Saturday, August 03, 2013

ဖော်မြူလာဝမ်း ကားမောင်းပြိုင်ပွဲဝင်ရန် ကြိုးစားနေသည့် ဗြိတိန်သူ

Saturday, Augest 03, 2013
ဖော်မြူလာဝမ်း ကားပြိုင်ပွဲများတွင် အမျိုးသမီးတစ်ဦး နောက်ဆုံးပါဝင် ယှဉ်ပြိုင်ခဲ့သည့်မှာ နှစ်ပေါင်း (၄၀)မျှ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
သူမအနေဖြင့် ဗြိတိန်၏ ပထမဆုံး အမျိုးသမီး ဖော်မြူလာဝမ်း ပြိုင် ကားမောင်း သမား ဖြစ်လာအောင် အစွမ်းကုန် ကြိုးစားသွားမည်ဟု ဆူဆီဝုလ်ဖ်က ပြောကြားခဲ့သည်။ သူမသည် ဖော်မြူလာဝမ်း ကမ္ဘာ့ချန်ပီယံရှစ် ပြိုင်ပွဲများတွင် အမျိုးသား ကားမောင်းသမားများသာ လွှမ်းမိုးထားသည့် အစဉ်အလာကို ဖောက်ထွက်ရန် အစဉ်သဖြင့် ကြံစည်နေသူလည်း ဖြစ်သည်။ Williams ကားအသင်းသည် ဆူဆီကို လေ့ကျင့်သင်ယူဆဲ ကားမောင်းသမား နေရာအတွက် ငှားရမ်းထားသော်လည်း ပြိုင်ပွဲအဆင့်တွင် ထုတ်မသုံးသေးချေ။
Photo: ဖော်မြူလာဝမ်း ကားမောင်းပြိုင်ပွဲဝင်ရန် ကြိုးစားနေသည့် ဗြိတိန်သူ
Saturday, Augest 03, 2013

ဖော်မြူလာဝမ်း ကားပြိုင်ပွဲများတွင် အမျိုးသမီးတစ်ဦး နောက်ဆုံးပါဝင် ယှဉ်ပြိုင်ခဲ့သည့်မှာ နှစ်ပေါင်း (၄၀)မျှ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

သူမအနေဖြင့် ဗြိတိန်၏ ပထမဆုံး အမျိုးသမီး ဖော်မြူလာဝမ်း ပြိုင် ကားမောင်း သမား ဖြစ်လာအောင် အစွမ်းကုန် ကြိုးစားသွားမည်ဟု ဆူဆီဝုလ်ဖ်က ပြောကြားခဲ့သည်။ သူမသည် ဖော်မြူလာဝမ်း ကမ္ဘာ့ချန်ပီယံရှစ် ပြိုင်ပွဲများတွင် အမျိုးသား ကားမောင်းသမားများသာ လွှမ်းမိုးထားသည့် အစဉ်အလာကို ဖောက်ထွက်ရန် အစဉ်သဖြင့် ကြံစည်နေသူလည်း ဖြစ်သည်။ Williams ကားအသင်းသည် ဆူဆီကို လေ့ကျင့်သင်ယူဆဲ ကားမောင်းသမား နေရာအတွက် ငှားရမ်းထားသော်လည်း ပြိုင်ပွဲအဆင့်တွင် ထုတ်မသုံးသေးချေ။ 

လက်ရှိတွင် ကမ္ဘာ့အမြန်ဆုံး အမျိုးသမီးအဖြစ် ချစ်စနိုး တင်စားခံနေရသော ဆူဆီကမူ သူမဘဝတွင် ပိုမို စွန့်စားရသည့် ခြေလှမ်းတစ်ရပ်အတွက် ငံ့လင့်နေခြင်း ဖြစ်သည်။ ဖော်မြူလာဝမ်း ကားပြိုင်ပွဲများတွင် အမျိုးသမီး တစ်ဦး နောက်ဆုံးပါဝင် ယှဉ်ပြိုင်ခဲ့သည့်မှာ နှစ်ပေါင်း (၄၀)မျှ ကြာမြင့် ခဲ့ပြီ ဖြစ်သည်။

ဗြိတိန်နိုင်ငံ အနေဖြင့်မူ မည်သည့် အမျိုးသမီးမျှ အဆိုပါ ကမ္ဘာ့ထိပ်တန်း ကားပြိုင်ပွဲကြီးများတွင် ပါဝင်ခဲ့ဖူးခြင်း မရှိသေးချေ။ ပြေး လမ်းတွေပေါ် ကျွန်မရောက်လာမယ့်နေ့ကို စောင့်မျှော်နေတဲ့ လူတွေ အများကြီး ရှိနေမယ်ဆိုတာ သိပါတယ်။ တချို့ကလည်း အမျိုးသမီး တစ်ယောက်အတွက် ဖော်မြူလာဝမ်း ပြိုင်ကစားတစ်စင်းထဲ ဝင်ထိုင်ရလောက်အောင် ထိုက်တန်မှု မရှိဘူး ဆိုတာမျိုး ပြောချင်ကြပါတယ်။

အသင်း တစ်သင်းဟာ ကားတစ်စင်းထဲကို ယာဉ်မောင်း တစ်ယောက်ပဲ ထည့်သွင်းလို့ ရတယ်လေ။ ဒီအတွက် အကောင်းဆုံး စွမ်းဆောင်မှုကို အမျိုးသမီး တစ်ယောက်က လုပ်ပြနိုင်မလားလို့ မေးခွန်းထုတ်လိမ့်မယ်။ အသင်းကတော့ လက်တွေ့ အကျိုးဖြစ်ထွန်းစေမယ်လို့ အယုံကြည်ရဆုံး ကားမောင်းသမားကိုပဲ ရွေးမှာပဲ မဟုတ်လား"ဟု ဆူဆီက ဆိုသည်။

သူမကလူတွေက ရယ်တော့ ရယ်ရတယ်။ ဖော်မြူလာဝမ်း ကားမောင်း သမားဟောင်း အလိန်းပရော့စ်ရဲ့ သားဖြစ်တဲ့ နစ်ကိုလက်စ် ပရော့စ်က ကားတစ်စင်းထဲ ဝင်ထိုင်တဲ့အခါ ဘာမှ မပြောကြဘူး။ ဒါပေမဲ့ ကျွန်မက ကားထဲဝင်ထိုင်ရင် ဒီလိုလုပ်ခွင့်ရတာ ဖော်မြူလာဝမ်း အသင်းတစ်ခုရဲ့ ရှယ်ယာတွေကို ကျွန်မယောက်ျားက ပိုင်ထားတာကြောင့်လို့ ပြောတတ်ကြ တယ်ဟု သူမက ဖွင့်ဟခဲ့သည်။ သူမ၏ ခင်ပွန်းသည် တိုတိုဝုလ်ဖ်သည် Mercedes AMG Petronas ကားအသင်း၏ အမှုဆောင် ဒါရိုက်တာ ဖြစ် သည်။ 

အသက်(၃၀)အရွယ် စကော့သူသည် ပြိုင်ကားမောင်း အတွေ့အကြုံပိုင်းတွင် ပိုမိုဖြည့်တင်းရန် လိုအပ်ချက်များ ရှိနေဆဲဟုလည်း ဝန်ခံခဲ့သည်။

ဖော်မြူလာသရီးနှင့် ဂျာမနီမှ DTM ပြိုင်ပွဲများတွင် ပါဝင်ဖူးသည့် ဆူဆီက ဖော်မြူလာဝမ်း ကားပြိုင်ပွဲ တစ်ခုမှာ အမျိုးသမီးတစ်ယောက် ဝင်ပြိုင်နိုင်ပါတယ် ဆိုတာကို ပြသဖို့ ကျွန်မ လောလောဆယ်တော့ အဆင်သင့် မဖြစ်သေးဘူး။ ဒါပေမဲ့ ဆူဆန်ဝုလ်ဖ်ဆိုတာ ဖော်မြူလာဝမ်းမှာ ဝင်ပြိုင်ဖို့ အိပ်မက်ကို အမြဲတမ်း လက်တွေ့ဖြစ်အောင် ကြိုးစားနေတဲ့ အမျိုးသမီးတစ်ယောက် ဆိုတာကိုတော့ မမေ့ပါနဲ့ဟု သူမက ဆိုသည်။ 

ဆူဆီက အနာဂတ်တွင် ဖော်မြူလာဝမ်း ပြိုင်ပွဲများ၌ အမျိုးသမီးများအတွက် အခွင့်အရေး ပိုပွင့်လင်းလာရန် မျှော်လင့်ကြောင်းလည်း ဖွင့်ဟခဲ့သည်။ တချို့တွေက ကျွန်မကို ပြောပြတယ်။ သူတို့ သမီးလေးတွေ က ဖော်မြူ လာဝမ်းမှာ အမျိုးသမီးတွေ ဝင်ပြိုင်ခွင့် ရှိတယ် ဆိုတာကိုတောင် မသိကြဘူးတဲ့။ ကျွန်မအကြောင်း ကြားတော့ သူတို့ အံ့ဩနေကြတယ်တဲ့။ အနာဂတ်မှာတော့ မျိုးဆက်သစ် မိန်းကလေးတွေရဲ့ ဒီအားကစားနည်းအပေါ် အမြင်ပိုင်းမှာ အပြောင်းအလဲလေးတွေ ရှိလာပါစေလို့ ကျွန်မ မျှော်လင့်ပါတယ်ဟု ဆူဆီက ပြောကြားသွားသည်

Planet Myanmar Network

No comments:

Post a Comment

My Blog List