Saturday, August 03, 2013

မြန်မာနေရှင်နယ်လိဂ်၏သမိုင်းဝင်ပွဲစဉ်တစ်ခုဖြစ်လာမည့် နေပြည်တော် အသင်း နှင့် ရန်ကုန်ယူနိုက်တက်အသင်း တို့  ၏ ဗိုလ်လုပွဲ ပွဲစဉ်

Saturday, Augest 03, 2013
ယခုလာမည့် သြဂုတ် (၄) ရက်နေ့  ညနေ (၆း၀၀)နာရီ အချိန်တွင် နေပြည်တော် အသင်း နှင့် ရန်ကုန်ယူနိုက်တက် အသင်းတို့ သည် မြန်မာနေရှင်နယ်လိဂ် ၏ ပွဲစဉ်(၂၂) ဗိုလ်လုပွဲ စဉ် အား နေပြည်တော် ၀ဏ္ဏသိဒ္ဓိကွင်း တွင် ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း Myanmar News International မှ သတင်းရရှိသည်။
ထိုပွဲစဉ် အား ပြုလုပ်ကျင်းပမည့် နေပြည်တော် ၀ဏ္ဏသိဒ္ဓိကွင်း သည် 2013အရှေ့ တောင်အာရှအားကစားပြိုင်ပွဲ အတွက် ပြုလုပ်ထာသောကွင်း
ဖြစ်ပြီး မြန်မာနေရှယ်လိဂ် ပွဲစဉ်များအားကျင့်ပလေ့ မရှိသောကွင်းဖြစ်သည်။
ယခုအခါ တွင် မြန်မာနေရှင်နယ်လိဂ် ၏ အောင်မြင်ဆုံးအသင်းဖြစ်သော ရန်ကုန်ယူနိုက်တက်အသင်း နှင့် နေပြည်တော်အသင်း တို့ ၏ ပွဲ စဉ်အား
ထိုကွင်းတွင်ယှဉ်ပြိုင်ကစားမည်ဖြစ်သောကြောင့် မြန်မာနေရှင်နယ်လိဂ်
ပွဲစဉ်တစ်လျှောက် သမိုင်းပွဲတစ်ပွဲဖြစ်လာကြောင်းသိရရှိသည်။ မြန်မာ့ဘောလုံးအားကစားအား ၂၀၀၉ခုနှစ်တွင် ပရော်ဖက်ရှင်နယ်အဖြစ်
စတင်ပြောင်းလဲ ခဲ့ပြီး ၂၀၀၉ ခုနှစ် နှင့် ၂၀၁၀ခုနှစ် တို့ တွင် ရတနာပုံအသင်း
မှ မြန်မာနေရှင်နယ်လိဂ်ချန်ပီယံအဖြစ် ၂နှစ်ဆက်တိုက်ရရှိခဲ့သည်။
၂၀၁၁ခုနှစ် ၊ ၂၀၁၂ ခုနှစ် နှင့် ယခု ၂၀၁၃ ခုနှစ် တွင် ရန်ကုန်ယူနိုက် တက်အသင်းမှ မြန်မာနေရှင်နယ်လိဂ် ၏ ၃နှစ်ဆက်တိုက်ချန်ပီ ယံဖြစ် ခဲ့ပြီး မြန်မာနေရှင်နယ်လိဂ်ပွဲ တစ်လျှောက်အအောင်မြင်ဆုံး
အသင်းတစ်သင်းအဖြစ် စံချိန်တင်နိုင်ခဲ့သည်။ နေပြည်တော်အသင်း နှင့် ယှဉ်ပြိုင်ကစားမည့် ပွဲ စဉ် အပြီးတွင် ၂၀၁၃ ခုနှစ် မြန်မာနေရှင်နယ်လိဂ်
ချန်ပီယံ အသင်းဖြစ်သော ရန်ကုန်ယူနိုက်အသင်းအား ချန်ပီယံဆုဖလားအား
ပေးအပ်မည်ဖြစ်ကြောင်းသိရှိရသည်။

ထိုပွဲသို့  လိုက်ပါအားပေးမည့်ရန်ကုန်ယူနိုက်တက်အသင်း ပရိတ်သတ် များအား ဇူလိုင်လ (၃၁) ရက်နေ့ တွင် ရန်ကုန်မြို့ လှိုင်မြို့ နယ်ရှိ ရန်ကုန်ယူနိုက်အသင်း ပိုင်Yangon United Sports Complex သို့  လာရောက်စာရင်းပေးသွင်းရန်ရန်ကုန်ယူနိုက်အသင်းမှ သတင်း ထုတ်ပြန်ခဲ့သည်။

ထိုပွဲသို့ ရန်ကုန်ယူနိုက်တက်အသင်း ပရိတ်သတ် အယောက် (၅၀၀) ကိုသာလက်ခံခဲ့ပြီး စာရင်းစဖွင့်ပြီးချိန် မိနစ် (၃၀) အတွင်း အယောက်(၅၀၀)
ပြည့်သွားခဲ့သည်။ ထိုပွဲသို့ သွားရောက်ကြည့်ရန် သြဂုတ်လ (၄) ရက်နေ့ 
နံနတ် (၉း၀၀)နာရီတွင် Yangon United Sports Complex မှ စတင်ထွက် ခွာ မည်ဖြစ်ပြီး နေပြည်တော် သို့ အရောက်လျှင် ဥပါသန္တိ စေတီတော် အား ဝင်ရောက်ဖူးမျှော်မည်ဖြစ်ပြီး ထိုမှ တစ်ဆင့်ဘောလုံးပွဲယှဉ်ပြိုင်ကစား မည့် ၀ဏ္ဏသိဒ္ဓိကွင်း သို့  သွားရောက် ၍ နေပြည်တော်အသင်း နှင့် ရန်ကုန်ယူနိုက် အသင်းတို့  ၏ ပွဲ စဉ်အားသွားရောက်အားပေးပြီး ဆုပေးပွဲအပြီးတွင် ရန် ကုန် သို့  ပြန်လည်ထွက်ခွဲလာမည်ဖြစ်ကြောင်း ရန်ကုန်ယူနိုက်တက်အင်း ၏ သတင်းထုတ်ပြန်ချက်များအရသတင်းရရှိသည်။

ထိုပွဲစဉ် ၏ ထူးခြားချက်မှာ အခြား မြန်မာနေရှယ်နယ်လိဂ် ပွဲစဉ် များ ယှဉ်ပြိုင်ကစားခဲ့စဉ် က မန္တလေး ၊ တောင်ကြီး ၊ မုံရွာ တို့  တွင် ယှဉ်ပြိုင်
ကစားမည့် ပွဲစဉ် များသို့ လိုက်ပါအားပေးမည့် ပရိတ်သတ်များ အား
လိုက်ပါအားပေးမည် ဆိုပါက အခကြေးငွေးများကောက်ခံခဲ့ပြီး ယခုပွဲစဉ် သို့ 
လိုက်ပါကြည့်ရှုအားပေးကြမည့် ရန်ကုန်ယူနိုက်အသင်းပရိတ်သတ်များအား
အခကြေးငွေ မယူပဲ အခမဲ့ ခေါ်ဆောင်သွားမည်ဖြစ်ကြောင်းသိရှိရသည်။
ထိုပွဲ အား Channel7 TV Channel မှ ညနေ (၆း၀၀) မှ စတင်ပြီးတိုက် ရိုက်ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း Myanmar News International မှ သတင်းရရှိသည်။

ဓာတ်ပုံ-YUFC
Myanmar News International

No comments:

Post a Comment

My Blog List