Saturday, August 03, 2013

တရုတ်ချေးငွေဖြင့် မြန်မာနိုင်ငံတွင် ရထားစက်ခေါင်း စက်ရုံနှင့် လူစီးတွဲ ထုတ်လုပ်သည့် စက်ရုံများ တည်ဆောက်မည်ဟု ရထားပို့ဆောင်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ပြောကြား

တရုတ်နိုင်ငံမှ ချေးငွေဖြင့် ရထားစက် ခေါင်းစက်ရုံနှင့် လူစီးတွဲ ထုတ်လုပ်သည့် စက်ရုံများ မြန်မာနိုင်ငံတွင် တည်ဆောက်မည်ဟု ရထားပို့ဆောင်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးချန်မောင်က ပြောကြားသည်။
သြဂုတ် ၂ ရက်က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ရမည်းသင်းမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဘိုနီ၏ ရထားလမ်းပိုင်းနှင့် ခရီးသည်၊ ကုန်စည်ပို့ဆောင်ရေး အဆင့်မြှင့်တင် ရန် ရှိ၊ မရှိ မေးမြန်းချက်ကို ပြန်လည် ဖြေကြားရာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဒုတိယ၀န်ကြီးက အဆင့်မြင့် လူစီးတွဲများ၊ စက်ခေါင်းများ ပြည်တွင်း၌ တပ်ဆင် ထုတ်လုပ်နိုင်ရန်နှင့် လုံလောက်စွာ ထုတ်လုပ်နိုင်ရန် အတွက် တရုတ်ချေးငွေဖြင့် စက်ခေါင်း စက်ရုံနှင့် လူစီးတွဲ ထုတ်လုပ်သည့် စက်ရုံများကို စာချုပ်ချုပ်ဆို ၀ယ်ယူထားရာ ရောက်ရှိလာပါက စက်ရုံထူထောင်၍ စက်ခေါင်း၊ တွဲများကို ထုတ်လုပ်သွားမည် ဖြစ်သည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ ရထားစီး ခရီးသည်နှင့် ရထားဖြင့် ကုန်စည်ပို့ဆောင်ခြင်းမှာ ကျဆင်းလျက် ရှိကြောင်း၊ ထို့သို့သော အခြေအနေတွင် အမေရိကန် ဒေါ်လာများစွာ အကုန်အကျခံ၍ အဆင့်မြှင့်တင်ရန် ဆိုသည်မှာလည်း ဘဏ္ဍာရေး အခြေအနေအရ ချင့်ချိန်သုံးသပ်ရန် လိုအပ်သေးသည်ဟု ထပ်မံပြောကြား ခဲ့ပါသည်။
မြန်မာနိုင်ငံရှိ ရထားလမ်းများ အဆင့်မြှင့်တင်ရန် ဖြစ်မြောက်နိုင်ခြေနှင့် ကုန်ကျစရိတ်ကို ဂျပန်နိုင်ငံ အကူ အညီဖြင့် လေ့လာခဲ့ရာ ခရီးသည်နှင့် ကုန်စည်ပို့ဆောင်မှု အများဆုံး ရန်ကုန်-မန္တလေး ရထားလမ်းအား လက်ရှိ အကျယ်အတိုင်းထပ်မံအဆင့်မြှင့် မည်ဆိုလျှင်ပင် တစ်မိုင်လျှင် အမေရိကန် ဒေါ်လာ ၃ ဒသမ ၆ သန်း အထိ ကုန်ကျမည် ဖြစ်ကြောင်းနှင့် အဆိုပါ အဆင့်မြှင့်တင်မှုအရ ရထားမှာ တစ်နာရီ ၇၅ မိုင်သာ မောင်းနှင်နိုင်မည် ဖြစ်သည်။
တစ်နာရီမိုင် ၂၀၀ ပြေးဆွဲနိုင်မည့် အနေအထား အထိဆိုပါက ရန်ကုန်-မန္တလေး ရထားလမ်းအား သံလမ်း အကျယ် ၄ ပေနှင့် ၈ ဒသမ ၅ လက်မ အထိ အသစ်ဖောက်လုပ် ရမည်ဖြစ်ပြီး အဆိုပါ လမ်းမျိုးဆိုပါက တစ်မိုင်လျှင် အမေရိကန်ဒေါ်လာ ၁၀ သန်းမှ ၁၅ သန်းအထိ ကုန်ကျနိုင်ကြောင်း၊ တစ်လမ်းလုံး အတွက် စုစုပေါင်း ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၃၈၆၀ သန်းမှ ၅၈၀၀ သန်းအထိ ကုန်ကျသွားမည် ဖြစ် သည် ဟု ဆိုသည်။

No comments:

Post a Comment

My Blog List