Wednesday, July 31, 2013

အီးယူသံတမန်နဲ့ ထိန်းသိမ်းခံရတဲ့ အီဂျစ်သမ္မတတို့ တွေ့ဆုံ

Wednesday, July 31, 2013
ဥရောပသမဂ္ဂအဖွဲ့ နိုင်ငံခြားရေးရာတာဝန်ခံ Catherine Ashton နဲ့ ရာထူးကနေဖယ်ရှားခံရပြီး စစ်တပ်အထိန်းသိမ်းခံထားရတဲ့ အီဂျစ်သမ္မတ Mohammad Morsi တို့ လျှို့ဝှက်တဲ့နေရာတခုမှာ နှစ်နာရီကြာတွေ့ဆုံ ဆွေးနွေး ခဲ့ကြတယ်လို့သိရပါတယ်။
အခုတွေ့ဆုံမှုဟာ ရာထူးကနေဖယ်ရှားခံရတဲ့ အီဂျစ်သမ္မတ Mohammad Morsi အတွက် နိုင်ငံခြားသားနဲ့ ပထမဦးဆုံးအကြိမ် တွေ့ဆုံတဲ့ တွေ့ဆုံမှုဖြစ်ပါတယ်။ Mohammad Morsi ဟာ သတင်းစာတွေ၊ ရုပ်မြင်သံကြားတွေကနေတဆင့် သတင်းအချက်အလက်တွေ ရယူနိုင်ခွင့်ရှိပြီးတော့ ရှေ့ဆက် ဘယ်လိုသွားရမလဲဆိုတဲ့ ကြောင်းအရာတွေကိုပဲ ပြောခဲ့တယ်လို့ Catherine Ashton ကဆိုပါတယ်။ ဒါပေမယ့် Catherine Ashton က Mohammad Morsi ဘာတွေပြောလဲဆိုတာကို သူ့ကိုယ်စား ပြန်မပြောချင်တဲ့အကြောင်း၊ အကြောင်းအရင်းကတော့ သူမက သူ့ကိုယ်စားပြောလို့ အမားတွေပါခဲ့ရင် Mohammed Morsi အနေနဲ့ ပြန်လည်ပြင်ဆင်ခွင့် မရတဲ့ အခြေအနေမှာ ရှိနေတဲ့အတွက်ကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ ပြီးတော့ နှစ်ဖက်စလုံးမှာ တွေ့ဆုံစကားပြောဖို့ အတွက် တိုက်တွန်းတဲ့အနေနဲ့ Catherine Ashton က အီဂျစ် ဒုသမ္မတ Mohammad El-Baradai နဲ့လည်းတွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

တဆက်တည်းမှာပဲ Muslim Brotherhood အဖွဲ့နဲ့ Mohammad Morsi ကိုထောက်ခံတဲ့သူတွေနဲ့ လည်းတွေ့ဆုံခဲ့တယ်လို့ သိရတဲ့အကြောင်း အေဘီစီ သတင်းထောက် Philip Williams က Cairo မြို့က နေသတင်းပေးပို့ထားတာဖြစ်ပါတယ်။

ABC Radio Australia

No comments:

Post a Comment

My Blog List