Monday, July 29, 2013

တွင်းထွက်သယံဇာတတူးဖော်မှုအပါအဝင်လုပ်ငန်းရဝကျော်ပတ်ဝန်းကျင်ထိ ခိုက်မှုဆိုင်ရာဆန်းစစ်ခြင်း လုပ်ကိုင်ရမည်

Monday, July 29, 2013
တွင်းထွက်သယံဇာတတူးဖော်ရေးအပါအဝင်လုပ်ငန်းပေါင်းရဝကျော်ကိုပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း လုပ်ငန်းများလုပ်ကိုင်ရမည် ဖြစ်ကြောင်း ပတ်ဝန်းကျင်ထိခိုက် မှုဆိုင်ရာ ဆန်းစစ်ခြင်း လုပ်ထုံး လုပ်နည်း (မူကြမ်း)တွင် ဖော်ပြ ထားသည်။ ယင်းမူကြမ်းကို နိုင်ငံတော် ၏ ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင် ရွက်ရာတွင် ပတ်ဝန်းကျင်ညစ်ညမ်းမှုနှင့်ယိုယွင်းမှု အနည်းဆုံး ဖြစ်စေရန်၊ နိုင်ငံတော်နှင့်အတူ စီးပွားရေး လုပ်ငန်းရှင် များ၊ ပြည်သူလူထုအားလုံး ပူးပေါင်းကာ ကွယ်တားဆီးနိုင်ရန်၊ သယံဇာ တ ရေရှည်စဉ်ဆက်မပြတ် သား စဉ်မြေးဆက် ထုတ်ယူသုံးစွဲနိုင် ရန်ဖြစ်ကြောင်း သိရသည်။
ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦး နေအေးက ''ကျွန်တော်တို့ဒီမူကြမ်း ကို နိုင်ငံငါးနိုင်ငံရဲ့ ပတ်ဝန်းကျင် ထိခိုက်မှုဆိုင်ရာ ဆန်းစစ်ခြင်းလုပ် ထုံးလုပ်နည်းတွေကို အခြေခံရေး ဆွဲထားတာပါ။ နောက် ADB/ JICA /တာမဲခေါင်ဒေသခွဲ ပတ် ဝန်းကျင်ထိန်းသိမ်းရေး ဗဟိုဌာန ခွဲက ပညာရှင်တွေ ပါဝင်သလို အခြားအဖွဲ့အစည်းတွေလဲပါဝင် ပါတယ်''ဟုပြောသည်။လက်ရှိ ရေးဆွဲထားသော ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှု ဆန်းစစ်ခြင်း လုပ်ထုံးလုပ်နည်း များကို မလေးရှား၊ ကမ္ဘောဒီး ယား၊ ဗီယက်နမ်၊ လာအိုနှင့်ထိုင်း နိုင်ငံများ၏ ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုဆန်းစစ်ခြင်း လုပ်ထုံး လုပ်နည်းများကို အခြေခံရေးဆွဲ ထားခြင်းဖြစ်ကြောင်း သိရသည်။
ညွှန်ကြားရေးမှူးချုပ်က ''အခုမူကြမ်းမှာIEE လုပ်ရမှာ နဲEIA မှာလုပ်ရမှာရှိပါတယ်။ တွင်း ထွက်သယံဇာတတူးဖော်ရေး လုပ် ငန်းတွေအားလုံးကတော့ အရွယ် အစားအားလုံး နှုဗအား လုပ် ဆောင်ပါရမယ်''ဟု ပြောသည်။
အဆိုပါ ပြဋ္ဌာန်းထားသော လုပ်ထုံးလုပ်နည်း မူကြမ်းတွင် လုပ်ငန်းပေါင်း ၂၇၂ခု၌ IEE မူ ကြမ်းနှင့်IEA နှင့်လုပ်ဆောင်ရ မည်ဆိုသော်လည်း လုပ်ငန်းပေါင်း ၇၅ခု ကျော်မှာ EIA မှာ အဖြစ် အရွယ်အစားမရွေး လုပ်ဆောင် ရမည်ဖြစ်ကြောင်းသိရသည်။
ယင်းနှင့်ပတ်သက်ပြီး ပတ် ဝန်းကျင်ဆိုင်ရာ ကျွမ်းကျင်ပညာ ရှင်တစ်ဦးက ''အခုကန့်သတ်ချက် တွေလုပ် ထားတာ တွေ့ရတယ်။ဘယ်ဟာမှာIEE ၊ ဘယ်ဟာ မှာ EIA ဘာဆိုတာ ဘယ်လိုစံ တွေနဲ့ သတ်မှတ် ထားတာလဲဆို တာ ရှင်းလင်းဖို့တော့ လိုတယ်။ အခု အဲဒီလိုရှင်းလင်းထားတာ မတွေ့ရသေးဘူး။ ဒါကလဲ အမြန် ဆုံး အကောင်အထည်ဖော်ရတာ ဖြစ်တဲ့အတွက် အားနည်းချက်လဲ ဖြစ်နိုင်ပါတယ်။ မြန်မာနိုင်ငံမှာ EIA မှာ စံတစ်ခုရှိလာ တယ်ဆို တာ အင်မတန်ကောင်းမွန်တဲ့ အ လားအလာတစ်ခုပါ။ စည်းမျဉ်း စည်းကမ်းတွေကိုတော့ အကောင် အထည်ဖော်ဖို့လိုတာပေါ့''ဟု ပြောသည်။

အောင်အောင်
Yangon Media Group

No comments:

Post a Comment

My Blog List