Thursday, July 19, 2012

ဒုတိယ သမ္မတနေရာကို ဗိုလ်ချုပ်ကြီး လှဌေးဝင်း ဆက်ခံဖွယ်ရှိ


ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေ၏ သားဖြစ်သူက အခြားတိုင်းပြည်၌ နိုင်ငံသားအဖြစ်ခံယူထားသောကြောင့် လျာထားခံရသည့် ဒုတိယ သမ္မတရာထူးမှကင်းဝေးသွားဖွယ်ရှိပြီး အဆိုပါလစ်လပ်ရာထူးနေရာအား တပ်မတော် ကြည်း ရေ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဒုဗိုလ်ချုပ်ကြီးလှဌေးဝင်း အစားထိုး နေရာရယူသွားဖွယ်ရှိကြောင်း နေပြည်တော်အသိုင်းအဝိုင်းကပြောပါသည်။



တပ်မတော် ကြည်း ရေ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဒုဗိုလ်ချုပ်ကြီးလှဌေးဝင်း အား Army Chief Gen VK Singh နှင့်အတူတွေ့ရစဉ် (Photo: Sainik Samachar)
စစ်ဆေးတွေ့ရှိချက်အရ ဦးမြင့်ဆွေရဲ့သား တဦးက ဩစတြေးလျ နိုင်ငံသားအဖြစ်ခံယူထားတယ်။ ဒါကြောင့် လစ်လပ်ထားတဲ့ သီဟသူရ ဦးတင်အောင်မြင့်ဦးရဲ့နေရာ ရဖို့သူမဖြစ်နိုင်တော့ဘူး၊ အခု အဲဒီနေရာ ကို ဒု ဗိုလ်ချုပ်ကြီး လှဌေးဝင်းကို တင်ဖို့လုပ်နေတယ်၊ သူဘဲလို့တောင်ပြောနေကြတယ် - ဟု နေပြည်တော် ထိပ်သီးများနှင့် နီးစပ်သူ တဦးက သျှမ်းသံတော်ဆင့်သို့ပြောကြားပါသည်။

ဒုတိယ သမ္မတ ၁ သီဟသူရ ဦးတင်အောင်မြင့်ဦး ရာထူးမှ အနားယူသွားသောကြောင့် ယခုလ ဆန်းပိုင်းက ပြန်စသည့် လွှတ်တော် အစည်းအဝေး၌ ၎င်းနေရာအစားထိုးရန် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ အား လျာထားခြင်းဖြစ်၏။ သို့သော် ၂၀၀၈ ဖွဲ့စည်းပုံ ပုဒ်မ ၅၉ (စ) ၌ ဦးမြင့်ဆွေ က ညှိစွန်းနေသောကြောင့် လစ်လပ် ဒုတိယ သမ္မတရာထူး ဆက်ခံဖို့မဖြစ်နိုင်တော့ကြောင်း ပြောပါသည်။

ဒု ဗိုလ်ချုပ်ကြီး လှဌေးဝင်း ဒု သမ္မတရာထူးရရင် ကောင်းတယ်လို့ပြောနေကြတယ်။ ဘာလို့လဲဆိုတော့ သူက စစ်တပ်နဲ့ သမ္မတကြား နေဖို့ ပိုသင့်လျော်တယ်လို့ပြောကြတယ်လေ။ ဦးမြင့်ဆွေ ကတော့ တပ်မတော်သား ကိုယ်စားလှယ် ခေါင်းဆောင်အတွင်းမှာတောင် သဘောထား အရမ်းတင်းမာတဲ့ပုဂ္ဂိုလ်လို့ ပြောနေကြတာ”  - ဟု အဆိုပါပုဂ္ဂိုလ်က သျှမ်းသံတော်ဆင့်သို့ ဆက်လျက်ပြောပြပါသည်။

၂၀၀၈ ဖွဲ့စည်းပုံ ပုဒ်မ ၅၉ (စ) ၌ မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏မိဘတစ်ပါးပါးသော်လည်းကောင်း၊ မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ မိမိ၏တရားဝင်သားသမီးတစ်ဦးဦးသော်လည်းကောင်း၊ ထိုတရားဝင်သားသမီးတဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း နိုင်ငံခြားအစိုးရ၏ ကျေးဇူး သစ္စာတော်ကို ခံယူစောင့်ရှောက်ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ၊ ထိုသူများသည် နိုင်ငံခြားအစိုးရ၏လက်အောက်ခံဖြစ်သူ သော်လည်းကောင်း တိုင်းတစ်ပါး၏ နိုင်ငံသားသော်လည်းကောင်း ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူး ခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများမဖြစ်စေရ ဟု ရေးသားထားပါသည်။

No comments:

Post a Comment

My Blog List