Saturday, August 03, 2013

လက်ထောက်ဆရာဝန် ၁၇၀၀ နီးပါး ယခုနှစ်အတွင်း ခန့်မည်

Saturday, Augest 03, 2013
နိုင်ငံတစ်ဝန်း ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ ဆေးရုံများတွင် ယခုနှစ်အတွင်း လက်ထောက်ဆရာဝန် ၁၇၀၀နီးပါးခန့်ထားရန်ကျန်းမာရေးဝန်ကြီးဌာနနှင့်ပြည်ထောင်စုရာထူးဝန်အဖွဲ့တို့ဆွေးနွေးထားပြီး ဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မင်းသန်းညွန့်က The Voice သို့ ပြောကြားသည်။
အဆိုပါ ခန့်အပ်မည့် လက်ထောက် ဆရာဝန်များထဲမှ နှစ်ရာနီးပါးကို ယခုလအတွင်း စတင်ခန့်ထား မည် ဖြစ်ကြောင်းနှင့် ကျန်လက်ထောက်ဆရာဝန် ၁၅၀၀ ဦးကို ငါးလအတွင်း ခေါ်ယူသွားမည် ဖြစ်ကြောင်း ၎င်းကထပ်လောင်း ပြောဆိုသည်။ ဆေးရုံများတွင်လစ်လပ်နေ၌ လက်ထောက်ဆရာဝန်အဖြစ် ခန့်ထားရန် ၂၀၁၂ ခုနှစ် ဇူလိုင်လက ဆေးပညာဘွဲ့ ရရှိပြီးသူ ၁၅၀၀ ဦး ရွေးချယ် ခေါ်ယူခဲ့ကြောင်း၊ ၂၀၁၃ ခုနှစ် အတွက်ကျန်းမာရေးဝန်ကြီးဌာနကနှစ်ရာနီးပါးနှင့်ရာထူးဝန်အဖွဲ့က ၁၅၀၀ဦး ထပ်မံခေါ်ယူခြင်း ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနထံမှ တစ်ဆင့်သိရှိရသည်။“ဒီနှစ်ထဲမှာ ခန့်ထားမယ့် လက်ထောက်ဆရာဝန်တွေ အပါအဝင် ဆေးရုံတွေမှာ ထပ်လိုအပ်တဲ့ ဆရာဝန် က နှစ်ထောင်ကျော် ရှိသေးတယ်။ ဒါတွေကို လာမည့်နှစ်တွေမှာ ခန့်သွားဖို့ စီစဉ်ထားတယ်” ဟု ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမင်းသန်းညွန့်က ပြောကြားသည်။
ယခင်နှစ်က လက်ထောက်ဆရာဝန် ရာထူးအတွက် ပြည်ထောင်စု ရာထူးဝန်အဖွဲ့က ခေါ်ယူရာတွင် ကျင်းပသည့်ရာထူးဝန်စာမေးပွဲများသည်ပွင့်လင်းမြင်သာမှုနည်းပါးကြောင်းဆရာဝန်အသိုင်းအဝိုင်း ပြောကြား သည့်အတွက် ယင်းရာထူးဝန်အဖွဲ့က နိုင်ငံပိုင်သတင်းစာတွင် ပြန်လည် ရှင်းလင်းမှုများ ပြုလုပ်ခဲ့သည်။
မြန်မာနိုင်ငံတွင် ဆေးတက္ကသိုလ်ကြီး လေးခုမှ နှစ်စဉ် ဆေးပညာဘွဲ့ ရရှိသူ ၁၂၀၀ နီးပါး မွေးထုတ်လျက် ရှိသော်လည်း ရာထူးဝန်အဖွဲ့က လက်ထောက်ဆရာဝန် ရာထူးကို ၂၀၁၁ ခုနှစ်တွင်မှ ငါးရာဦး စတင်ခေါ် ယူခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် သုံးဆအထိ ထပ်တိုးခေါ်ယူခဲ့သည်။

The Voice Weekly

No comments:

Post a Comment

My Blog List