Thursday, August 01, 2013

ဟိုတယ်သို့ အမျိုးသမီးခေါ်အိပ်မိသူ ငွေကျပ် ၈၈ သိန်းဖိုးအခိုးခံရ

ဟိုတယ်ခန်းအတွင်း အမျိုးသမီးတစ်ဦးအား ခေါ်ယူအိပ်စက်ရာမှ ကျပ် ၈၈ သိန်းတန်ဖိုးရှိ အသုံးဆောင် ပစ္စည်းနှင့် ငွေများခိုးယူခံရသဖြင့် ဇူလိုင်လ ၂၉ ရက်က ဗဟန်းရဲစခန်းတွင် အမှုဖွင့်တိုင်တန်းထားကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ သတင်းရရှိသည်။ တိုင်တန်းသူသည် အသက် ၃၉ နှစ်အရွယ် ကုန်သည် တစ်ဦးဖြစ်ပြီး မရမ်းကုန်းမြို့နယ်တွင် နေထိုင်သူဖြစ် ကြောင်း၊ ဇူလိုင် ၂၆ ရက်တွင် ဆရာစံလမ်းရှိ ဟိုတယ် တစ်ခုတွင် တည်းခိုနေထိုင်စဉ် ယင်းဟိုတယ်မှ ဧည့်ကြိုကို အမျိုးသမီးခေါ်ခိုင်းသဖြင့် အသက် ၁၈ နှစ် အရွယ် မိန်းကလေးတစ်ဦးကို ခေါ်ပေးခဲ့ကြောင်း ကာယကံရှင်က ရဲကိုထွက်ဆိုထားပါသည်။
ထိုနေ့ည မိန်းကလေးနှင့်သူအတူတူ အိပ်ခဲ့ကြပြီး နံနက်သုံးနာရီခန့်တွင် အိပ်ပျော်သွားခဲ့သည်ဟု ရဲကို ၎င်းက ဆက်လက်ထွက်ဆိုထားသည်။နံနက်မိုးလင်း အိပ်ရာနိုးချိန်တွင်သူနှင့် အတူအိပ်ခဲ့သည့် မိန်းကလေး မှာမရှိတော့ဘဲ သူပိုင်ပစ္စည်းများလည်းပျောက်ဆုံးနေခဲ့ကြောင်း ရဲဌာနတွင် တိုင်တန်းထားသည်။
ပျောက်ဆုံးနေသည့်ပစ္စည်းများမှာအိုင်ဖုန်းတစ်လုံး၊ အိုင်ဖုန်းဖိုက်တစ်လုံး၊ စိန်များတပ်ဆင်ထားသည့် ဆွစ်ဇာလန်နိုင်ငံထုတ် သိန်းခြောက်ဆယ်တန် လက်ပတ်နာရီတစ်လုံး၊ ပိုက်ဆံအိတ်အတွင်းမှ ငွေခြောက် သိန်းတို့ဖြစ်ပြီး စုစုပေါင်းတန်ဖိုး ၈၈ သိန်းရှိကြောင်း ရဲဌာနတွင် ကာယကံရှင်ကအသေးစိတ် ထွက်ဆို ထားသည်။ယခုကိစ္စနှင့် ပတ်သက်၍ ဗဟန်းရဲစခန်းက အမှုအမှတ်(ပ)၂၉၅/၁၃ဖြင့် အမှုဖွင့်ထားပြီး ပစ္စည်းများခိုးသူ အဖြစ် စွပ်စွဲခံထားရသူ အမျိုးသမီးငယ်ကို ဖမ်းဆီးရမိရေးအတွက် လိုက်လံစုံစမ်းလျက်ရှိ သည်ဟု ရဲဌာန ကထုတ်ပြန်သည်။

No comments:

Post a Comment

My Blog List