ဤစီမံကိန်းကို ထိုင်းနိုင်ငံက အမေရိကန်ဒေါ်လာ ၃.၅ ဘီလီယံ အကုန်ကျခံပြီး လျှပ်စစ်ဓာတ်အား ၁,၂၆၀ မက်ဂါဝပ် ထုတ် လုပ်မည်ဖြစ်သည်။
“လာအိုအစိုးရက ဒီစီမံကိန်းကြီးကို ရပ်ဆိုင်းလိုက်တာပါ။ ဒီစီမံကိန်းကို ကျနော်တို့ အများကြီး လေ့လာမှုတွေ လုပ်ရပါ ဦး မယ်” ဟုလာအို နိုင်ငံခြား ရေးဝန်ကြီး Thongloun က ကမ္ဘောဒီးယားနိုင်ငံ ဒေသတွင်း ဆိုင်ရာ အစည်းအဝေး တခုတွင် သတင်းထောက် များကို ပြောဆိုလိုက်ခြင်း ဖြစ်သည်။
ဤကဲ့သို့ ရပ်ဆိုင်းလိုက်ခြင်းအပေါ် ဗီယက်နမ်နိုင်ငံက အထူးထောက်ခံခဲ့ကြသည်။ ဗီယက်နမ်၏လူထုများစွာတို့သည် မဲ ခေါင်မြစ်ကို အမှီပြုနေကြရပါသည်။ စီမံကိန်း ရပ်ဆိုင်းရေးအတွက် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလကတည်းက ရေကာတာ တည် ဆောက်မှုကို ရပ်ဆိုင်းပါမည်ဟု လာအိုအစိုးရဘက်က စတင် သုံးသပ်လာခဲ့ ခြင်းဖြစ်သည်။
ထို့အပြင် ရေကာတာနှင့် ပတ်သက်သော Environment Impact Assessment ကိုလုပ်ဆောင်ရန် ဂျပန်ပညာရှင် များအဖွဲ့ မှ ဦးဆောင် လေ့လာကြမည်ဖြစ်သည်။
မဲခေါင် မြစ်သည် ၄၉၀၀ ကီလိုမီတာ ရှည်လျားပြီး၊ တရုတ်၊ မြန်မာ၊ ထိုင်း၊ လားအို၊ ကမ္ဘောဒီယားနှင့် ဗီယက်နမ်နိုင်ငံတို့ကို ဖြတ်သန်းစီးဆင်းပါသည်။ ဤမဲခေါင် ရေကာတာသည် မဲခေါင်မြစ်ပေါ်တွင် ပထမဆုံး တည်ဆောက်ခဲ့သော ရေကာတာ ဖြစ်ပြီး ထိုင်းနိုင်ငံမှ ရင်းနှီး မြှုပ်နှံပြီး၊ ထွက်ရှိမည့် လျှပ်စစ်ဓာတ်အား၏ ၉၅% ကို ထိုင်းနိုင်ငံက အသုံးပြုမည် ဖြစ်ပါသည်။ ဤစီမံကိန်းထဲ၌ လာအိုနိုင်ငံအတွင်းဖြတ်သန်း စီးဆင်းသော မဲခေါင် မြစ်ပေါ်တွင် ရေကာတာ ၉ ခုတည်ဆောက်ရန် စီစဉ်ထားခြင်းဖြစ်သည်။
ရွှေဟင်္သာ