Sunday, July 15, 2012

ဒေါ်အောင်ဆန်းစုကြည်အား ပြည်သူ့ လွှတ်တော် ဥက္ကဌမှ တွေ့ဆုံ

 
D_Sဇူလိုင် (၁၃) ရက်နေ့ မွန်းလွဲပိုင်း () နာရီ ပြည်သူ့ လွှတ်တော် အစည်းအဝေး ပြီးဆုံးချိန်၌ တွေ့ဆုံခဲ့ပါသည်။ ယင်းတွေ့ဆုံပွဲ တွင် လက်ရှိ လွှတ်တော် အစည်းအဝေး၌ တင်ပြနေသော မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် စီးပွားရေးပိတ်ဆို့ အရေးယူမှု ကိစ္စနှင့် ပတ်သက်ပြီး အရေးကြီး အဆို တင်သွင်းခဲ့ခြင်းကို ဆွေးနွေးခြင်းဖြစ်ပါသည်။
အဆို တင်သွင်းသူမှာ ကွမ်ဟိန်း မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းနုဝါက တင်သွင်းခဲ့ခြင်းဖြစ်ပြီး ၄င်းအဆိုမှာ "ခတ်မီ ဖွံ့ဖြိုး တိုးတက်၍ စည်းကမ်းရှိသော ဒီမိုကရေစီ နိုင်ငံတော်အဖြစ် ဖော်ဆောင် လျက်ရှိသည့် မြန်မာ နိုင်ငံအပေါ်ချမှတ်ထားသည့် စီးပွားရေးပိတ်ဆို့မှု အဟန့်အတားများကို ဆောင်ရွက်နိုင်သူ မည်သူမဆို မည့်သည့် နည်း လမ်းကို မဆို အသုံးပြု၍ ညှိနှိုင်းဆောင်ရွက်ပေးရန်" အဆိုဖြစ်ပါသည်။

ယင်းအဆိုနှင့်ပတ်သက်ပြီး လှည်းကူး မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက ရန်ကုန်တိုင်း(မ်) ဂျာနယ်ကို အောက်ပါအတိုင်း ပြောပြခဲ့ပါသည်။

"
အန်တီနဲ့ ပြည်သူ့လွှတ်တော် ဥက္ကဌတို့ တွေ့ဆုံတဲ့ အကြောင်းအရင်းကတော့ သိပါတယ်။ ကျွန်တော်တို့ အမျိုးသားဒီမို က ရေစီ အဖွဲ့ချုပ်အနေနဲ့ ဒီလွှတ်တော်ကို ရောက်ရှိလာတာက ပူးပေါင်းဆောင်ရွက်ဖို့ပါ ၊ နိုင်ငံရေး ကစားကွက်ထဲကိုလာတာ မဟုတ်ပါဘူး ။ဒီလိုအရေးကြီး အဆိုအဖြစ်တင်သွင်းပြီးတော့ ပိတ်ဆို့မှုကိုထောက်ခံလား ၊ ကန့်ကွက်လား yes or no မေး ခွန်းမျိုးနဲ့ နိုင်ငံရေး ချောင်ပိတ်ခံ ရသလိုဖြစ်နေပါတယ်ဆိုပါသည်။

ထို့အပြင် စီးပွားရေး ပိတ်ဆို့မှုသည် ပြည်သူ့လူထုရသင့်သည့် လူ့အခွင့်အရေးများကို ချိုးဖောက်ခံရမှုကြောင့်လည်းကောင်း ၊ တိုင်းပြည်အပေါ် အာဏာရှင်စနစ် ကျင့်သုံးခဲ့ခြင်းကြောင့်၊ ပိတ်ဆို့ အရေးယူခဲ့ခြင်း ဖြစ်ကြောင်း၊ အကယ်၍ စီးပွား ရေးပိတ် ဆို့မှုကို NLD က ထောက်ခံခဲ့လျှင်လည်း အမျိုးသား သစ္စာဖောက်လိုဖြစ်သွားနိုင်ပါသည်။
အမှန်စင်စစ် ဤအခြေအနေမှ လွတ်မြောက်ရန် မိမိတို့နိုင်ငံ၏ ဂုဏ်သိက္ခာ နှင့် ပြည်သူ့လူထုအကျိုးစီးပွားအတွက် မိမိ တို့ကလည်း ပိတ်ဆို့အရေးယူမှုတွေကို ဖယ်ရှားပေးရန်  ဆန္ဒရှိပါကြောင်း၊၊ သို့သော်အစိုးရတို့ပြောဆိုနေသော ပိတ်ဆို့များ သည်ပြည်တွင်းစစ် တွေဖြစ်တယ်၊ ဒီမိုကရေစီ လမ်းကြောင်းကို အနှောင့်အယှက်ဖြစ်တယ်ဆိုတဲ့အသုံးအနှုန်းသည် စီးပွားရေး ပိတ်ဆို့မှု၏ ရည်ရွယ်ချက်နှင့်  မသက်ဆိုင်ပါကြောင်း ကိုဖြိုးမင်းသိန်းက ပြောကြားခဲ့ပါသည်။ 
Th_H0000eff
ကမ္ဘောဒီးယားနိုင်ငံ၌  တွေ့ဆုံနှုတ်ဆက်စဉ်
သမ္မတဦးသိန်းစိန်လည်း ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပနေသော အမေရိကန်နှင့် အာဆီယမ် စီးပွားရေး ပူးပေါင်းဆောင်ရွက် ရေးဖိုရမ် အစည်းအဝေး၌ ရောက်ရှိနေချိန်ဖြစ်သည့် အတွက် ဒေါ်အောင်ဆန်းစုကြည်၏ သဘောထား အရေးတကြီး လိုအပ် လာမှုကြောင့်  ပြည်သူ့လွှတ်တော် ဥက္ကဌက တွေ့ဆုံခြင်းဖြစ်သည်ဟု အကဲခတ်များကသုံးသပ်ပါသည်။

မြန်မာအစိုးရသည် ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများ နှင့်ပတ်သက်၍ လျှင်မြန်စွာ ဆောင်ရွက်ခြင်းဖြစ်လာရန်  အမေရိကန် နိုင်ငံက စီးပွားရေးပိတ်ဆို့မှုကို တဖြည်းဖြည်း ရုတ်သိမ်းပေးခဲ့ပါသည်။ အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး ကိုယ်တိုင်တက် ရောက်နေသော အစည်းအဝေးဖြစ်သောကြောင့် ဒေါ်အောင်စုကြည်၏ သဘောထား အရေကြီးခြင်းဖြစ်ပါသည်။ 

ရွှေဟင်္သာ

No comments:

Post a Comment

My Blog List