Wednesday, July 18, 2012

ရခိုင်ပြည်နယ်ဒုက္ခသည်အတွက် တောင်ကိုရီးယားနိုင်ငံက ရွက်ဖျင်တဲ ပေးပို့မည်

လူတွေသေကြေ ပျက်စီးရတဲ့ ရခိုင်ပြည်နယ် အရေးအခင်းကြောင့် နေရပ်က ထွက်ပြေးရတဲ့ ဒုက္ခသည်တွေအတွက် တောင်ကိုရီးယားနိုင်ငံက ရွက်ဖျင်တဲတွေ ပေးပို့မယ်လို့ နိုင်ငံခြားရေး
ဝန်ကြီးဌာနက မနေ့က ပြောကြားလိုက်ပါတယ်။UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက မေတ္တာရပ်ခံတဲ့အတွက် ဒုက္ခသည် ၃၀၀၀ လောက် ယာယီနေထိုင်ဖို့ အမေရိကန်ဒေါ်လာ ၂ သိန်းဖိုးရှိတဲ့ ရွက်ထည်တဲ အလုံး ၇၀၀ ကို ဒီသီတင်းပတ်ထဲ ပေးပို့မှာဖြစ်ပြီး လိုအပ်ရင် ထပ်ပို့ဖို့ စဉ်းစားမယ်ဆိုပါတယ်။
ရခိုင်ပြည်နယ် အရေးအခင်းမှာ လူ ၅ သောင်းကျော် မိမိတို့ နေရပ်ကနေ အိုးအိမ်စွန့်ပြီး တခြားကို ရွှေ့ပြောင်းခဲ့ရပါတယ်။

No comments:

Post a Comment

My Blog List