Wednesday, July 18, 2012

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်အောင်ဆန်းစုကြည်သည်ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းနှင့်တွေ့ဆုံ




အခု မနက် ၁၁း၁၅ နာရီက ဒေါ်အောင်ဆန်းစုကြည် ဟာ
ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းနဲ့ ပြည်သူ.လွှတ်တော်ရှိ ဥက္ကဌ နားနေခန်း အမှတ် (၁) မှာ တွေ.ဆုံနေပါတယ်။

ဒီတွေ့ဆုံပွဲ ပြီးရင်ပြီးနောက်မနက်ဖြန်ကျင်းပမည့် အာဇာနည်နေ့အခမ်းအနားတက်ရောက်ရန် ယနေ့ ၁၁း၄၅ နာရီအချိန်တွင်
နေပြည်တော်မှ ရန်ကုန်မြို့သို့ ထွက်ခွာလာပြီဖြစ်ကြောင်း သိရပါတယ်။
မနက်ဖန် ဇူလိုင် (၁၉) ရက် အာဇာနည်နေ့မှာ အာဇာနည်မိသားစုဝင် အနေနဲ့ အခမ်းအနား တက်ရောက်ဖို့ရှိနေပါတယ်။ အခုနှစ် အာဇာနည်အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် (၅) ဦးကိုလည်း တရားဝင် ဖိတ်ကြားထားပါတယ်။

(၆၅)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း တက်ရောက်မယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန ၀ပ်ဆိုဒ်ကတဆင့် သိရပါတယ်။

No comments:

Post a Comment

My Blog List