Sunday, July 28, 2013

နိုင်ငံသားအခွင့်အရေး ဆုံးရှုံးသည်ဟုဆိုကာ လူ၂၀၀ ခန့် ဆန္ဒထုတ်ဖော်

Sunday, July 28, 2013
ရွှေပြည်သာမြို့နယ်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေက ခွင့်ပြုထားသော နိုင်ငံသား အခွင့်အရေး ဆုံးရှုံးသည် ဟုဆိုကာ ဇူလိုင်လ ၂၇ ရက်နေ့၌ လူ ၂၀၀ ခန့်က မြို့နယ်အုပ်ချုပ်ရေးမှူးကို ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ဦးဆောင်ဆန္ဒ ထုတ်ဖော်သူ ရွှေပြည်သာမြို့နယ် (၇) ရပ်ကွက်နေ ဒေါ်မျိုးမျိုးအေး က ပြောကြားသည်။ “မြို့နယ်အုပ်ချုပ်ရေးမှူးက ဆန္ဒထုတ်ဖော်ဖို့ကို ပလပ်လိုက်လို့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံးကို အယူခံဝင် တယ်။ ခုခွင့်ပြုချက်ရလို့ တရားဝင် ဆန္ဒထုတ်ဖော် တာပါ” ဟု ၎င်းကရှင်းပြသည်။ မြို့နယ်အုပ်ချုပ်ရေးမှူးသည်ကျင်းပပြီးခဲ့သော ရပ်ကွက်အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲများ၌ ဝင်ရောက်စွက် ဖက်လေ့ရှိကြောင်း၊ ယနေ့ အမှတ် (၁၁) ရပ်ကွက် အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲ၌ ၎င်းတက်ရောက်မည်ဖြစ်၍ ယခုစောင့်ဆိုင်းကာ ကန့်ကွက်ဆန္ဒထုတ်ဖော်ခြင်းဖြစ်ကြောင်း ယင်းမြို့နယ်ရှိ ဆန္ဒထုတ်ဖော်သူများထံမှ သိရသည်။ မြို့နယ်အုပ်ချုပ်ရေးမှူးတစ်ဦးအနေနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲများ၌ လွှမ်းမိုးမှု မရှိကြောင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရွေးချယ်ရာ၌ ကြီးကြပ်သည့်အဖွဲ့က တင်ပြသော အုပ်ချုပ်ရေးမှူးကို ၎င်းတို့ကအရည်အချင်းညီမညီစိစစ်ပေးခြင်းသာရှိကြောင်းရွှေပြည်သာမြို့နယ်အုပ်ချုပ်ရေးမှူးက ပြန်လည်
ငြင်းဆိုသည်။ ရွှေပြည်သာမြို့နယ်တွင် ရပ်ကွက်ပေါင်း ၂၇ ရပ်ကွက်ရှိကြောင်း ယင်းမြို့နယ် အုပ်ချုပ်ရေးရုံး ထံမှ သိရသည်။
The Voice Weekly

No comments:

Post a Comment

My Blog List