Monday, July 29, 2013

မြန်မာနိုင်ငံဖြတ်ကာ တရုတ်နိုင်ငံသို့ သဘာဝဓာတ်ငွေ့ စတင်ပို့လွှတ်

Monday, July 29, 2013
မြန်မာမှ တရုတ်ကိုသွယ်တန်းထားသည့် ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက် လိုင်းစီမံကိန်း ပြီးစီးသွားပြီဖြစ် သဖြင့် မြန်မာနိုင်ငံမှ တရုတ်နိုင်ငံ သို့ သဘာဝဓာတ်ငွေ့များကို ဇူလိုင် ၂၈ရက် ညနေပိုင်းက စတင်ပို့ လွှတ်လိုက်ပြီဖြစ်ကြောင်းသိရသည်။မြန်မာတရုတ်ကိုရီးယားအိန္ဒိယ လေးနိုင်ငံမှကုမ္ပဏီ ခြောက်ခုရင်းနှီးမြှုပ်နှံ ထားသောအဆိုပါဓာတ်ငွေ့လိုင်းမှာယခုအခါပြီးစီးခဲ့ပြီဖြစ်သဖြင့် မြန်မာ နိုင်ငံအနေဖြင့် အဆိုပါစီမံကိန်း မှ တစ်နှစ်လျှင် ရေနံစိမ်းတန်ချိန် ၂သန်းနှင့် သဘာဝဓာတ်ငွေ့ကုဗ မီတာ ၂ဘီလျံကိုခွဲတမ်းရရှိတော့ မည်ဖြစ်ကြောင်း သိရသည်။ ကျောက်ဖြူဒေသမှစတင် ကာ မြန်မာနိုင်ငံအတွင်းရခိုင်ပြည် နယ်၊ မကွေး၊ မန္တလေးတိုင်း ဒေသ ကြီးနှင့် ရှမ်းပြည်နယ်အပါအဝင် တရုတ်နိုင်ငံရွှေလီမြို့မှ တစ်ဆင့်တရုတ်နိုင်ငံအတွင်းကိုပို့ဆောင်မည့်အဆိုပါ သဘာဝ ဓာတ်ငွေ့ ပို့လွတ်ခြင်းအခမ်းအနားကို ဇူလိုင် ၂၈ရက်၊ ညနေ ၄နာရီ ၁၂မိနစ်တွင် မန္တလေး မြို့ တွင်ပြုလုပ်ခဲ့ပြီး ဖွင့်ပွဲအခမ်းအနားကိုမြန်မာနိုင်ငံ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းဦးဆောင် သည့် ပြည်ထောင် စုဝန်ကြီးများဖြစ်သော ဦးသန်းဌေး၊ ဦးဇေယျအောင် တို့ တက်ရောက်ပြီး မြန်မာနိုင်ငံဆိုင် ရာ တရုတ်သံရုံးမှ သံအမတ်ကြီး Yang Houlan က စက်ခလုတ် နှိပ်ဖွင့်ခဲ့ကြကြောင်းသိရသည်။

Yangon Media Group

No comments:

Post a Comment

My Blog List