Thursday, August 01, 2013

အသင်းသစ်အတွက်ပထမဆုံးပွဲထွက်ကစားပြီးနောက်ဘာမင်ဂမ်တိုက်စစ်မှူးဟောင်းကွယ်လွန်

Thursday, August 1, 2013
ပရီးမီးယားလိဂ်တွင် ၂၀၀၉-၁၀ ဘောလုံးရာသီက ဘာမင်ဂမ်အသင်းနှင့်အတူ ခြေစွမ်းပြကစားခဲ့သော အီကွေဒေါ လက်ရွေးစင် ဘင်နီတက်ဇ်သည် ပြီးခဲ့သည့် တနင်္လာနေ့က နှလုံးရောဂါကြောင့် ရုတ်တရက် ကွယ်လွန်သွားခဲ့ပြီ ဖြစ်သည်။ အသက် ၂၇ နှစ်အရွယ်သာ ရှိသေးသည့် အဆိုပါ တိုက်စစ်မှူးအနေဖြင့် ဇူလိုင် ၆ ရက်ကမှ ကာတာကလပ် El Jaish သို့ ပြောင်းရွှေ့ ကစားခဲ့ခြင်းဖြစ်ပြီး အသင်းအတွက် ပထမဆုံး ပွဲထွက် ကစားခဲ့ပြီး နောက်တစ်ရက်တွင်ပင် သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။ ပရီးမီးယားလိဂ်တွင် “ချုချို” ဟူသော အမည်ဖြင့် လူသိများခဲ့သည့် အဆိုပါ တိုက်စစ်မှူးသည် ပြီးခဲ့သည့် တနင်္ဂနွေနေ့က ကစားခဲ့သော El Jaish နှင့် Qatar Sports Club တို့၏ ပွဲစဉ်တွင် ပါဝင်ကစားခဲ့ပြီး နောက် အစာအိမ် နာကျင်သည် ဟူသော ဝေဒနာဖြင့် ဆေးရုံသို့ တင်ပို့ခဲ့ရသည်။ သို့သော်လည်း ဆရာဝန်များက ၎င်း၏ဝေဒနာ ကို နှလုံးရောဂါဟု ဆုံးဖြတ်ခဲ့ကြပြီး နာရီအနည်းငယ်အကြာတွင် သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။“ကစားသမားတစ်ဦးကို ဆုံးရှုံးခဲ့ရလို့ မိသားစုနဲ့ ထပ်တူ စိတ်မကောင်း ဖြစ်ရပါတယ်။ ဘင်နီတက်ဇ်ဟာ အသင်းအတွက် ပထမဆုံးပွဲထွက်ကစားခဲ့တာဖြစ်ပြီး ပွဲမကစားမီအချိန်တွေမှာ ကျန်းမာရေးနဲ့ ပတ်သက်လို့ ဘာပြဿနာမှ မရှိခဲ့ပါဘူး။ အခုဖြစ်ရပ်အတွက် အသင်းမှာရှိတဲ့လူတွေ အကုန်လုံး အကြီးအကျယ် အံ့အား သင့်ခဲ့ရတာပါ” ဟု El Jaish အသင်းက သတင်းထုတ်ပြန်သွားခဲ့သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List