသည် သြဂုတ် ၁ ရက်မှစ၍သွားရောက်ခဲ့ပြီးကူညီကယ်ဆယ်ရေးနှင့်ပုံမှန်အနေအထားသို့ ပြန်လည် ရောက်အောင် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။
ဇူလိုင် ၂ ရက်က ဒုတိယသမ္မတ ဦးဥာဏ်ထွန်းသည် ကော့ကရိတ်မြို့ရှိ ယာယီကယ်ဆယ်ရေး စခန်းများသို့ သွားရောက်ပြီး ရေဘေးသင့် ဒုက္ခသည်များနှင့် တွေ့ဆုံခဲ့၍ အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် ၁၅၀၀၀ နှုန်း၊ ဆန်၊ ဆေးဝါးနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

ထို့နောက် ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည် ရဟတ်ယာဉ်ဖြင့် ပြန်လည်ထွက်ခွာခဲ့ရာ ရဟတ်ယာဉ်ပေါ်မှ ကရင်ပြည်နယ်အတွင်း ရေနစ်မြုပ်မှုများကို ကြည့်ရှုခဲ့ကြောင်း သိရသည်။
ဇူလိုင် ၂၇ ရက်က မိုးသည်းထန်စွာ ရွာသွန်းပြီး မြစ်ရေကြီးမှုများကြောင့် ကရင်ပြည်နယ်အတွင်း ဘားအံ မြို့နယ်၊ လှိုင်းဘွဲမြို့နယ်၊ ကော့ကရိတ်မြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ မြ၀တီမြို့နယ်နှင့် ကမမောင်း မြို့နယ်ခွဲတို့တွင် အိမ်ထောင်စုပေါင်း ၆၇၃၃ စုမှ လူ ၃၃၄၀၉ ဦးတို့ ရေဘေးဒုက္ခ ကြုံတွေ့သဖြင့် ကယ်ဆယ်ရေးစခန်း ၇၉ ခု ဖွင့်လှစ်ကူညီလျက် ရှိကြောင်းနှင့် ရေလွှမ်းမိုးမှုကြောင့် လူသုံးဦး သေဆုံးကာ တစ်ဦး ပျောက်ဆုံးခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ဒုက္ခသည် အိမ်ထောင်စု ၆၃၉၉ စု၊ လူဦးရေ ၃၁၅၇၄ ဦးသာကျန်ရှိတော့ကြောင်းနှင့် ကော့ ကရိတ်-မြ၀တီသွား တောင်ပေါ် ကားလမ်းမှာလည်း သြဂုတ် ၃ ရက်မှစ၍ ယာဉ်ငယ်များ သွားလာနိုင် မည် ဖြစ်ကြောင်း သတင်းရရှိသည်။
အလားတူ ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်ခဲ့ရာ အိမ်ထောင်စုပေါင်း ၁၀၅၀ စုမှ လူဦးရေ ၄၆၈၀ ဦးတို့ ရေဘေးဒုက္ခ ကြုံတွေ့ခဲ့သည်ဟု သိရသည်။
 

No comments:

Post a Comment

My Blog List