Wednesday, July 31, 2013

ပင်လယ်ရေထဲ ရေနံယိုစိမ့်မှုကြောင့် ထိုင်း ခရီးသွားလုပ်ငန်းထိခိုက်

Wednesday, July 31, 2013

ထိုင်းနိုင်ငံ ပင်လယ်ကွေ့မှာ ရေနံယိုစိမ့်မှုတွေ ဖြစ်နေတဲ့အတွက် Koh Samet အပန်းဖြေကျွန်းရဲ့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း အကြီးအကျယ် ထိခိုက်နစ်နာနေရတယ်လို့ ထိုင်းအစိုးရက ပြောပါတယ်။
ရေနံပိုက်လိုင်းယိုစိမ့်မှုကြောင့် ထိုင်းနိုင်ငံပိုင် ပင်လယ်ရေမျက်နှာပြင်တချို့မှာ ရေညစ်ညမ်းမှုဖြစ်နေတဲ့ အတွက် Koh Samet အပန်းဖြေကျွန်းရှိ Ao Phrao ကမ်းခြေက ကမ္ဘာလှည့်ခရီးသည်တွေ အစုလိုက် အပြုံ လိုက် ထွက်ခွာ ကုန်ကြပြီး အနီးအနားကမ်းခြေတွေမှာ ကမ္ဘာလှည့်ခရီးသည်တချို့ ကျန်ရှိနေသေးပေမယ့် တဖြေးဖြေးနဲ့ မြို့တော် ဘန်ကောက်မြို့ဆီကို ဦးတည် ထွက်ခွာနေကြတဲ့အတွက် ဒေသတွင်းမှာ စီးပွားရေး နစ်နာဆုံးရှုံးမှု ဖြစ်နေရတယ်လို့ ထိုင်းနိုင်ငံ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းဆိုင်ရာ ဝန်ကြီးဌာနက ပြော ပါတယ်။Photo: ပင်လယ်ရေထဲ ရေနံယိုစိမ့်မှုကြောင့် ထိုင်း ခရီးသွားလုပ်ငန်းထိခိုက်
Wednesday, July 31, 2013 

ထိုင်းနိုင်ငံ ပင်လယ်ကွေ့မှာ ရေနံယိုစိမ့်မှုတွေ ဖြစ်နေတဲ့အတွက် Koh Samet အပန်းဖြေကျွန်းရဲ့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း အကြီးအကျယ် ထိခိုက်နစ်နာနေရတယ်လို့ ထိုင်းအစိုးရက ပြောပါတယ်။

ရေနံပိုက်လိုင်းယိုစိမ့်မှုကြောင့် ထိုင်းနိုင်ငံပိုင် ပင်လယ်ရေမျက်နှာပြင်တချို့မှာ ရေညစ်ညမ်းမှုဖြစ်နေတဲ့အတွက် Koh Samet အပန်းဖြေကျွန်းရှိ Ao Phrao ကမ်းခြေက ကမ္ဘာလှည့်ခရီးသည်တွေ အစုလိုက် အပြုံလိုက် ထွက်ခွာကုန်ကြပြီး အနီးအနားကမ်းခြေတွေမှာ ကမ္ဘာလှည့်ခရီးသည်တချို့ ကျန်ရှိနေသေးပေမယ့် တဖြေးဖြေးနဲ့ မြို့တော် ဘန်ကောက်မြို့ဆီကို ဦးတည် ထွက်ခွာနေကြတဲ့အတွက် ဒေသတွင်းမှာ စီးပွားရေး နစ်နာဆုံးရှုံးမှု ဖြစ်နေရတယ်လို့ ထိုင်းနိုင်ငံ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းဆိုင်ရာ ဝန်ကြီးဌာနက ပြောပါတယ်။

ခုလောလောဆယ် ထိုင်းရေတပ်က ပင်လယ်ပြင်မှာ ရေနံဖယ်ရှားမှုတွေလုပ်နေသလို လေယာဉ်ငယ်တွေကလည်း လေပေါ်ကနေ ဓာတုဓာတ်တွေကျဲချပြီး ဓာတ်တွေပျယ်အောင် ပြုလုပ်နေပါတယ်။

ရေနံယိုစိမ့်မှု အခြေအနေဆိုးဝါးတဲ့အတွက် ထိုင်းနိုင်ငံ ကုန်းမြေအထိ ရောက်ရှိမှာကို စိုးရိမ်နေကြတဲ့အပြင် ငါးဖမ်းလုပ်ငန်းကိုလည်း ထိခိုက်မှာ စိုးရိမ်နေကြတဲ့အကြောင်း အေဘီစီ သတင်းထောက် Zoe Daniel က ဘန်ကောက်မြို့ကနေ သတင်းပေးပို့ခဲ့ပါတယ်။

ABC Radio Australia
ထိုင်းနိုင်ငံ ပင်လယ်ကွေ့မှာရေနံယိုစိမ့်မှုကြောင့် Ao Prao ကမ်းခြေက သန့်ရှင်းမှုပြုလုပ်နေရ (Credit: Reuters) 
 ခုလောလောဆယ် ထိုင်းရေတပ်က ပင်လယ်ပြင်မှာ ရေနံဖယ်ရှားမှုတွေလုပ်နေသလို လေယာဉ်ငယ်တွေ ကလည်း လေပေါ်ကနေ ဓာတုဓာတ်တွေကျဲချပြီး ဓာတ်တွေပျယ်အောင် ပြုလုပ်နေပါတယ်။
ရေနံယိုစိမ့်မှု အခြေအနေဆိုးဝါးတဲ့အတွက် ထိုင်းနိုင်ငံ ကုန်းမြေအထိ ရောက်ရှိမှာကို စိုးရိမ်နေကြတဲ့အပြင် ငါးဖမ်းလုပ်ငန်းကိုလည်း ထိခိုက်မှာ စိုးရိမ်နေကြတဲ့အကြောင်း အေဘီစီ သတင်းထောက် Zoe Daniel က ဘန်ကောက်မြို့ကနေ သတင်းပေးပို့ခဲ့ပါတယ်။

ABC Radio Australia

No comments:

Post a Comment

My Blog List