ပင်လယ်ရေ မျက်နှာပြင် မြင့်တက်လာမှုကြောင့် အမေရိကန်ပြည်ထောင်စု အတွင်းရှိ မြို့ကြီး ၁၄၀၀ ခန့်တွင် ရေလွှမ်းမိုးဖွယ်ရာ ရှိကြောင်း ယင်းမြို့များ တွင် မီယာမီ၊ ဗာဂျီးနီးယား ကမ်းခြေနှင့် ဂျက်ဆန်ဗီးလ်တို့ ပါဝင်ကြောင်း Proceedings of the National Academy of Sciences စာတမ်း တွင် ဖော်ပြထားသည်။
ကမ္ဘာ့ ပူနွေးမှု သတိပေးချက်များ ထွက်ပေါ်လာပြီးနောက် လာမည့် ၂၁၀၀ ပြည့်နှစ်ခန့်တွင် အနည်းဆုံး မြို့ကြီးပေါင်း ၁၁၀၀ ခန့်သည် ရေအောက်သို့ ရောက်သွားနိုင်ကြောင်း ခန့်မှန်းချက်များဖြင့် ဖော်ပြ ထားသည်။

ယခု ရာစုနှစ်အတွင်း ရေမျက်နှာပြင် အမြင့်သည် တစ်ပေမှ လေးပေခန့် အထိ မြင့်တက်လာနိုင် ကြောင်း၊ ဖန်လုံအိမ် အာနိသင် ထုတ်လွှတ်မှုများကို ဆက်လက် ထိန်းသိမ်းနိုင်စွမ်း မရှိလျှင် အခြေအနေ ပိုဆိုးသွားနိုင်ကြောင်းနှင့် အပူချိန် မြင့်တက်လာခြင်း၊ အန္တာတိကတိုက်တွင် ရေခဲများ အရည်ပျော် မှုနှုန်း မြင့်မားလာခြင်းများက စိုးရိမ်ဖွယ်ရာ ဖြစ်ကြောင်း မိုးလေဝသနှင့် ရာသီဥတုပညာရှင် ဘင်ဂျမင် စတောက်စ်က ဆိုသည်။
The Voice Weekly
No comments:
Post a Comment