Thursday, August 01, 2013

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် တအောင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်တို့ ရှမ်းပြည် နယ်မြောက်ပိုင်း မူဆယ်မြို့တွင် ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေး

Thursday, August 1, 2013
ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ သမ္မတရုံးဝန်ကြီး ဦးအောင်မင်း ဦးဆောင်သောအဖွဲ့နှင့်တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်မှဒုတိယဗိုလ်မှူးကြီးတားဘုန်းကျော် ဦးဆောင်သောအဖွဲ့သည် ဇူလိုင် ၃၁ ရက်က ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့တွင် ပြည်နယ်အ ဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။ ဆွေးနွေးပွဲသို့ သမ္မတရုံးဝန်ကြီး ဦးအောင်မင်း အပါ အ၀င် ၀န်ကြီးများ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ Myanmar Peace Center မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး တအောင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် T.N.L.A ဘက်မှ အထွေထွေအတွင်းရေးမှူး ဒု-ဗိုလ်မှူးကြီး တားဘုန်းကျော် အပါအ၀င် ကိုယ်စားလှယ်ကိုးဦး ပါဝင်ဆွေးနွေးသွားခဲ့သည်။
Photo: ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် တအောင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်တို့ ရှမ်းပြည် နယ်မြောက်ပိုင်း မူဆယ်မြို့တွင် ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေး
Thursday, August 1, 2013

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ သမ္မတရုံးဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော အဖွဲ့နှင့် တအောင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်မှ ဒုတိယဗိုလ်မှူးကြီး တားဘုန်းကျော် ဦးဆောင်သော အဖွဲ့သည် ဇူလိုင် ၃၁ ရက်က ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့တွင် ပြည်နယ်အဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

ဆွေးနွေးပွဲသို့ သမ္မတရုံးဝန်ကြီး ဦးအောင်မင်း အပါအ၀င် ၀န်ကြီးများ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ Myanmar Peace Center မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး တအောင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် T.N.L.A ဘက်မှ အထွေထွေအတွင်းရေးမှူး ဒု-ဗိုလ်မှူးကြီး တားဘုန်းကျော် အပါအ၀င် ကိုယ်စားလှယ်ကိုးဦး ပါဝင်ဆွေးနွေးသွားခဲ့သည်။

သမ္မတရုံးဝန်ကြီး ဦးအောင်မင်း အပါအ၀င် အစိုးရဘက်မှ နမ့်ဆမ်မဲဆန္ဒနယ်မြေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်ဆွေ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစ၀်အောင်မြတ်၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်အောင်စိုး၊ ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်ကျော်တို့က အစိုးရကိုယ်စားပြု ဆွေးနွေးကြသည်။

အစိုးရအဖွဲ့ ကိုယ်စားပြု ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ အနေဖြင့် T.N.L.A ထံသို့ အပစ်အခတ် ရပ်စဲရေး၊ ဆက်ဆံရေးရုံး ဖွင့်လှစ်ရေး၊ လက်နက်မကိုင်ဆောင်ဘဲ နယ်မြေအတွင်း တပ်များလွတ်လပ်စွာ သွားလာနိုင်ရေး၊ ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲ ကျင်းပနိုင်ရေး ဆွေးနွေးခဲ့သည်။

တအောင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် ကိုယ်စားလှယ်အဖွဲ့မှ ဒု-ဗိုလ်မှူးကြီး တားဘုန်းကျော်က ဆွေးနွေးရာတွင် ၂၀၀၅ ခုနှစ်တွင် နယ်ခြားစောင့် တပ်ဖွဲ့အဖြစ် အသွင်ပြောင်းခဲ့ပြီးနောက်တွင် တစ်မျိုးသားလုံး အဖိနှိပ်ခံရခြင်းကြောင့် လက်နက်ပြန်လည်ကိုင်ဆောင် ခဲ့ရသည်ဟု အကြမ်းဖျင်း ပြောနိုင်ကြောင်း၊ လွတ်လပ်ရေး ရပြီးနောက်တွင် တန်းတူအခွင့်အရေး မရခဲ့ကြောင်း၊ တအောင်း၊ ပလောင်ကပိုပြီး ဖိနှိပ်ခံရကြောင်း၊ ထို့ကြောင့် လက်နက်ကိုင်ပြီး တိုက်ခိုက်ရာတွင် လက်နက်ဖြုတ်သိမ်း ခံရကြောင်း၊ သမ္မတဦးသိန်းစိန် ဦးဆောင်ပြီး ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်နေသည်ကို အသိအမှတ် ပြုကြောင်း၊ သို့သော် ထူးခြားမှု မရှိသေးကြောင်း၊ ယခုတက်လာသည့် အစိုးရသည် မိမိတို့၏ ခံစားချက်ကို နားလည်သည်ဟု ယူဆပါကြောင်း ပြောကြားသည်။

၎င်းကပင် ၂၀၁၀ ရွေးကောက်ပွဲအတွက် ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအတွက် နမ့်ဆန်နှင့် မန်တုံနှစ်မြို့တည်းကိုသာ ရရှိခဲ့ကြောင်း၊ အမှန်တကယ်ဆိုလျှင် ၁၃ မြို့နယ် တစ်ဆက်တည်း ရသင့်ကြောင်း၊ လက်နက်မဖြုတ်သိမ်းမီက အစဉ်တစိုက် တောင်းဆိုခဲ့သော်လည်း မရရှိခဲ့ကြောင်း၊ လက်နက်ဖြုတ်သိမ်း ခဲ့ပြီးနောက်တွင် နှစ်မြို့တည်းသာ ရခဲ့ပြီး အမှန်တကယ် သန်းခေါင်စာရင်း ကောက်ခံပါက ဤဒေသအတွင်း ပလောင်လူမျိုး ၁၀ သိန်းခန့် နေထိုင်ကြောင်း၊ လွတ်လပ်ရေး ရရှိစဉ်ကပင် သုံးသိန်းခန့် ရှိခဲ့ကြောင်း၊ ယခုအထိလည်း အစိုးရစာရင်းတွင် နှစ်သိန်း-သုံးသိန်းခန့်သာ ရှိသေးကြောင်း၊ ထို့ကြောင့် နယ်မြေပိုမို ရရှိရေးအတွက် ဆက်လက်တိုက်ပွဲ ၀င်နေရဦးမည်ဖြစ်ကြောင်း ပြောကြားသည်။

T.N.L.A အနေဖြင့် အဖိနှိပ်ခံဘ၀မှ လွတ်မြောက်ရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး၊ မဟာလူမျိုးကြီး ၀ါဒနှင့် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး၊ မိမိ၏ကြမ္မာကို မိမိကိုယ်တိုင် ဖန်တီးနိုင်ရေးနှင့် စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စုစနစ် ပေါ်ပေါက်လာရေး စသည့်အချက် ငါးချက်ကို ဦးတည်ချက် ချမှတ်ထားကြောင်းဖြင့် ဒုဗိုလ်မှူးကြီး တားဘုန်းကျော်က ပြောကြားသည်။

တအောင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော်မှ ဆွေးနွေးရာတွင် စည်းရုံးရေး လုပ်ငန်းစဉ်များ ပြုလုပ်ရာတွင် အောက်ခြေတပ်များ အချင်းချင်း တိုက်ခိုက်မှုများ ရှိနေကြောင်း၊ ယခုအကြီးတန်း ဆွေးနွေးပွဲသို့ လာရောက်စဉ်ပင် အောက်ခြေတပ်များ ထိပ်တိုက်ရင်ဆိုင်မည့် အခြေအနေများ ဖြစ်ပေါ်ခဲ့ကြောင်း ဆွေးနွေးသည်။

နယ်မြေနှင့် လက်နက်ကိုင်တပ်များအရေး ဆွေးနွေးစဉ် မီဒီယာများအားလုံး ဆွေးနွေးပွဲပြင်ပသို့ ထွက်ခိုင်းခဲ့ပြီး မွန်းလွဲ ၂ နာရီတွင် ဆွေးနွေးပွဲကို ပြန်လည်စတင်ခဲ့သည်။ ဆွေးနွေးပွဲ ပြီးဆုံးသည့်အခါ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက မီဒီယာများ၏ မေးမြန်းချက်များကို ဖြေကြားရာတွင် ယနေ့ဆွေးနွေးပွဲတွင် သဘောတူညီချက် တစ်စုံတစ်ရာ မရရှိခဲ့သော်လည်း မကြာမီရက်ပိုင်းအတွင်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်း နောက်ထပ်ဆွေးနွေးမှု ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

"အခြေခံ အချက်တွေမှာ သဘောတူညီကြပါတယ်။ လက်မှတ်မထိုးဖြစ်တာက ကျွန်တော်တို့ ဥက္ကဋ္ဌက ခရီးသွားနေတယ်။ နောက်သူတို့ ဦးစီးချုပ် မပါဘူး။ အဲဒါကြောင့် မထိုးနိုင်တာ။ အကုန်လုံးက သဘောတူကြပါတယ်။ နောက်ထပ်တိုက်ပွဲတွေ မဖြစ်အောင်လည်း ဆွေးနွေးပြီးပြီ။ အရင်ကဖြစ်တဲ့ တိုက်ပွဲတွေက သူ့အမှားကိုယ့်အမှား။ ထားလိုက်တော့။ နောက်ထပ်မဖြစ်အောင် ဆက်သွယ်ရေး လမ်းကြောင်းတွေနဲ့ တပ်ချင်းမမှားအောင် ဖုန်းဆက်ပြီး ပြောကြမှာပေါ့။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေက တစ်ခါတလေမှာ တိမ်မလိုလိုနဲ့ နက်တယ်။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ငြိမ်းချမ်းရေးရအောင် ဆောင်ရွက်မယ်လို့ သမ္မတကြီး ပြောထားတယ်။ သူပြောတဲ့အထဲမှာ ဘယ်အချိန်ဆိုတာ မပါဘူး။ ကျွန်တော်ကတော့ ဇူလိုင်လကုန်မှာ အပြီးလုပ်မယ်လို့ ပြောထားတယ်။ ဒီနေ့ ဇူလိုင်လ ကုန်ပြီ။ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး ရအောင်ဆိုရင် စာနဲ့ပြောလို့မရဘူး။ ကိုယ်တိုင်လိုက်ပြောမှ ရမယ်။ အခု ငါးဖွဲ့ပြောပြီးပြီ။ အားလုံးက မူအားဖြင့် သဘောတူတယ်" ဟု ဦးအောင်မင်းက ပြောကြားသည်။

တအောင်း ပလောင်အဖွဲ့မှ ပြောကြားသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေပိုမိုရရှိရေး တောင်းဆိုမှုနှင့် ပတ်သက်ပြီး ဖြေကြားရာတွင် ပြည်ထောင်စုဝန်ကြီးက "ဒါက ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ပဲ ဆိုင်တယ်။ ကျွန်တော်တို့ သဘောနဲ့ ပေးလို့မရဘူး။ ပြည့်သူ့ဆန္ဒ ခံယူပွဲလုပ်ပြီး ပြည်သူက ပေးပါဆိုရင် ပေးရုံပဲ" ဟု ပြောကြားသည်။

ပြည်ထောင်စု အစိုးရအဖွဲ့ ကိုယ်စားပြု ဆွေးနွေးခဲ့သော အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်အောင်စိုးက အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးနေသော်လည်း တိုက်ပွဲများ ဖြစ်နေရခြင်းမှာ အဖွဲ့အစည်း အချို့သည် သဘောတူလက်မှတ် ရေးထိုးထားသည့် အချက်များကို ချိုးဖောက်ပြီး တပ်သားစုဆောင်းခြင်း၊ ဆက်ကြေးကောက်ခံခြင်းများ ရှိနေခြင်းကြောင့် ပြည်သူလူထုကို ကာကွယ်ပေးရာမှ ရင်ဆိုင်တိုက်ပွဲများ ဖြစ်ပေါ်လာရကြောင်း ပြောကြားသွားခဲ့သည်။

အဆိုပါ ပြောကြားချက်နှင့် ပတ်သက်ပြီး တအောင်းလွတ်မြောက်ရေး တပ်မတော်မှ ဒု-ဗိုလ်မှူးကြီး တားဘုန်းကျော်က "ကျွန်တော်တို့ နယ်မြေမှာတော့ အစိုးရတပ်တွေက ကျွန်တော်တို့ စခန်းတွေကို တက်လာလို့ဖြစ်တဲ့ တိုက်ပွဲတွေပါ။ တိုင်းမှူးကလည်း တိုင်းမှူးလုပ်ရမယ့် အလုပ်လုပ်တယ်လို့ ကျွန်တော် မြင်ပါတယ်။ တကယ့် တိုက်ပွဲဖြစ်ရတာက အဲဒါတွေနဲ့ မဆိုင်ဘူးလို့ ကျွန်တော်မြင်ပါတယ်" ဟု ပြောကြားသည်။

Eleven Media Group

ဆွေးနွေးပွဲအပြီး ပြန်လည်ထွက်ခွာလာသော တအောင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်မှ တပ်ဖွဲ့ဝင်များအား ဒေသခံ တအောင်းပလောင် တိုင်းရင်းသားများက နှုတ်ဆက်နေစဉ် (ဓာတ်ပုံ-စိုးထက်ခိုင်)

သမ္မတရုံးဝန်ကြီး ဦးအောင်မင်း အပါအ၀င် အစိုးရဘက်မှ နမ့်ဆမ်မဲဆန္ဒနယ်မြေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်ဆွေ၊ပြည်နယ်ဝန်ကြီးချုပ် ဦးစ၀်အောင်မြတ်၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်အောင်စိုး၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်ကျော်တို့က အစိုးရ ကိုယ်စားပြု ဆွေးနွေးကြသည်။
အစိုးရအဖွဲ့ ကိုယ်စားပြု ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ အနေဖြင့် T.N.L.A ထံသို့ အပစ်အခတ် ရပ်စဲရေး၊ ဆက်ဆံရေးရုံး ဖွင့်လှစ်ရေး၊ လက်နက်မကိုင်ဆောင်ဘဲ နယ်မြေအတွင်း တပ်များလွတ်လပ်စွာ သွားလာနိုင်ရေး၊ ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲ ကျင်းပနိုင်ရေး ဆွေးနွေးခဲ့သည်။
တအောင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် ကိုယ်စားလှယ်အဖွဲ့မှ ဒု-ဗိုလ်မှူးကြီး တားဘုန်းကျော် က ဆွေးနွေးရာတွင် ၂၀၀၅ ခုနှစ်တွင် နယ်ခြားစောင့်တပ်ဖွဲ့အဖြစ် အသွင်ပြောင်းခဲ့ပြီးနောက်တွင် တစ်မျိုးသားလုံးအဖိနှိပ်ခံရခြင်းကြောင့်လက်နက်ပြန်လည်ကိုင်ဆောင်ခဲ့ရသည်ဟုအကြမ်းဖျင်း ပြောနိုင်ကြောင်း၊ လွတ်လပ်ရေး ရပြီးနောက်တွင် တန်းတူအခွင့်အရေး မရခဲ့ကြောင်း၊ တအောင်း၊ ပလောင်ကပိုပြီး ဖိနှိပ်ခံ ရကြောင်း၊ ထို့ကြောင့် လက်နက်ကိုင်ပြီး တိုက်ခိုက်ရာတွင် လက်နက်ဖြုတ်သိမ်း ခံရကြောင်း၊ သမ္မတ ဦးသိန်းစိန် ဦးဆောင်ပြီး ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်နေသည်ကို အသိအမှတ် ပြုကြောင်း၊ သို့သော် ထူးခြားမှု မရှိသေးကြောင်း၊ ယခုတက်လာသည့် အစိုးရသည် မိမိတို့၏ ခံစားချက်ကို နားလည်သည်ဟု ယူဆပါကြောင်း ပြောကြားသည်။
၎င်းကပင် ၂၀၁၀ ရွေးကောက်ပွဲအတွက် ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအတွက် နမ့်ဆန်နှင့် မန်တုံနှစ်မြို့တည်းကိုသာ ရရှိခဲ့ကြောင်း၊ အမှန်တကယ်ဆိုလျှင် ၁၃ မြို့နယ် တစ်ဆက်တည်း ရသင့်ကြောင်း၊ လက်နက်မဖြုတ်သိမ်းမီက အစဉ်တစိုက် တောင်းဆိုခဲ့သော်လည်း မရရှိခဲ့ကြောင်း၊ လက်နက်ဖြုတ်သိမ်း ခဲ့ပြီးနောက်တွင် နှစ်မြို့တည်းသာ ရခဲ့ပြီး အမှန်တကယ် သန်းခေါင်စာရင်း ကောက်ခံ ပါက ဤဒေသအတွင်း ပလောင်လူမျိုး ၁၀ သိန်းခန့် နေထိုင်ကြောင်း၊ လွတ်လပ်ရေး ရရှိစဉ်ကပင် သုံးသိန်း ခန့် ရှိခဲ့ကြောင်း၊ ယခုအထိလည်း အစိုးရစာရင်းတွင် နှစ်သိန်း-သုံးသိန်းခန့်သာ ရှိသေးကြောင်း၊ ထို့ကြောင့် နယ်မြေပိုမို ရရှိရေးအတွက် ဆက်လက်တိုက်ပွဲ ၀င်နေရဦးမည်ဖြစ်ကြောင်း ပြောကြားသည်။
T.N.L.A အနေဖြင့် အဖိနှိပ်ခံဘ၀မှ လွတ်မြောက်ရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး၊ မဟာလူမျိုးကြီး ၀ါဒနှင့် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး၊ မိမိ၏ကြမ္မာကို မိမိကိုယ်တိုင် ဖန်တီးနိုင်ရေးနှင့် စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စုစနစ် ပေါ်ပေါက်လာရေး စသည့်အချက် ငါးချက်ကို ဦးတည်ချက် ချမှတ်ထားကြောင်းဖြင့် ဒုဗိုလ်မှူးကြီး တားဘုန်းကျော်က ပြောကြားသည်။
တအောင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော်မှ ဆွေးနွေးရာတွင် စည်းရုံးရေး လုပ်ငန်းစဉ်များ ပြုလုပ် ရာတွင် အောက်ခြေတပ်များ အချင်းချင်း တိုက်ခိုက်မှုများ ရှိနေကြောင်း၊ ယခုအကြီးတန်း ဆွေးနွေးပွဲသို့ လာရောက်စဉ်ပင်အောက်ခြေတပ်များထိပ်တိုက်ရင်ဆိုင်မည့်အခြေအနေများ ဖြစ်ပေါ်ခဲ့ကြောင်း ဆွေးနွေး သည်။ နယ်မြေနှင့် လက်နက်ကိုင်တပ်များအရေးဆွေးနွေးစဉ်မီဒီယာများအားလုံး ဆွေးနွေးပွဲပြင်ပသို့ ထွက်ခိုင်းခဲ့ပြီးမွန်းလွဲ၂နာရီတွင် ဆွေးနွေးပွဲကို ပြန်လည်စတင်ခဲ့သည်။ ဆွေးနွေးပွဲပြီးဆုံးသည့်အခါ ပြည်ထောင် စုဝန်ကြီး ဦးအောင်မင်းက မီဒီယာများ၏ မေးမြန်းချက်များကို ဖြေကြားရာတွင် ယနေ့ဆွေးနွေးပွဲတွင် သဘောတူညီချက် တစ်စုံတစ်ရာ မရရှိခဲ့သော်လည်း မကြာမီရက်ပိုင်းအတွင်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရ ဒေသအတွင်း နောက်ထပ်ဆွေးနွေးမှု ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
"အခြေခံ အချက်တွေမှာ သဘောတူညီကြပါတယ်။ လက်မှတ်မထိုးဖြစ်တာက ကျွန်တော်တို့ ဥက္ကဋ္ဌက ခရီး သွားနေတယ်။ နောက်သူတို့ ဦးစီးချုပ် မပါဘူး။ အဲဒါကြောင့် မထိုးနိုင်တာ။ အကုန်လုံးက သဘောတူကြ ပါတယ်။ နောက်ထပ်တိုက်ပွဲတွေ မဖြစ်အောင်လည်း ဆွေးနွေးပြီးပြီ။ အရင်ကဖြစ်တဲ့ တိုက်ပွဲတွေက သူ့အမှားကိုယ့်အမှား။ ထားလိုက်တော့။ နောက်ထပ်မဖြစ်အောင် ဆက်သွယ်ရေး လမ်းကြောင်းတွေနဲ့ တပ်ချင်းမမှားအောင် ဖုန်းဆက်ပြီး ပြောကြမှာပေါ့။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေက တစ်ခါတလေမှာ တိမ်မလိုလိုနဲ့ နက်တယ်။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ငြိမ်းချမ်းရေးရအောင် ဆောင်ရွက်မယ်လို့ သမ္မတ ကြီး ပြောထားတယ်။ သူပြောတဲ့အထဲမှာ ဘယ်အချိန်ဆိုတာ မပါဘူး။ ကျွန်တော်ကတော့ ဇူလိုင်လကုန်မှာ အပြီးလုပ်မယ်လို့ ပြောထားတယ်။ ဒီနေ့ ဇူလိုင်လ ကုန်ပြီ။ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး ရအောင်ဆိုရင် စာနဲ့ပြောလို့မရဘူး။ ကိုယ်တိုင်လိုက်ပြောမှ ရမယ်။ အခု ငါးဖွဲ့ပြောပြီးပြီ။ အားလုံးက မူအားဖြင့် သဘောတူတယ်" ဟု ဦးအောင်မင်းက ပြောကြားသည်။
တအောင်း ပလောင်အဖွဲ့မှ ပြောကြားသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေပိုမိုရရှိရေး တောင်းဆိုမှုနှင့် ပတ်သက်ပြီး ဖြေကြားရာတွင် ပြည်ထောင်စုဝန်ကြီးက "ဒါက ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ပဲ ဆိုင်တယ်။ ကျွန်တော်တို့ သဘောနဲ့ ပေးလို့မရဘူး။ ပြည့်သူ့ဆန္ဒ ခံယူပွဲလုပ်ပြီး ပြည်သူက ပေးပါဆိုရင် ပေးရုံပဲ" ဟု ပြောကြားသည်။
ပြည်ထောင်စု အစိုးရအဖွဲ့ ကိုယ်စားပြု ဆွေးနွေးခဲ့သော အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်အောင်စိုးက အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးနေသော်လည်း တိုက်ပွဲများ ဖြစ်နေရခြင်းမှာ အဖွဲ့အစည်း အချို့သည် သဘောတူလက်မှတ် ရေးထိုးထားသည့် အချက်များကို ချိုးဖောက်ပြီး တပ်သား စုဆောင်းခြင်း၊ ဆက်ကြေးကောက်ခံခြင်းများ ရှိနေခြင်းကြောင့် ပြည်သူလူထုကို ကာကွယ်ပေးရာမှ ရင်ဆိုင် တိုက်ပွဲများ ဖြစ်ပေါ်လာရကြောင်း ပြောကြားသွားခဲ့သည်။
အဆိုပါ ပြောကြားချက်နှင့် ပတ်သက်ပြီး တအောင်းလွတ်မြောက်ရေး တပ်မတော်မှ ဒု-ဗိုလ်မှူးကြီး တားဘုန်းကျော်က "ကျွန်တော်တို့ နယ်မြေမှာတော့ အစိုးရတပ်တွေက ကျွန်တော်တို့ စခန်းတွေကို တက်လာလို့ဖြစ်တဲ့ တိုက်ပွဲတွေပါ။ တိုင်းမှူးကလည်း တိုင်းမှူးလုပ်ရမယ့် အလုပ်လုပ်တယ်လို့ ကျွန်တော် မြင်ပါတယ်။ တကယ့် တိုက်ပွဲဖြစ်ရတာက အဲဒါတွေနဲ့ မဆိုင်ဘူးလို့ ကျွန်တော်မြင်ပါတယ်" ဟု ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment

My Blog List