Monday, July 29, 2013

မြန်မာမိန်းကလေးတစ်ဦးအနေနဲ့ မြန်မာဆန်ဆန်အဝတ်အစားတွေဝတ်တာ မလိုက်ဖက်ဘူးရယ်လို့ မရှိပါဘူး။ အမှန်ပြောရရင် ကိုယ့်မြန်မာ ဝတ်စုံတွေကိုတော့ မပျောက်ပျက်စေချင်ဘူး။(ယုသန္တာတင်)
Monday, July 29, 2013

Photo: မြန်မာမိန်းကလေးတစ်ဦးအနေနဲ့ မြန်မာဆန်ဆန်အဝတ်အစားတွေဝတ်တာ မလိုက်ဖက်ဘူးရယ်လို့ မရှိပါဘူး။ အမှန်ပြောရရင် ကိုယ့်မြန်မာ ဝတ်စုံတွေကိုတော့ မပျောက်ပျက်စေချင်ဘူး။(ယုသန္တာတင်)
Monday, July 29, 2013

မေး - မြန်မာဆန်ဆန်ဝတ်စုံလေးတွေကို အများ ဆုံးဝတ်ဆင်လာတာ တွေ့ရတယ်နော်။ မြန်မာ ဝတ်စုံကိုကြိုက်တာလား။

ဖြေ - အင်းဟုတ်တယ်။ အခုလို မြန်မာဆန်ဆန် ပုံစံလေးတွေဝတ်ဆင်ရတာကို ပိုသဘောကျတယ်။ နောက်ပြီးတော့ ယုအဲဒီလိုမျိုးဝတ်တာကို ပရိသတ် ကလည်း လက်ခံအားပေးတယ်။ ကြိုက်နှစ်သက် တယ်။ နောက်တစ်ခုက ယုကိုယ်တိုင်လည်း ကြိုက် လို့ပါ၊

မေး - မြန်မာဝတ်စုံတွေကို ဘယ်အချိန်ကနေစပြီး နှစ်သက်ခဲ့တာလဲ။ ဒီဇိုင်နာနဲ့အပ်ပြီး ဝတ်တာလား။ 

ဖြေ - ယုတို့ ပဉ္စမတန်းနှစ်တက်တုန်းက ကျောင်းစိမ်းအကျÐက ထဘီနဲ့တွဲပြီးဝတ်ရတာဆို တော့ အဲဒီကတည်းက နှစ်သက်ခဲ့တာ။ နောက်ပြီး တော့ ဘုရားသွား၊ ကျောင်းကန်တွေသွားရင်လည်း ဝတ်တဲ့အခါမှာ တအားကိုကျက်သရေရှိတဲ့ မြန် မာဝတ်စုံတွေကိုဝတ်ရတာ ပိုပြီးတော့ ကိုယ့်ကိုယ် ကိုယ်ယုံကြည်မှုရှိလာတယ်လို့ထင်တယ်။ ဝတ်စုံ တွေကို ဒီဇိုင်နာဆီမှာအပ်ပြီးချုပ်ဝတ်တာ တော် တော်များပါတယ်။

မေး - ယုသန္တာတင်ရဲ့ အခုလတ်တလောအနု ပညာလှုပ်ရှားမှုလေးတွေကိုလည်း ပြောပြပေးပါဦး။

ဖြေ - အခုက ရမည်းသင်းဆေးရုံမှာ ကြော်ငြာ တစ်ခုရိုက်နေတယ်။ ဩဂုတ်ကျရင်တော့ ဗီဒီယို ဇာတ်ကားရိုက်ဖို့ရှိတယ်။ 'ကျန်စစ်မင်းကြီး အား တရားစွဲပေးပါ'ဆိုတဲ့ ဇာတ်ကားပါ။ ဒါရိုက်တာ ဒေါနရိုက်ကူးထားပြီး ကိုနေတိုးနဲ့ပါ။

မေး - အခုချိန်မှာ အချိန်တိုအတွင်း အောင်မြင်တဲ့ သူတွေထဲမှာပါလာပြီဆိုတော့ အရင်နဲ့ အခု ဘာတွေ ကွာသွားလဲ။

ဖြေ - ပရိသတ်က ယုကို လက်ခံအားပေးတဲ့အ တွက် ကြိုးစားထားတဲ့အရာတစ်ခုက ပြန်ရသလို ပဲ တအားဝမ်းသာတယ်။ အခက်အခဲတွေက တော့ အများကြီးပဲပေါ့။ နောက်တစ်ခုက ဒီလော ကထဲကိုဝင်ဖို့ စပြီးတော့ ကြိုးစားကတည်းက အခက် အခဲတွေကရှိတာပေါ့နော်။ အောင်မြင်မှုတစ်ခုရ ဖို့ဆိုတာ ဘယ်တော့မှ အလွယ်တကူမရပါဘူး။ အလွယ်တကူနဲ့ရတဲ့အောင်မြင်မှုကလည်း ရေ ရှည်မတည်မြဲဘူးလို့ ယု ထင်ပါတယ်။

မေး - 'အနုပညာပျိုးခင်း'ကနေ တက်လာတာဆို တော့ အဲဒီက ဘယ်လိုအထောက်အပံ့တွေပေးသလဲ။

ဖြေ - အခု ယုရိုက်နေတဲ့ဇာတ်ကားတွေက လည်း 'အနုပညာပျိုးခင်း'နဲ့ပဲ ရိုက်နေတာပါ။ ရှေ့ ဆက်ပြီးတော့လည်း သူတို့နဲ့ပဲ ဇာတ်ကားတွေရိုက် ဖို့ရှိပါတယ်။

မေး - 'အနုပညာပျိုးခင်း'က အနုပညာမောင်နှမတွေ ကရော ယုတို့ကို ဘယ်လိုမျိုးတွေ သင်ကြားပေးခဲ့လဲ။

ဖြေ - သူတို့က အကောင်းဆုံးဖြစ်အောင် သင်ကြားပေးတယ်။ နောက်ပြီးတော့ ဇာတ်လမ်းတွေကိုလည်း ရွေးပြီတော့ ယုနဲ့ လိုက်ဖက်မယ့် ဇာတ်ကားတွေကိုရွေးပြီး တော့ ရိုက်ခိုင်းတယ်။

မေး - 'အနုပညာပျိုးခင်း'ကနေ အခုလို တက်လာတာဆိုတော့ ယုသန္တာတင်အနေ နဲ့ ဘယ်လိုပြောင်းလဲမှုမျိုးတွေ ဖြစ်ပေါ် ခဲ့လဲ။

ဖြေ - ကားတွေကို ယုနဲ့လိုက်မယ့် ဇာတ်ကားတွေကို ရွေးပြီးပေး တယ်။ သူတို့ကြောင့်ပဲ သရုပ်ဆောင် တစ်ဦးအနေနဲ့ အနုပညာလောက ထဲမှာ အခုလို ပရိသတ်တော်တော် များများ သိလာတာပါ။

မေး - ယုသန္တာတင်က ဆံပင်အရောင် ဆိုးတာ သိပ်မတွေ့ရသလိုပဲ ဘာဖြစ် လို့လဲ။

ဖြေ - ယုက ဆိုးတာတော့ ဆိုး တယ်။ ဒါပေမဲ့ ကာလာအရောင် ရဲရဲကြီးတွေဆိုးတာကို မကြိုက် ဘူး။ မနှစ်သက်ဘူး။ အဲဒါကြောင့် ခပ်ပါးပါးနဲ့ အရောင်သိပ်မထွက် တဲ့ ကာလာလေးတွေကို ဆိုးတာ ပါ။ နောက်ပြီးတော့ နောက် ရိုက်မယ့် ဇာတ်ကားတွေမှာ လည်း မြန်မာဆန်တဲ့ပုံစံတွေကို ပဲ အများဆုံးရိုက်ဖြစ်မှာဆို တော့လေ။ ယုက တက္ကသိုလ် ဝင်တန်းနှစ်ကတည်းကစ ပြီး ဆံပင်ကို အရှည်ထား ထားတာပါ။

မေး - ညီမရုပ်ရှင်ကား တွေရိုက်ထားတာရောရှိ လား။

ဖြေ - ရုပ်ရှင်ကားကြီး ရိုက်ထားတာလဲ မရှိသေးပါ ဘူး။

မေး - မြန်မာမိန်းကလေးတစ် ဦးအနေနဲ့ မြန်မာ ဝတ်စုံလေးတွေ နဲ့ပတ်သက်ပြီး ဘယ်လိုမြင်ပါသလဲ။

ဖြေ - မြန်မာမိန်းကလေးတစ်ဦးအနေနဲ့ မြန်မာဆန်ဆန် အဝတ်အစားတွေဝတ်တာ မလိုက်ဖက်ဘူးရယ်လို့ မရှိပါဘူး။ လိုက်ဖက်မှာ ပါ။ အမှန်ပြောရရင်တော့ ကိုယ့်မြန်မာဝတ်စုံတွေ ကိုတော့ မပျောက်ပျက်စေချင်ဘူး။

ရတနာစုစည်းသည်။

Yangon Media Group

No comments:

Post a Comment

My Blog List